တစ်စုံတစ်ယောက်က အောက်လမ်းအစီရင်၊အတိုက်ခိုက်နဲ့လုပ်ထားတာမျိုးရှိလား.

တစ်စုံတစ်ယောက်က အောက်လမ်းအစီရင်၊အတိုက်ခိုက်နဲ့လုပ်ထားတာမျိုးရှိလား.



1.. ကိုယ်ကဘုရားနဲ့တရားနဲ့ အေးအေးချမ်းချမ်း ၊တစ်သီးတစ်သန့်နေတတ်တဲ့သူမို့ ကိုယ့်ကိုယ်အ့လိုအစီအရင်တွေနဲ့လုပ်မယ့်သူကမရှိသလောက်ဘဲ ပီးတော့ကိုယ့်မှာအစောင့်ရှောက်ကောင်းရှိတယ် Zabuuတွေ့ရသလောက်တော့Kaliမယ်တော်ရဲ့စောင့်ရှောက်မှုလဲပါနေတယ် လုပ်နေတဲ့သူရှိရင်တောင် ငါလုပ်နေတာသူဘာလို့မထိရသလဲဆိုပီးပြန်တွေးရလောက်အောင် အစောင့်ရှောက်တေက ကောင်းနေတာမျိုးတွေ့ရတယ်.


2..သင့်ရဲ့နှလုံးသားရေး၊အိမ်ထောင်ရေး၊အချစ်ရေးပိုင်းနဲ့ပက်သက်ပီးတော့တော့ အတိုက်အခံရှိနေတာတွေ့ရတယ် အချစ်ရေးအဆင်မပြေတာ၊အိမ်ထောင်ရေးအဆင်မပြေတာမျိုးတေရှိနေတတ်တယ် ပြောရမယ်ဆိုရင်တော့ သင့်ကိုအ့လိုဖစ်အောင် အစီအရင်အတိုက်အခိုက်နဲ့လုပ်နေတဲ့သူတစ်ယောက်တော့ရှိကောင်းရှိလိမ့်မယ် သူကအဓိက သင့်ရဲ့နှလုံးသားရေးကိုအဆင်မပြေဖစ်အောင်လုပ်နေတဲ့သူမျိုးဖစ်မယ် သင့်ကိုအခက်အခဲတေနဲ့အဆိုးဆုံးကာလကိုဖြတ်သန်းရအောင်လုပ်နေတတ်တာမျိုးတွေ့ရတယ် သူကအမျိုးသားတစ်ဦးဖစ်တတ်တယ်..ယတြာအနေနဲ့ မေတ်တာသုတ်ရွတ်ပေးတာ အိမ်စောင့်နတ်ခြံစောင့်နတ်တွေကိုမေတ်တာပို့ပေးတာ ညနေစောင်းရင်ပဌာန်းတရားဖွင့်ပေးတာမျိုးလုပ်သင့်တယ်


3..စွမ်းအားအမြင့်ပိုင်းထဲရှိတဲ့ စုန်းအတတ်၊မှော်အတတ်၊အစီရင်ပိုင်းမှာကျွမ်းကျင်မှုရှိတဲ့သူတစ်ယောက်က သင့်ကိုအစီရင်အတိုက်အခိုက်တစ်ခုခုလုပ်နေတာမျိုးတွေ့ရတယ် အ့တာကိုသင်ကလဲသိနေတယ် အခုရက်ပိုင်းအိမ်မက်တေထဲ ထူးဆန်းတဲ့သူတစ်ယောက်ယောက် ၊ထူးထူးဆန်းဆန်းအိမ်မက်တွေကသတိလာလာပေးတတ်တယ် သင်ကိုယ်တိုင်ကလဲ အကြားအမြင်စွမ်းရည်မျိုးပိုင်ဆိုင်ထားတာမျိုးတွေ့ရတယ် သူကအမြဲ သင့်ကိုစောင့်ကြည့်နေတာမျိုးတွေ့ရတယ် လုပ်နေတဲ့သူက သင့်ကိုအရမ်းထိခိုက်စေချင်တာမျိုးတော့မရှိပေမဲ့တချို့တဝက်ကတော့ မလိုတဲ့စိတ်လေးတေပါနေတယ်..ယတြာအနေနဲ့ တရားထိုင်တာ၊ စိတ်ငြိမ်ငြိမ်ထားတာ၊ပုတီးစိပ်တာမျိုးလေးတေလုပ်ပီး ကိုယ့်ကိုယ်ကိုသေချာလေးအကာကွယ်တစ်ခုယူထားသင့်တယ်