စိတ်ပင်ပန်းစရာတေကိုအဆင်ပြေသွားအောင် ဘယ်လိုနေထိုငိသင့်သလဲ

စိတ်ပင်ပန်းစရာတေကိုအဆင်ပြေသွားအောင် ဘယ်လိုနေထိုငိသင့်သလဲ



1.. စိတ်ကိုရှင်းရှင်းလင်းလင်းထားပါ အပူတေကိုမယူပါနဲ့နော် ကိုယ်ဟာသူများတေထက်သာလွန်တဲ့သူပါ ဖစ်ပျက်လာတဲ့စိတ်သောကရောက်စရာတေဟာ ဖစ်ချိန်တန်လို့ဖစ်လာတာပါ ကိုယ့်အတွက်ကောင်းမွန်တဲ့အရာတေဖစ်လာဖို့ အခုလိုစိတ်ညစ်စရာတေမဖစ်ချင်တာတေဖစ်လာရတာပါ ဒါဟာလဲကိုယ့်အတွက်universeကကောင်းစေချင်လို့ဖစ်ပျက်ပေးလိုက်တယ်လို့ဘဲတွေးလိုက်ပါနော် အခုချိန်မှာကိုယ့်စိတ်ထဲကသိနေတဲ့အရာတေကအမှန်တေပါဘဲ ဘာမှတွေဝေမနေပါနဲ့ ဒါတေကအမှန်တေဖစ်တာမို့ ကိုယ်တိုင်လဲမကောင်းပုဆိုတာသိနှင့်လောက်မှာပါ အ့တော့စိတ်ရှင်းရှင်းထားပီး ကိုယ့်စိတ်ကိုပြန်ပျော်လာအောင်တည်ဆောက်လိုက်ပါနော် ကိုယ့်ကိုယ်ကိုဘဲချစ်လိုက်ပါကိုယ့်ကိုယ်ကိုဘဲဂရုစိုက်လိုက်ပါ...

ကိုယ်ဟာကောင်းမွန်တဲ့နောက်တစ်ဆင့်ကိုတက်လှမ်းပါတော့မယ်နော် ဘာကြောင့်ငါစိတ်သောကရောက်ရတယ်ဆိုပီးပူဆွေးနေတာထက် အကောင်းဘက်ကိုတွေးပီးစိတ်ဖြေပီး ဒါတေဟာငါ့အတွက်ကောင်းမွန်သောအသစ်တခုထပ်ရောက်လာမှာမို့ဖစ်လာတယ်လို့ဘဲတွေးပေးပါ...

ခွင့်လွှတ်ပေးလိုက်ပါကိုယ်နဲ့မတန်တဲ့အရာတေအတွက်လဲစွန့်လွှတ်လိုက်ပါ ကိုယ့်စိတ်ကူးကိုယ့်အိပ်မက်တိုင်းဘဲဆက်သွားအကောင်ထည်ဖော်ပါ ပြောချင်တာကကိုယ့်အတွက်ဘဲကိုယ်ကြည့်ပါ
အဆင်မပြေတာတေရှိနေရင်ငိုချလိုက်ပီး မနက်ဖန်ကျအဆင်ပြေပြေနဲ့ဆက်သွားနိုင်အောင်လုပ်ပါ 5tin


2..စိတ်ကိုမတင်းကျပ်ထားပါနဲ့နော် စိတ်အလိုမကျမှုတေက ပိုပိုပီးများနေတာဟာကိုယ်ကယူနေလို့ဖစ်ရတာပါနော် စိတ်ကိုတင်းကြပ်ထားပီးနေတာဟာမကောင်းပါပု negativeတေတွေးနေတာလဲလျော့ပါ အခုဆိုလဲစိတ်အလိုမကျတာတေဖစ်နေပီး ကိုယ်တိုင်ဘဲအဆင်မပြေနေပါပုလေနော် ပေါ့ပေါ့ပါးပါးဘဲနေပါ ဘယ်သူ့ပေါ်မှအငြိုးလဲမထားနဲ့ မနာလိုလဲမဖစ်နဲ့ အာဃာသလဲမထားပါနဲ့ ကိုယ်ဟာပီးပြည့်စုံတဲ့သူပါ ကိုယ်ဟာတန်ဖိုးအရှိဆုံးလူပါ အ့တာကြောင့်အချိန်တိုင်းမှာကိုယ့်ကိုယ်ကိုနဲ့ဘဲ ပြိုင်ပါ ​အကောင်းမွန်ဆုံးပြိုင်ဘက်က ကိုယ်ပါဘဲ ဒါဆိုရင်မပူမပင်ရတော့ပါပု ပေါ့ပေါ့ပါးပါးဘဲနေပါ ဖစ်ချင်တာတေကဖစ်လာမှာပါ ပျော်ပျော်နေပါ ဒါမှချစ်တဲ့ခင်တဲ့သူတေက ကိုယ့်နားမှာပိုပီးများပြားလာမှာပါနော် ...

အားလပ်ရက်တခုထားပီး စိတ်ကိုပျော်အောင်နေပစ်လိုက်ပါ တယောက်ထဲလဲဖစ်ပါတယ်နော် အပူအပင်တေကိုခနစွန့်ထားလိုက် ငါဘယ်သူလဲဆိုတာကိုခနမေ့ထားလိုက် ပီးရင်လျှောက်သွားလျှောက်စားလျှောကိလည်ပစ်လိုက်ပါ..

နှလုံးသားဟာ မေတ်တာကိုလိုလားတောင့်တနေသလို အရာအားလုံးကိုညီညီမျှမျှနဲ့ဖစ်စေချင်နေပါတယ်နော် စိတ်ထားလေးကောင်းတာမို့ စိတ်ကိုတင်းမထားဘဲနဲ့သူများတေကိုကူညီလိုက်ပါ အကောင်းမြင်စိတ်ထားလိုက်ပါနော် ဒါဆိုစိတ်တေကြည်လင်လာမယ်...

အဆင်မပြေမှုတေရှိနေရင်ငိုချပီး မနက်ဖန်ကောင်းမွန်တဲ့စိတ်ထားလေးနဲ့ရှေ့ဆက်ကြည့်ပါ positiveတေတွေးပီးတော့ပေါ့..