ကိုယ့်ရဲ့အိပ်မက်ထဲဘယ်သူတွေလာလည်လေ့ရှိလဲ?

ကိုယ့်ရဲ့အိပ်မက်ထဲဘယ်သူတွေလာလည်လေ့ရှိလဲ?




1.....မင်းရဲ့Dreamထဲကို အမှောင်ဘက်ခြမ်းကအရာ ဥပမာ-သေပီးသားသူတွေ အများဆုံးလာရောက်လည်ပတ်လေ့ရှိကြတယ် သူတို့ကမင်းရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပီး မင်းရဲ့အိပ်မက်ထဲကိုလာရောက်လေ့ရှိကြတယ် သူတို့ကမိန်းမတေဖစ်လိမ့်မယ် ဆံပင်ကျောလယ်လောက်ရှိတတ်ကြပီး သူတို့ကမင်းရဲ့အားအနည်းဆုံးအချိန်နဲ့စိတ်ပင်ပန်းဆုံးအချိန်တေမှာမင်းရဲ့အိပ်မက်ထဲရောက်လာတတ်တယ် ပီးတော့မင်းရဲ့လမ်းပျောက်မှု၊အထီးကျန်မှု၊ဝမ်းနည်းမှုတေကိုတဖြေးဖြေးစားသုံးလေ့ရှိတယ် ဒါကိုမင်းအနေနဲ့သိတယ် မင်းရဲ့စိတ်ကရဲရင့်တယ်သတ်တိရှိတယ် သူတို့ကိုမကြောက်တာကြောင့်မင်းရဲ့အနက်ရှိုင်းဆုံးအတွင်းစိတ်ထိသူတို့နေရာမယူနိုင်ကြပု သူတို့ကတေကမင်းကိုခေါ်နေလေ့ရှိတယ် မလုပ်ချင်တာကိုအတင်းလုပ်ခိုင်းလေ့ရှိကြတယ် အိပ်မက်ဆိုးတေကရုန်းမထွက်နိုင်အောင်ဖမ်းချုပ်ချင်ကြတယ် တောနက်ထဲမှာမင်းကိုပိတ်လှောင်ချင်ကြတယ် ပီးတော့သူတို့နဲ့အတူမင်းကိုနေစေချင်ကြတယ် အရမ်းစိုးရိမ်စရာတော့မရှိဘူးမင်းမှာကမွေးရာပါ စွမ်းအင်စောင့်ရှောက်မှုရှိတာကြောင့်သူတို့လာရင်တောင်မင်းရဲ့အစောင့်ရှောက်က မင်းကိုကာကွယ်ပေးပါလိမ့်မယ် မင်းရဲ့အစောင့်ရှောက်ကမင်းရဲ့အိပ်မက်ထဲ ခွေးလေးအနေနဲ့ပါဝင်တတ်တယ်


2.....မင်းရဲ့dreamထဲကို မင်းရဲ့အရင်ဘဝကမိတ်ဆွေသူငယ်ချင်းတေလာရောက်လည်ပတ်လေ့ရှိတယ် သူတို့ကမင်းလုပ်သင့်လုပ်ထိုက်တဲ့အရာတေ မင်းကိုအန်တရာယ်ပေးမယ့်အရာတေကိုလာရောက်သတိပေးလေ့ရှိတယ် ပီးတော့ မင်းကမွေးရာပါ မှော်စွမ်းရည်ရှိတယ် သူတို့ကမင်းရဲ့ဗီဇကိုမပျောက်ပျက်အောင်လာရောက်သတိပေးလေ့ရှိကြတယ် ပီးတော့မင်းရဲ့အနားမှာ မင်းရဲ့အိပ်ယာဘေးမှာ ခရမ်းသို့အပြာရောင်အရုပ်လေးရှိနေတတ်လိမ့်မယ် မင်းကိုသူကအမြဲစောင့်ကြည့်နေတတ်တယ် မင်းရဲ့ခံစားချက်တေကိုသူကအမြဲနားထောင်ပေးနေတယ် တစ်ခါတစ်လေမင်းမပက်သက်သင့်တဲ့သူတေ မင်းကိုစိတ်ရင်းမရှိတဲ့သူတွေကိုအိပ်မက်ထဲမှာပြသလေ့ရှိတယ်


3.....မင်းရဲ့Dreamထဲကို မင်းရဲ့ကောင်းကင်တမန်ကလာရောက်လည်ပတ်လေ့ရှိတယ် သူကမင်းရဲ့အမေလိုအဒေါ်လို ဒါမှမဟုတ် အဖွားကြီးတစ်ယောက်လိုလာလေ့ရှိတယ် သူကမင်းကိုကောင်းမှုကုသိုလ်အလှူများများလုပ်စေချင်တယ် မင်းကမွေးရာပါအကြားမြင်စွမ်းရည်ပိုင်ဆိုင်ထားတယ် ပြောရမယ်ဆို ဗေဒင်၊အကြားမြင်ဘက်ကိုလုပ်စေချင်ပုံရတယ် ဒါမှမဟုတ်မင်းကို ကောင်းတဲ့လမ်းဘက်ကိုလျှောက်လှမ်းစေချင်ပုံပေါ်တယ် ပီးတော့မင်းကိုသံဝေဂရစရာကောင်းမှု၊မကောင်းမှုလုပ်ခြင်းရဲ့အပြစ်အကျိုးတွေကိုလဲအိပ်မက်ထဲမှာပြသလေ့ရှိတယ်