ချစ်သူဟောင်းက ကိုယ့်ကို လွမ်း‌နေလား

ချစ်သူဟောင်းက ကိုယ့်ကို လွမ်း‌နေလား




No1:
အခုချိန်မှာ သူက တော်တော်လေး အထီးကျန်နေတာမျိုးဖြစ်နေတယ်။ နှစ်ဦးနှစ်ဖက်လုံး တော်တော်လေး ချစ်ခဲ့ကြပြီး အကြောင်းကြောင်းကြောင့် ချစ်လျက် လမ်းခွဲခဲ့ရတဲ့ပုံစံမျိုးလေး တွေ့ရတယ်။ကိုယ်နဲ့ အမှတ်တရတွေ ပြန်တွေးနေတာမျိုး၊ဓာတ်ပုံလေးတွေပြန်ကြည့်နေတာမျိုးလေး လုပ်နေတတ်တယ်။သူ့အနေနဲ့ ခုချိန်မှာ ကိုယ့်ကို တော်တော်လေး သတိရနေတယ်။ သူ ကိုယ့်ကိုလွမ်းတာ လူအသိမခံဘူး ကြိတ်လွမ်းပုံစံမျိုးလေး။



No2:
အခုချိန်မှာ သူအနေနဲ့နောင်တရနေတဲ့ပုံစံမျိုးလေး တွေ့ရတယ်။ ကိုယ့်ဘက်က သူ့အပေါ်ကောင်းခဲ့တာလေးတွေမြင်ယောင်နေတယ်။ သူ့ဘက်က သစ္စာဖောက်သလို ဖြစ်ခဲ့တာတွေကို အားနာနေတယ်။
သူ လုပိချင်တာလုပ်ခဲ့ပြီး စိတ်ကျေနပ်ပျော်ရွှင်နေတတ်ပြီး တစ်ခါတလေ လုပ်ချင်တာလုပ်ခဲ့တဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်ကာ ဝမ်းနည်းကြေကွဲ နေတဲ့ ပုံစံမျိုးလေး။ သတိရလားဆိုတော့ တိုက်ဆိုင်မှု ရှိတဲ့အခါ၊ သူ့ရဲ့ တစ်ဖက်သူက နားမလည်ပေးတဲ့အခါမှ ကိုယ့်ကို သတိရတဲ့ ပုံစံမျိုးလေး တွေ့ရတယ်


No3:
သူ့ဘက်က အကြောင်းမရှိ အဆက်အသွယ်တွေဖြတ်တာ ခဏခဏကြုံခဲ့ရတဲ့ပုံစံမျိုး။ သူအနေနဲ့ သူ့ကို ချစ်တဲ့သူကို စွန့်ခွာခဲ့လို့နောင်တရနေသလားဆိုတော့ သူ့ကိုယ်သူတိုင် မသဲကွဲပါဘူး။ သူ့ကလေ သူ့ဘက်ပဲသူကြည့်တဲ့ပုံစံမျိုး။ သူ့ဟာသူ ပျော်နေတဲ့ပုံစံမျိုးလေး။အလွမ်း၊အဆွေးposts တွေ တင်နေရင်တောင် သူ့ဟာသူဈေးဗနိးခင်‌းနေတာပါ ။ကိုယ့်ကို လည်း သတိရနေပုံမပေါ်ပါဘူး။