သင်ဟာထူးဆန်းတဲ့အိပ်မက်တွေမက်လေ့ရှိတယ်ဆိုရင်

သင်ဟာထူးဆန်းတဲ့အိပ်မက်တွေမက်လေ့ရှိတယ်ဆိုရင်



1..သင်ရည်ညွှန်းတဲ့အိမ်မက်ရဲ့အဓိကသော့ချက်က သင့်စိတ်နှလုံးရွှင်လန်းမှုနဲ့ပျော်ရွှင်မှုကိုအဓိကလိုလားနေတာမျိုးတွေ့ရတယ်..
အိပ်မက်မက်ရတဲ့အကြောင်းအရင်းကတော့ယေဘုယျအားဖြင့်သင့်အိမ်ခန်း၊အိပ်ခန်း၊နေရာထိုင်ခင်းအစရှိသဖြင့်တို့မသန့်တာ၊မှိုစွဲနေတာ၊ဖုန်တွေ၊မလျှော်မဖွတ်ရတာတွေ၊စိုစိုစွတ်စွတ်နဲ့ဖစ်နေတဲ့အရာတွေကြောင့် အများဆုံးဖစ်နိုင်တယ် သင့်အနေနဲ့ စိုထိုင်းပီးမသန့်တဲ့အရာတေကိုအဓိကဖယ်ရှားပါ လေဝင်လေထွက်ကောင်းအောင်အိမ်တံခါးတေကိုဖွင့်ပေးပါ ကိုယ့်အနေနဲ့စိတ်မသန့်ပုထင်တဲ့အရာတေကိုအဓိကသန့်စင်ပေးပါ ဒါတွေက အဓိကအားဖြင့်သင့်ကိုကျန်းမာရေးနဲ့မညီညွှတ်စေရုံသာမက သင့်ရဲ့စိတ်စွမ်းအင်ကိုပါလျော့ကျစေပါတယ်..ပီးတော့စိတ်ရှုပ်စရာတေ၊စိတ်ညစ်စရာတေကိုပယ်ထားပီး အဓိကသင်ပျော်ရွှင်မယိ့အရာတွေကိုဦးစားပေးလုပ်စေချင်တာပါ ပျော်ရွှင်မှုနဲ့ရွှင်လန်းမှုကသင့်ရဲ့ဝိဉာဥ်ရေးဆိုင်ရာစွမ်းရည်တေကိုအဓိကမြင့်တင်ပေးနေတတ်တာမို့ သင့်အိပ်မက်တေရဲ့အဓိကလမ်းညွှန်ကသင့်ရဲ့ပျော်ရွှင်မှုနဲ့ရွှင်လန်းမှုကိုလိုလားနေတတ်ကြတယ်..


2..သင်ရည်ညွှန်းတဲ့အဓိကသော့ချက်က ဝမ်းနည်းမှုတေ၊ကြေကွဲမှုတေကိုမေ့ပျောက်ပီး ကိုယ်လုပ်ရမယ့် ကိုယ်ဆက်လျှောက်ရမယ့်လမ်းကိုဆက်သွားဖို့ပါဘဲ..
သင့်အိပ်မက်ထဲကိုသေဆုံးပီးသားလူတေ၊ကြောက်စရာကောင်းတဲ့သူတွေနဲ့ သင့်ကိုဝမ်းနည်းစေမယ့်သူတေလာလေ့ရှိတတ်တယ် အဓိကအားဖြင့် ဒီpileလေးက သင်ဘာကိုကြောက်နေ၊ဝမ်းနည်းနေစရာမလိုပုတဲ့ ဒါတွေက သူတို့ကမင်းကို ဒီအကြောက်တရားတေ၊ဝမ်းနည်းမှုတွေကိုလက်လွှတ်နိုင်အောင် လာနှုတ်ဆက်ကြတဲ့သဘောမျိုးပါတဲ့ အရာအားလုံးကအဆင်ပြေသွားလိမ့်မယ် ရှေ့ဆက်ဖို့လမ်းကိုသာကြည့်ပါတဲ့ သူတို့တွေအတွက်ဆက်ပီးဝမ်းနည်းပူဆွေးမနေပါနဲ့ဆိုပီးပြောချင်ကြတယ် ကြောက်ရွံမှုတွေ၊နာကြည်းမှုတွေ၊ဝမ်းနည်းမှုတေကိုလက်လွှတ်လိုက်ပါ ဖစ်ချိန်တန်လို့ဖစ်သွားတဲ့အရာတွေလို့မှတ်ယူပီး အကောင်းဆုံးသင့်ကိုယ်သင်ပြောင်းလဲပီးရှေ့ဆက်ပါလို့ အိပ်မက်တွေကအဓိကပြောချင်ကြတယ်.