ကံကြမ္မာနိမိတ်ပုံဖြစ်ပါတယ် နှစ်သက်ရာကို ရွေးချယ်ပါ

ကံကြမ္မာနိမိတ်ပုံဖြစ်ပါတယ် နှစ်သက်ရာကို ရွေးချယ်ပါ




1...
မင်းရဲ့ guardians တွေက မင်းတို့ကိုသတိပေးချင်တာကတော့ မင်းတို့ရဲ့ ဘဝမှာ အဆုံးမရှိတဲ့ အခွင့်အရေးတွေ အလားအလာ အများကြီးရှိတယ်ဆိုတာပါပဲ။ ကြိုးစားရင် မင်းတို့အတွက် ဘာမဆိုဖြစ်နိုင်သလို အခွင့်အလမ်းတွေကလည်း အဆုံးမဲ့ရှိနေပါတယ်။ မင်းတို့ကိုယ်တိုင်ကပဲ မင်းတို့အတွက် တကယ် အကျိုးရှိစေမယ့် အလားအလာနဲ့ အခွင့်အလမ်း တွေကို သေချာရွေးချယ်ဖို့ပဲ လိုတာပါ။ ဘယ်အချိန်မှာမဆို မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။ မင်းမှာရှိနေတဲ့ abilityတွေကို လူတိုင်းကို ချပြနိုင်တဲ့ သတ္တိကိုမွေးရမယ်။ confidence အပြည့်နဲ့ဘ၀ကိုလျှောက်လှမ်းရမယ်။ မင်းတို့ရွေးချယ်ထားတဲ့အရာတွေအပေါ်မှာ သေချာပေါက်ယုံကြည်ပြီး ‌ရှေ့ဆက်သွားရပါမယ်။ရွေးချယ်ထားတဲ့အရာတွေအပေါ်မှာ ငါဖြစ်မှဖြစ်ပါ့မလား၊ ဒီဟာကငါနဲ့အဆင်မှပြေပါ့မလားဆိုပြီးသံသယတွေထားတာမျိုးမလုပ်ပါနဲ့။

မင်းရွေးချယ်ထားတဲ့အရာတွေဟာ မင်းကိုသေချာ‌ ပေါက်အောင်မြင်မှု‌တွေကိုပဲ ပေးမှာပါ။ ကြိုးစားခဲ့တဲ့အရာတွေအပေါ်မှာ ဂုဏ်ယူဖို့လည်းမ‌ မေ့ပါနဲ့။ ကျရှုံးခဲ့တယ်ဆိုရင်တောင် ၀မ်းနည်းနေမယ့်အစား ငါဒီလောက်ထိကြိုးစားခဲ့လို့ တော်ရာရောက်တယ်လို့မြင်ရပါမယ်။တစ်ခုခုကိုဆုံးဖြတ်ချက်ချတိုင်းမှာလည်း မင်းရဲ့နှလုံးသားထဲကအတိုင်းဆုံးဖြတ်ဖို့လိုပါတယ်။ အဓိကပြောချင်တာက လမ်းမှန်ပေါ်ကနေပဲ မင်းရဲ့ပန်းတိုင်ဆီကိုသွားဖို့ပါပဲ။ စိတ်ကိုအတတ်နိုင်ဆုံး အတည်ငြိမ်ဆုံးထားပါ။ အောင်မြင်မှုရဖို့ကိုစွဲလမ်းနေတဲ့အချိန်မှာ အမှားအယွင်းဖြစ်နိုင်တဲ့အတွက် တချို့ကိစ္စတွေကိုဦးနှောက်နဲ့ဆုံးဖြတ်ရမယ့်အစား စိတ်ခံစားချက်အတိုင်း ဆုံးဖြတ်ရမယ်။စိတ်ခံစားချက်ကိုဦးစားပေးပေးပါ။မင်းဘေးနားက မိသားစု၀င်တွေ၊ချစ်ရသူတွေရဲ့အကြံပေးချက်တွေကို လျစ်လျုရှူထားမယ့်အစား သူတို့နဲ့ဆွေးနွေးရင်း ရလာမယ့် အကြံဉာဏ်တွေနဲ့သာ ရှေ့ဆက်ဖို့ကို အကြံပေးချင်ပါတယ်။

2...
မင်းတို့က တစ်ယောက်တည်းနဲ့ကြီးမားတဲ့ခြေလှမ်းတစ်ခုကို စတင် ဖို့ကို မဝံ့မရဲဖြစ်‌ တတ်ကြတယ်။မင်းတို့အတွက် ကိုယ်ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ သေးငယ်တဲ့အရာလေးတွေကို ဖန်တီးစေချင်ပါတယ်။ မင်းနဲ့ထိုက်တန်တဲ့အရာတွေကို မင်းပိုင်ဆိုင်ထားတာပါ။ မင်းရဲ့အရည်အချင်းကို ဘယ်တော့မှ သံသယမ၀င်ပါနဲ့။အောင်မြင်မှုတွေလည်းရနိုင်သလို တခါတရံမှာ ရှုံးနိမ့်မှုတွေနဲ့လည်းကြုံရနိုင်ပါတယ်။ ရှုံးနိမ့်မှုတွေနဲ့ကြုံရတဲ့အခါမှာ စိတ်ဓာတ်ကျအားငယ်ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ငါဆက်မလုပ်တော့ဘူးဆိုပြီးအရှုံးပေးဖို့မလိုပါဘူး။ နေ့ရက်တိုင်းကို တွေဝေမှုတွေ၊ တုံ့ဆိုင်းမှုတွေမရှိဘဲနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းဖို့ ကြိုးစားရမယ်။အခက်အခဲတွေကို တိုင်ပင်ဖြေရှင်းသင့်ရင်ဖြေရှင်းရပါမယ်။ အမြဲတမ်းတစ်‌ ယောက်တည်း ‌ဖြေရှင်းနေတဲ့အခါမှာ အချိန်နှောင့်နှေးတာတွေဖြစ်တတ်ပါတယ်။ 

ဒါကြောင့်တစ်ယောက်တည်းဖြေရှင်းနေတာထက် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တိုင်ပင်ကြည့်ရမယ်။ ရှုံးနိမ့်မှု‌တွေဟာလည်း မင်းတို့လေးတွေကြိုးစားလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ မှတ်တိုင်တစ်ခုကိုထူထောင်နိုင်ခဲ့တဲ့ အမှတ်အသားတစ်ခုပဲဖြစ်ပါတယ်။ အခက်အခဲတွေကြောင့်စိတ်အားငယ်နေတဲ့အခြေအနေတွေမှာ ငါဒါကိုသည်းခံနိုင်ရမယ် ၊ ငါတစ်နေ့တော့ အောင်မြင်အောင်စွမ်းဆောင်နိုင်မှာပါဆိုတဲ့ စိတ်တွေနဲ့ ကိုယ့်ကိုယ်ကိုနှစ်သိမ့်ရင်း တစစ် ယောက်တည်းခံစားနေမယ့်အစား မင်းတို့လေးတွေကြိုးစားရင်းနဲ့ရလာတဲ့ ရှုံးနိမ့်မှုတွေကို မင်းတို့အနားမှာ အမြဲတမ်းရှိနေပေးတဲ့ သူတွေဆီမှာ မင်းတို့ရဲ့စိတ်ကိုဖွင့်ထုတ်လိုက်ပြီး ရဲရဲကြီးမျှ‌ဝေခံစားလက်ခံလိုက်ပါ။မင်းတို့‌လေးတွေရဲ့ဆုံးရှုံးမှုတွေကို တစ်ဖက်လူကကြားသိမှာသာ သူတို့ဟာကြားခံဆက်သွယ်ပေးနိုင်ပြီးတော့ မင်းတို့လေးတွေကို စိတ်သက်သာရာရအောင်ကူညီပေးနိုင်မှာပါ။