ဘယ်အချိန်မှာ သင်ဟာ အလှဆုံးလဲ

ဘယ်အချိန်မှာ သင်ဟာ အလှဆုံးလဲ




Pile 1ဒေါသထွက်နေတဲ့အချိန်မျိုးမှာဆိုရင် ဒေါသထွက်နေရင်းတောင်မှလှတဲ့လူမျိုးပေါ့နော် တည်တည်ငြိမ်ငြိမ်နေရင်ပိုပီးတော့မှလှတယ် အနေအေးတဲ့ပုံစံတည်ငြိမ်တဲ့ပုံစံကတစ်ဖက်သားကိုအရမ်းဆွဲဆောင်တယ်ပေါ့နော် အလုပ်တွေလုပ်နေတဲ့အချိန်မျိုးမှာလူကြီးလူကောင်းဆန်ပီးတော့မှဆုံးဖြတ်ချက်တစ်ခုကိုမှန်မှန်ချနေတဲ့အချိန်မျိုးမှာပီးတော့တည်တည်ငြိမ်ငြိမ်နဲ့စကားပြောတဲ့အချိန်မျိုးမှာ ရှေ့ကနေတစ်ခုခု
ဦးဆောင်နေတဲ့အချိန်မျိုးမှာဘေးလူတွေအနေနဲ့ကြည့်တဲ့အခါမျိုးမှာ ဟာ သူကအရမ်းဆွဲဆောင်မှုရှိတာပဲ
သူ့ပုံစံကအရမ်းတည်ငြိမ်တာပဲ သူ့ရဲ့အကြည့်လေးကအစအရမ်းဆွဲဆောင်မှုရှိတာပဲဆိုပီးတော့
တစ်ခါတစ်လေကျရင်ကိုယ့်ရဲ့မျက်လုံး
တစ်ခါတစ်လေကျရင်ကိုယ့်ရဲ့ဆံပင်ပုံစံသေသပ်ပုံတွေကိုကြည့်ပီးတော့မှဒီအရာတွေဟာကိုယ့်ကိုလှလိုက်တာဆိုပီးတော့စိတ်ထဲမှာလူတွေကတွေးထင်တတ်ကြပါတယ်


Pile 2
သူများတွေနဲ့မတူပဲထူးခြားတာကတော့
တစ်ခါတစ်လေကျလို့ရှိရင်ကိုယ်ဝမ်းနည်းလို့ငိုနေတဲ့အချိန်ဝမ်းနည်းတဲ့မျက်နှာ ရန်ဖြစ်တာတို့စိတ်ဆိုးတာတို့ဆိုရင်ဖြစ်သွားတဲ့မျက်နှာလေးကချစ်ဖို့ကောင်းနေတတ်တယ်ပေါ့နော် သူများတွေရဲ့အမြင်မှာကိုယ့်ရဲ့ဆံပင်ရှည်လေးကလည်းချစ်ဖို့ကောင်းနေတတ်တယ်
ဆံပင်လေးတွေကိုကြည့်ပီးတော့လည်းလူတွေကချစ်တတ်ကြတယ် တစ်ခါတစ်လေကျရင်ကိုယ့်ရဲ့စိတ်ရှုပ်နေတဲ့ပုံစံလေးကိုကြည့်ပီးတော့လည်း ဟယ် သူအဲ့လိုလေးဖြစ်နေတာကလည်းချစ်စရာလေးပါလား သူ့ရဲ့ကပိုကရိုဖြစ်နေတဲ့ပုံစံလေးကအစချစ်စရာလေးပါလားဆိုပီးတော့မှလူတွေကထင်ကြတယ်ပေါ့နော်
အိမ်နေရင်းဝတ်စုံနဲ့အပြင်ထွက်ရင်တောင်မှ ဟာ သူကချစ်စရာကောင်းလိုက်တာ သူ့မှာပင်ကိုယ်အလှရှိပီးသားပဲ သူကပင်ကိုယ်လှတဲ့လူတစ်ယောက်ပဲဆိုပီးတော့မှကိုယ့်ရဲ့အိမ်မှာနေရင်းပုံစံတောင်မှပင်ကိုယ်လှပနေတတ်ပါတယ်