၃ ၊ ၂၀၂၄ (တနင်္ဂနွေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်ပြည်တွင်းရွှေဈေးနှုန်းများ

၃ ၊ ၂၀၂၄ (တနင်္ဂနွေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်ပြည်တွင်းရွှေဈေးနှုန်းများ


မတ်လ ၃ ၊ ၂၀၂၄ (တနင်္ဂနွေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3580 – 3620
ဥရောပယူရို 3810 – 3920

ဗြိတိသျှစတာလင်ပေါင် 4450 – 4580
သြစတြေးလျဒေါ်လာ 2300 – 2350

ဂျပန်ယန်း 23.50 – 24.15
တောင်ကိုရီးယားဝမ် 2.65 – 2.75
အိန္ဒိယရူပီး 42.50 – 43.70
စင်ကာပူဒေါ်လာ 2620 – 2670

မလေးရှားရင်းဂစ် 740 – 765
တရုတ်ယွမ် 490 – 500
ထိုင်းဘတ် 99.20 – 100.90

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3940,000 – 3950,000 ကျပ်ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3700,000 ခန့် ရှိနေသည်။ (ဈေးပိတ်ရက် ဖြစ်သောကြောင့် ခန့်မှန်းဈေးကိုသာ ဖော်ပြခြင်း ဖြစ်သည်)

ယမန်နေ့က (စနေနေ့) က ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3940,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် 3955,000 မှ 3965,000 သို့ မြင့်တက်ကာ ရွှေဈေး သိသာစွာ ခုန်တက်ခဲ့သည်

ယနေ့သည် တနင်္ဂနွေနေ့ အများပြည်သူအားလပ်ရက် ဖြစ်သောကြောင့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ သောကြာနေ့ ကမ္ဘာ့ရွှေအပိတ်ဈေးမှာ တစ်အောင်စလျှင် 2082 ဒေါ်လာ ဖြစ်ပြီး နှစ်လအတွင်း ကမ္ဘာ့ရွှေဈေး အမြင့်ဆုံး ဖြစ်ခဲ့သည်။