ကိုယ့်ကိုကိုယ်အကြည်ဓာတ်ရဖို့အတွက်

ကိုယ့်ကိုကိုယ်အကြည်ဓာတ်ရဖို့အတွက်



Pile 1
ကိုယ့်ကိုကိုယ်အကြည်ဓာတ်ရဖို့အတွက်ကိုယ့်ကိုကိုယ်ပြန်ရှာဖို့အများကြီးလိုအပ်တယ် ကိုယ့်ကိုကိုယ်ပြန်ရှာဖွေဖို့ ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ ကိုယ့်ကိုကိုယ်ပိုပီးလှအောင်ထားဖို့ ကိုယ့်ကိုကိုယ်ပိုပီးတန်ဖိုးရှိအောင်နေဖို့ ကိုယ်ကြိုက်တဲ့အစားအသောက်လေးတွေကိုယ့်ဘာကိုယ်စားဖို့ ကိုယ့်အတွက်အဆင်ပြေတဲ့အဝတ်လေးတွေဝတ်ဖို့ ကိုယ့်အတွက်သင့်တော်တဲ့အလုပ်တွေကိုလုပ်ပီးတော့ပျော်ပျော်နေတတ်ဖို့ရာအများကြီးလိုအပ်တယ် သူများတွေမကောင်းကြောင်းပြောရင်လိုက်မပြောနဲ့ သူများကသူများဘာဖြစ်နေပါစေကိုယ့်ဟာကိုယ်ဆိုပီးသတ်မှတ်ထား ကိုယ့်ရဲ့နှုတ်ကနေပီးတော့ ဒီလူကမကောင်းဖူးဆိုတဲ့စကားကိုလည်းမထွက်နဲ့ သူများလာပြောရင်လည်း ဘယ်ဘက်နားကဝင်ပီးတော့ညာဘက်နားကထွက်လိုက်ပါကိုယ်အေးအေးချမ်းချမ်းလေးနေခြင်းကနေပီးတော့ကိုယ့်ရဲ့နှုတ်ကထွက်လိုက်တဲ့

စကားတစ်ခွန်းဟာတစ်ဖက်လူအပေါ်မှာအဆင်ပြေသွားတယ်ကောင်းတယ်တစ်ဖက်လူအတွက် ပျော်ရွှင်ရတဲ့စကားလေးတစ်ခွန်း postive လေးတစ်ခုပေးနိုင်ရင်တောင်မှ ကိုယ်ကဒီရဲ့ပေးနိုင်တဲ့ဟာလေးတွေနဲ့အတူအကြည်ဓာတ်ကိုရရှိပီးတော့မှ ကိုယ့်စိတ်ကလေးဟာအေးချမ်းပီးတော့ကောင်းမွန်တဲ့အရာတွေကိုရရှိမှာပါ ဒါကြောင့်မလို့ဘာတွေကိုပေးဆပ်ရမလဲဆိုရင်တော့မကောင်းတဲ့လူတွေ မကောင်းတဲ့အရာတွေကို ဥပေက္ခာပြုပီးတော့မှ ကိုယ့်အတွက်ကိုကောင်းအောင်ကိုယ့်ကိုကိုယ်ပိုချစ်တတ်ဖို့ လူတွေအပေါ်အကောင်းမြင်တတ်တဲ့စိတ်ကလေးထားတတ်အောင်နေရင်အကြည်ဓာတ်တွေတဖြေးဖြေးရရှိလာမှာပါ


Pile 2
ပေးဆပ်ခဲ့ရပီးပီအရာအားလုံးကိုလည်းကျေးဇူးတင်တယ် သင်ခန်းစာတွေလည်းအများကြီးရခဲ့ပီးပီ
ဒီသင်ခန်းစာတွေအပေါ်မှာလည်း ကိုယ့်ကိုကိုယ်ဘယ်လိုနေရမလဲ ငါဘယ်လိုလေးနေရင် အကြည်ဓာတ်ရအောင်နေမလဲဆိုတဲ့အရာတွေအပေါ်ကိုလည်းသိတတ်နေခဲ့ပီ ကိုယ်လိုချင်နေတဲ့အရာတွေကို ရအောင်လုပ်မယ် ကိုယ်ကြိုးစားရမယ့်အရာတွေကိုရအောင်ပိုပီးကြိုးစားမယ် ကိုယ့်ကိုကိုယ်အကြည်ဓာတ်ရဖို့အတွက်စိတ်ကလေးကိုအတတ်နိုင်ဆုံး အဖြူစင်ဆုံးထားပီးတဲ့အခါကျတော့မှ သူများကိုမကောင်းမမြင်ပဲနဲ့ကိုယ့်အတွက်ကိုယ်ကောင်းတဲ့အရာတွေကိုလုပ်ရင်းနဲ့ သူများတွေအတွက်လိုတဲ့အရာလေးတွေပါဖြည့်ဆည်းပေးနိုင်ရင်ပိုပီးကောင်းမွန်တဲ့လူတစ်ယောက်အဖြစ်နေနိုင်အောင်ကြိုးစားမယ်ဆိုရင်တော့အကြည်ဓာတ်ကလေးကသင့်ရဲ့အနီးနားမှာပဲ
ရှိနေပါပီ