တစ်စုံတစ်ယောက်ဆီကစကားတွေ/အတွေးတွေ/ခံစားချက်တွေ..☁

တစ်စုံတစ်ယောက်ဆီကစကားတွေ/အတွေးတွေ/ခံစားချက်တွေ..☁



1..အဆက်အသွယ်ပြတ်နေတဲ့သူတွေ/exတွေဆိုရင် တစ်ဖက်လူက ကိုယ့်အပေါ်စကားတွေပြောချင်နေတာမျိုးစာတွေပို့ချင်နေတယ် ဒါမဲ့တစ်ဖက်လူရဲ့စိတ်ပုံစံအရ ချစ်ကြောင်းဘယ်လိုပြောရမလဲ ဘယ်လိုထုတ်ဖော်ပြသရမလဲဆိုတာမသိပု စိတ်ထဲကချစ်နေရရင်ရပီဆိုတဲ့လူမျိုး ခံစားချက်တွေကိုယ့်အပေါ်ကိုယ်သိတာထက်ပိုရှိတယ် ကိုယ်နဲ့ဝေးသွားမှသူက ကိုယ့်အပေါ်ဘယ်လိုခံစားရလဲဆိုတာပိုသိနေတာမျိုး သူ့ပုံစံနဲ့သူခံစားနေရတာနဲ့မကိုက်ညီတာမို့ ဘယ်လိုပြောပြရမှန်းမသိဖစ်နေတာမျိုးရှိနေတတ်တယ်..

တစ်ဖက်လူက ကိုယ်နဲ့သူနဲ့ကြားက ဖစ်တည်လာတဲ့ ခံစားချက်တေကိုသူပိုပီးသိနေပီ ပိုပီးနားလည်နေပီလို့ပြောချင်နေတယ်။အခုချိန်မှာငါတို့တစ်ယောက်နဲ့တစ်ယောက်အချိန်ခနယူကြမယ်နော်။ငါ့အပေါ်မင်းဘယ်လိုဆုံးဖြတ်မလဲ ဘယ်လိုသတ်မှတ်မလဲဆိုတာ မင်းရဲ့ဆုံးဖြတ်ချက်ကိုငါစောင့်နေပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ပျောက်ဆုံးနေကြတဲ့ခံစားချက်တေကိုပိုပီးသိနေကြပီ ပိုပီးနားလည်သဘောပေါက်နေကြပီ အဆင်သင့်ဖစ်ကြပီဆိုရင်ပြန်ပီးတည်းဆောက်ကာ ဒီဆက်ဆံရေးကို တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လေးစားပီးရှေ့ဆက်ကြဖို့လိုအပ်တယ်ဒီconnectionက လက်ထပ်ဖို့တစ်သက်လုံးတူတူနေဖို့ထိရှိကြတယ်..



2..တစ်ဖက်လူနဲ့ကိုယ်နဲ့က အတိတ်ဘဝထဲက ပက်သက်ဆက်နွယ်ခဲ့ဖူးကြတဲ့သူတွေဖစ်တယ် တစ်ဖက်လူက ကိုယ့်အပေါ် အပြည့်အဝခံစားချက်ရှိတယ် ဒါမဲ့သူကဒီဆက်ဆံရေးကိုလွှမ်းမိုးချင်တဲ့သူဖစ်တယ် အရာရာကိုဦးဆောင်ပီးသွားချင်တယ် ချုပ်ကိုင်လွှမ်းမိုးချင်နေတယ် တစ်ဖက်လူကကိုယ့်အပေါ်လျှို့ဝှက်ချက်တချို့ရှိတယ် ကိုယ့်ကိုသူ့အလိုကျချယ်လှယ်ချင်သူဖစ်တယ် ဒါမဲ့ကိုယ့်အပေါ်တော့သူတကယ်ဂရုစိုက်တယ် ချစ်တယ် ခံစားချက်အပြည့်အဝရှိတယ် သူအခြားအရာတွေမှားနေရင်တောင် ကုိယ့်အပေါ်တော့တကယ်ခံစားချက်အမှန်ပါ ကုိယ်နဲ့ပက်သက်ပီးလဲ သူနာကျင်ရတာတေရှိလိမ့်မယ် သူ့အနေနဲ့ကိုယ့်အပေါ်ခံစားချက်လေးနက်ပေမဲ့ ယုံကြည်ဖို့တော့အနည်းငယ်တွေဝေနေတတ်တယ်..

အရာရာတော်တော်များများကိုယ်နဲ့ပက်သက်တဲ့ကိစ်စတော်တော်များများကိုသူမှတ်ထားတယ် မမေ့ဘူးလို့သူကပြောချင်နေတယ်။တစ်ဖက်လူအနေနဲ့ ကိုယ်နဲ့ခံစားချက်တေကိုတစ်ဖန်ပြန်ပီးစမယ် ပြန်ပီးခံစားမယ်။တစ်ဖက်လူကကိုယ်နဲ့အခုအ​ခြေနေထက်ပိုပီးအဆင့်တက်ချင်တယ် အခုဆက်ဆံရေးထက်ကိုပိုတဲ့ဆက်ဆံရေးမျိုးပိုကောင်းတဲ့အရာမျိုးလိုချင်နေတယ်

တစ်ဖက်လူက ကိုယ်ထင်ထားတာထက်ကိုယ့်အပေါ်လေးနက်တဲ့ခံစားချက်ရှိတဲ့သူပါ။
ဒီconnectionကို ပြန်စပါ အခွင့်အရေးပေးပါ ကြုိးစားလို့ရပါသေးတယ် အဆင်ပြေလာလိမ့်မယ်