ကောင်းကင်ဘုံရဲ့သင့်အတွက်စာ

ကောင်းကင်ဘုံရဲ့သင့်အတွက်စာ

 



1...အသင်လူသား သင်ဟာလူတေကိုအလင်းပြပေးဖို့မွေးဖွားလာသူမို့ သင်ဟာမြင့်မြတ်တဲ့လူတစ်ယောက်ဖစ်ပါတယ် သင့်အတွက်အခုချိန်မှာအနည်းငယ်ခက်ခဲတယ်အဆင်မပြေပုဆိုရင်တောင် အားမလျော့ပါနဲ့ ရှေ့ကိုသာဆက်သွားပါ ဆက်သွားနေဖို့သာလိုပါတယ် ရှေ့အနာဂါတ်ဟာသင့်အတွက်ပိုပီးလှပတဲ့အရာတွေကိုမြင်ရဖို့စောင့်ကြိုနေတာမို့ မကြောက်ပါနဲ့ရှေ့ကိုသာဆက်သွားပါ...
လိုအပ်ရင် အသင့်ဘေးကလူတေကိုအကူအညီတောင်းပါ အသင့်ကိုကူညီပံ့ပိုးပေးချင်ကြတဲ့သူတွေရှိကြပါတယ် အသင့်တွက်အသင်တစ်ယောက်ထဲမဟုတ်ဘဲအသင့်ကိုချစ်ခင်ကြတဲ့သူတွေရှိကြပါတယ် ဒါကြောင့်အသင့်ဘဝလေးပိုပီးတောက်ပလှပလာစေဖို့ ရှေ့ကိုတက်လှမ်းလိုက်ပါ...


2...အသင်လူသားသင့်ရဲ့ဘဝဟာ ကြွယ်ဝချမ်းသာစွာနေထိုင်နိုင်စေဖို့ ကျွန်ုပ်တို့အလိုရှိကြတယ် အသင့်ဘဝထဲကို ကြွယ်ဝချမ်းသာမှုတေကို ယူဆောင်လာပေးမှာပါ အသင်ဟာပိုပီးကောင်းမွန်တဲ့အရာတွေနဲ့ထိုက်တန်တယ်ဆိုတာကိုသိထားပါ အချစ်ရေး၊ငွေကြေး၊လူမှုဆကိဆံရေးအစရှိသဖြင့် အသင့်တွက်အရာရာဟာ ထိုက်တန်မှုတေရှိနေကြတယ် အ့တော့အသင့်အနေနဲ့ အသင့်ကိုအသင်ချစ်တတ်ဖို့လိုတယ် သင့်ကိုယ်သင်လက်ခံပီး ကျေးဇူးတင်လိုက်ပါ သင့်မှာလက်ရှိရှိနေတဲ့အရာတွေအပေါ်တန်ဖိုးထားလိုက်ပါ ကျေးဇူးတင်လိုက်ပါ သင့်ဘက်က အကောင်းမြင်စိတ်များလေလေ ပိုကောင်းတဲ့အခွင့်လမ်းများများများရလေလေဖစ်မယ် မကြာခင်အချိန်တွင်းမှာဘဲ သင်လုပ်ခဲ့တဲ့ကောင်းမွန်တဲ့အရာတွေအတွက်ထိုက်တန််သောအကျိုးအမြတ်ကိုပြန်ပီးရရှိလာပါလိမ့်မယ် အကျွန်ုပ်တို့ကိုယ်တိုင်ကလဲအသင်ပျော်ရွှင်နေတာကိုဘဲ မြင်ချင်ပါတယ်....
အ့တော့အခြားသူတေကိုအကောင်းမြင်စိတ်မွေးပါ အသင့်ဘက်ကအေးချမ်းမှုတေပေးလေလေ တခြားသူတေကအသင့်ပေါ်လေးစားကောင်းမွန်လာလေလေဖစ်လာပါလိမ့်မယ်...