ကိုယ်လက်ထပ်ရမည့်သူက ဘယ်လိုလူလဲ?

ကိုယ်လက်ထပ်ရမည့်သူက ဘယ်လိုလူလဲ?




Pile 1
ကိုယ့်ဘ၀ရဲ့ အချစ်ရဆုံးသူနဲ့ဘဲလက်ထပ်ရလိမ့်မယ်။ သူ့ကြောင့်ကိုယ့်ဆက်ဆံရေးရဲ့သက်တမ်းတစ်လျှောက်မှာပျော်ရွှင်ရလိမ့်မယ်။ သူကလည်းကိုယ့်ကိုအရေးပေးဂရုစိုက်ပြီး princess\prince treatment ဘဲပေးမယ့်လူမျိူးပါ။ ကိုယ့်ကို ထာ၀စဉ်ချစ်မြတ်နိုးပေးသွားမယ့်လူမျိူး သူ့က ကိုယ်စိတ်ထိခိုက်မယ့်ကိစ္စမျိူးတွေ ငြိုငြင်မယ့်ကိစ္စတွေကိုရှောင်မယ့်လူမျိူးဖြစ်လိမ့်မယ်။ လုပ်ငန်းခွင်မှာ ဦးစီးဦးဆောင် လုပ်ရမယ့်လူမျိူး အလုပ်ကိုတစ်အားအလေးထားပြီး တည်ငြိမ်တဲ့ပုံစံမျိူးပါ။
သူနေတဲ့ဇာတိမှာ အခြေကျဖြစ်ပါလိမ့်မယ်။ အိမ်ထောင်ရေးက ပဍိပက္ခနည်းပြီးတော့ အလွန်ပျော်ရွှင်ရပါလိမ့်မယ်။


Pile 2

ကိုယ်လက်ထပ်ရမယ့်သူက သူကဘ၀မှာပင်ပန်းခဲ့ရတယ်။ ကြိုးစားတယ်။ သူက အချစ်ရေးမှာလည်း ကံဆိုးခဲ့တယ်။ သူ့ဘ၀တစ်လျှောက်မှာ စိတ်ညစ်စရာကိစ္စတွေကို ‌အများကြီးကြုံခဲ့ရတယ်။ သူနဲ့ဆက်ဆံရေးကတော့ ကတောက်ကဆလေး‌တွေတော့ မကြာခဏဖြစ်တတ်တယ်။ ကိုယ်ဆိုးလို့ သူ့ဘက်ကအလိုလိုက်အလျော့ပေးတဲ့ပုံစံမျိူးပါ။ သူက ကိုယ့်ကို အကြောင်းကိစ္စတွေအသိပေးပြီးအလေးထားပါတယ်။ နှစ်ယောက်ကရေရှည်မှာ အဆင်ပြေမှာပါ။ ရုပ်ရည်က ကြည့်ကောင်းပြီး အရပ်ရှည်ပါတယ်အသားဖြူတဲ့ထဲပါတယ်။


Pile 3

ကိုယ်နဲ့အိမ်ထောင်ပြုမယ့်သူက တစ်အား စိတ်အေးချမ်းပြီး စိတ်ရှည်တတ်တဲ့လူမျိူးပါ။ စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ မရှိသလောက်ဘဲ။ ပြည်ပနဲ့ပတ်သတ်တဲ့ လုပ်ငန်းတွေမှာ ရာထူးကြီးထဲကဖြစ်နိုင်တယ်။ ကိုယ့်ကို အမြဲဦးစားပေးတတ်တယ်။ သဘောထားကြီးမားတယ် ။ ကိုယ်နဲ့က အကြိုက်တူပြီး personality ကလည်း လက်ခံလို့ရလောက်တဲ့အနေအထားမှာပါ။ မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်‌နိုင်ချေများပါတယ်။
Long distance ကနေမှ marriage ထိသွားနိုင်ပါတယ်။ fashion နဲ့ပတ်သတ်ရင်တစ်အားဂရုစိုက်ပြီး သူတို့ကိုယ်သူတို့ အလှအပမွန်းမံရတာနှစ်သက်ကြပါတယ်။