ပိုင်ဆိုင်ချင်ပေမဲ့ မပိုင်ဆိုင်ခဲ့ရသောသူများ

ပိုင်ဆိုင်ချင်ပေမဲ့ မပိုင်ဆိုင်ခဲ့ရသောသူများ




Pile 1
ဘာကိုမှမပိုင်ဆိုင်ခဲ့ရဖူးမင်းကိုပိုင်ဆိုင်ချင်ခဲ့မိတယ်ဒါပေမယ့်နင့်ကိုလည်းငါကဆုံးရှုံးခဲ့ရတယ်တစ်ခါတစ်လေကျတော့လောကကြီးကမာယာတွေနဲ့ပြည့်နှက်နေတယ် ဝဋ်ကြွေးလို့ပဲပြောရမလားရေစက်လို့ပဲပြောရမလား ဆုံးရှုံးမှုတွေနဲ့ဆုံးရှုံးခဲ့ရတယ် သံသရာစက်ဝန်းကပေးဆုံပေမယ့်ကံကြမ္မာတစ်ခုကြောင့်ဝေးခဲ့ရတယ် ဆုံးရှုံးမှုအတွက်တော့ အများကြီးနောင်တရနေတာမရှိပါဖူး မင်းကငါနဲ့မထိုက်တန်လို့ဆုံးရှုံးသွားခဲ့ရတယ်လို့ပဲငါ့ဘက်ကခံယူတယ် ငါ့ဘက်ကလက်လွှတ်ခဲ့တာမဟုတ်ပေမယ့် ငါကိုယ်တိုင်ကမင်းကိုဆုံးရှုံးရတယ်ဆိုတာထက်မင်းကိုယ်တိုင်ကငါ့ကိုဆုံးရှုံးခဲ့ရတယ်ဆိုရင်တော့ပိုပီးတော့မှန်ပါလိမ့်မယ် ကံတရားကမျက်နှာသာမပေးတဲ့အပေါ်မှာ ဆုံးရှုံးခဲ့ရတယ်လို့ပဲ ဒီရေစက်လေးတစ်ခုကိုမှတ်ယူလိုက်လို့ရပါတယ်


Pile 2
ဒီလူဟာငါနဲ့အဆင်ပြေမယ်လို့မျှော်လင့်ခဲ့ပေမယ့်ရေရှည်မှာသွားလို့ရမှာပဲလို့စိတ်ကူးထားခဲ့ပေမယ့်
အကုန်လုံးအရာအားလုံးဟာ လေထဲကတိုက်အိမ်လေးလိုပဲလေထဲမှာပဲပီးဆုံးသွားတယ် ငါတို့နှစ်ယောက်ရဲ့အနာဂတ်တွေ ငါတို့နှစ်ယောက်ရဲ့စိတ်ကူးတွေ အိပ်မက်တွေအကုန်လုံးက တကယ့်ကိုအိပ်မက်တစ်ခုအနေနဲ့နိုးထလာတဲ့အချိန်ထဲကနင်ငါ့အနားမှာမရှိတော့ပဲပျောက်ဆုံးသွားခဲ့တယ် မင်းကိုဆုံးရှုံးလိုက်ရတယ်နာကျင်စရာတွေဝမ်းနည်းစရာတွေအများကြီးကိုခံစားခဲ့ရတယ် မင်းကိုပိုင်ဆိုင်ချင်တာတောင်မှ မင်းကိုငါဆုံးရှုံးခဲ့ရတယ် မျှော်လင့်ထားတဲ့အရာကိုဆုံးရှုံးလိုက်ရတာပဲပေါ့ ပိုင်ဆိုင်ချင်တယ်လို့မျှော်လင့်ထားကာမှပိုင်ဆိုင်ရမယ်လို့ကြိုးစားထားကာမှ ဒီအရာတွေရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဆုံးရှုံးလိုက်ရခြင်းကိုပဲ
လက်ခံရရှိခဲ့တယ်