လမ်းခွဲဖို့စဥ်းစားထားကြတဲ့အခြေအနေဆိုရင် ဒါလေးတခုရွေးပါ

လမ်းခွဲဖို့စဥ်းစားထားကြတဲ့အခြေအနေဆိုရင် ဒါလေးတခုရွေးပါ



Pile 1
လမ်းခွဲမယ့်ကိစ္စမှာကိုယ်တွေနှစ်ယောက်အပြင်ကိုတတိယလူပါလာလားကြားလူဝင်လာတာမျိုးရှိလား တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာတစ်​​ယောက်ကသစ္စာဖောက်မှုမျိုးကိုတစ်ယောက်က ကြုံနေရပီလားဒါဆိုရင်တော့ ဒီကိစ္စတွေကြောင့်လမ်းခွဲဖို့စဥ်းစားထားရင်တော့ ဒါကိုယ့်ဆုံးဖြတ်ချက်အတိုင်းကိုယ်လုပ်ပါ တကယ်ကြီးလမ်းခွဲချင်တယ် ဒီလူတစ်ယောက်နဲ့ပြတ်သားနိုင်တယ်ဆိုရင်လည်းသဘောပေါ့နော်အဲ့လိုမှမဟုတ်ပဲတစ်ယောက်နဲ့တစ်ယောက်ကြားတတိယလူလည်းမပါဖူး တစ်ယောက်ကိုတစ်ယောက်သစ္စာဖောက်မှုတွေလည်းမရှိဖူးဆိုရင်တော့ပြန်ပီးတော့သေချာစဥ်းစားပါ ပြဿနာတစ်ခုကပြတ်ဖို့ထိလိုလို့လား ဒီ relationship တစ်ခုကလွယ်လွယ်နဲ့တည်ဆောက်ထားတဲ့အရာလားတစ်ယောက်ကိုတစ်ယောက်ပြတ်သားနိုင်ရဲ့လားဆိုတာကိုသေချာစဥ်းစားပီးတော့မှ ဆက်လုပ်ပါဆုံးဖြတ်ပါ


Pile 2
ဒီအခြေအနေထိရောက်လာဖို့ကိုနှစ်ယောက်သားအများကြီးပေးဆပ်ခဲ့ရတာတွေရှိတယ် အဆင်မပြေခဲ့တာတွေလည်းရှိတယ် အဆင်ပြေခဲ့တာတွေလည်းရှိတယ် နှစ်ယောက်သားအမှတ်တရတွေလည်းရှိတယ်သံယောဇဥ်တွေလည်းရှိတယ်ဒီလိုအကြာကြီးတွဲလာပီးမှသံယောဇဥ်တွေဖြစ်ခဲ့ပီးတဲ့အခါမှာ လမ်းခွဲမယ်ဆိုရင်ကောမှန်ကန်ရဲ့လား သေချာလေးစဥ်းစားပါဦးတစ်ယောက်ကိုတစ်ယောက်လမ်းခွဲနိုင်ရဲ့လားပြတ်သားနိုင်ရဲ့လား ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကနေဖြစ်သွားခဲ့တယ်ဆိုရင် ဘာလုပ်ဖို့တစ်ယောက်နဲ့တစ်ယောက် မာနတွေ အတ္တတွေ ထားနေမှာလဲ တစ်ယောက်ကလျှော့လိုက်လို့တစ်ယောက်ကပြေနိုင်တဲ့ဆက်ဆံရေးတစ်ခုမှာဟန်နီအနေနဲ့အကြံပေးရမယ်ဆိုရင်တော့ လမ်းခွဲမယ့်အစားပြေလည်ဖို့ကိုညှိယူကြပါလို့ဟန်နီအနေနဲ့အကြံပေးချင်ပါတယ်