ငါတို့စိတ်ရင်းနဲ့ပဲငါတို့ ဘဝတွေကိုရှင်သန်ကြမယ်

ငါတို့စိတ်ရင်းနဲ့ပဲငါတို့ ဘဝတွေကိုရှင်သန်ကြမယ်




Pile 1
စိတ်ရင်းနဲ့ပဲကိုယ့်ဘဝကိုယ်ရှင်သန်တာအကောင်းဆုံးပါ ငါ့စိတ်ထဲမှာဘာဖြစ်ချင်နေလဲ ငါဘာလုပ်ရမလဲ ငါဘာကိုလုပ်သင့်လဲ ကိုယ့်စိတ်နဲ့ကိုယ်ဆုံးဖြတ်ပီးတော့
အတတ်နိုင်ဆုံးရှင်သန်ပါ လောကဓံတရားကြီးကလည်းဒီလိုတွေနေနိုင်ဖို့ ဒီလိုတွေနေဖို့အတွက် ကိုယ့်ကိုအများကြီးသင်ခန်းစာတွေလည်းပေးပီးပီ ဒါကြောင့်မလို့ပတ်ဝန်းကျင်ကိုဂရုစိုက်ရင် လူတွေကချီးမွမ်း
၇ ရက် ကဲ့ရဲ့ ၇ ရက်ဆိုတာကိုငါတို့ကသိပီးပီ ငါတို့အကောင်းဆုံးရှင်သန်နေရင်လည်းငါတို့ကိုလာပီးကြည်ဖြူတဲ့သူရှိချင်မှရှိမယ် ငါတို့အဆင်မပြေရင်သာဝမ်းသာတဲ့သူတွေရှိလိမ့်မယ် ဒါကြောင့်မလို့ငါတို့ကငါတို့ဘဝမှာငါတို့ဖြစ်ချင်တဲ့ဆန္ဒ ဖြစ်ချင်တဲ့အတိုင်း ငါတို့ဖြစ်ချင်တဲ့ပုံစံခွက်အထဲမှာ ငါတို့နေချင်တဲ့ပုံစံနဲ့ ငါတို့အကောင်းဆုံးဘဝကိုရှင်သန်မယ် ပျော်အောင်နေမယ်
ငါတို့ပျော်အောင်နေထိုင်မယ်အကောင်းဆုံး
ရှင်သန်ကြမယ်


Pile 2
တစ်ခါတစ်လေကျလို့ရှိရင် ဟိုလူကတစ်မျိုးဒီလူကတစ်မျိုးနဲ့သူများရဲ့ပုံစံထဲမှာရှင်သန်နေရတတ်တယ်
ဟိုလူပြောရင်ဟိုလူရဲ့နည်းလမ်းကမှန်တယ် ဒီလူပြောရင်ဒီလူရဲ့နည်းလမ်းကမှန်တယ် ကိုယ့်ရဲ့ရှင်သန်ပုံရှင်သန်နည်းက တစ်ခါတစ်လေကျရင်မှန်တယ်
တစ်ခါတစ်လေကျလို့ရှိရင်လည်းမှားတယ်
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ငါတို့ဘဝတွေကိုငါတို့စိတ်ရင်းနဲ့ငါတို့နေချင်သလိုနေမှသာလျှင်ငါတို့ရဲ့
အစစ်အမှန်ဘဝတစ်ခုကိုရရှိမယ် ငါတို့ရှင်သန်နေရတဲ့ဘဝကြီးက ပိုပီးတော့အဓိပ္ပါယ်ရှိလာလိမ့်မယ်
သူများစကားနားမယောင်ပဲကိုယ့်ရှေ့မှာရှိနေတဲ့တစ်စုံတစ်ယောက်ရဲ့ပုံစံကိုအတုယူပီးနေတာမျိုးမဟုတ်ပဲနဲ့ ကိုယ့်ရဲ့တတ်နိုင်တဲ့အနေအထား ကိုယ့်ဘဝကိုယ့်ရဲ့အဆင့်အတန်းလေးနဲ့ ကိုယ့်စိတ်ရင်းအမှန်လေးနဲ့ကိုယ်အကောင်းဆုံးနေထိုင်နိုင်ရင်ပဲဘဝကြီးက
ပြည့်စုံနေပါပီ ဒါကြောင့်မလို့ကိုယ်တတ်နိုင်တဲ့အနေအထားလေးတစ်ခု ကိုယ်လုပ်လို့ရတဲ့အနေအထားလေးတစ်ခု ကိုယ့်ဘဝကိုရှင်သန်လို့ရတဲ့ပမာဏလေးတစ်ခုမှာကိုယ့်ပတ်ဝန်းကျင်လေးတစ်ခုမှာကိုယ့်ဘာသာကိုယ်အကောင်းဆုံးရှင်သန်ရမယ်