ဘယ်လိုလူနဲ့ထပ်ဆုံတွေ့ရမလဲ

ဘယ်လိုလူနဲ့ထပ်ဆုံတွေ့ရမလဲ




Pile 1
ဒီတစ်ခါထပ်ဆုံတွေ့ရမယ့်သူက အားလုံး perfect ဖြစ်နေတယ်ဆိုပီးပြောလို့ရတယ် ကိုယ်လိုချင်တဲ့စိတ်ကူးထဲကပုံစံ ကိုယ်စိတ်ကူးထားတဲ့အိပ်မက်ထဲက type မျိုးဖြစ်လိမ့်မယ် လူရဲ့ပုံပန်းသဏ္ဍန်ဟာဆိုရင်လည်း
ကိုယ်လိုချင်တဲ့ပုံစံမျိုး သူ့ရဲ့အသွင်အပြင်အသားအရေ အရပ်အမောင်းကအစ ပီးတဲ့အခါ type ကအစ ကိုယ်လိုချင်တဲ့ type မျိုးကို ဆုံရပါလိမ့်မယ် ပီးတဲ့အခါကျတော့သူ့ဘက်ကနေကိုယ့်ကိုအစစအရာရာ
စိတ်ပိုင်းဆိုင်ရာကော လိုအပ်တဲ့အလုပ်အကိုင်ပိုင်းရောငွေကြေးပိုင်းကကောအစ supporting ပေးတဲ့သူနဲ့
ထပ်ပီးတော့ဆုံတွေ့ရမှာပါ ကိုယ့်အပေါ်မှာသနားကြင်နာတတ်တဲ့သူဖြစ်လိမ့်နယ် ဂရုစိုက်တဲ့သူဖြစ်လိမ့်မယ် နွေးနွေးထွေးထွေးနဲ့ နွေးထွေးပေးတဲ့သူမျိုးနဲ့ဆုံရမှာပါ


Pile 2
ကိုယ်ဆုံရမယ့်သူက စိတ်နှစ်ခွရှိတဲ့သူမျိုးဆုံရပါလိမ့်မယ် သူတို့မှာက ကောင်းတဲ့စရိုက်လည်းရှိသလို
မကောင်းတဲ့စရိုက်လည်းရှိတယ် တစ်ခါတစ်လေကျတော့ကိုယ်ကနားလည်ရခက်ပီးတော့ တစ်ခါတစ်လေကတော့လည်းအရမ်းနားလည်လွယ်တဲ့သူမျိုးနဲ့ဆုံပါလိမ့်မယ် ထပ်ဆုံတွေ့ခဲ့တယ်ဆိုရင်လည်း ကိုယ်ကပဲဦးဆောင်ရလိမ့်မယ် ဒီ relationship နဲ့ပက်သက်ပီးတော့နှစ်ယောက်အဆင်ပြေဖို့ကိစ္စတွေအတွက်ကော အစစအရာရာမှာကိုယ်ကပဲဦးဆောင်နေရတာမျိုးဖြစ်တတ်တယ် သူက ကိုယ့်ကိုဦးမဆောင်ပဲ ကိုယ်ကသူ့ကိုပြန်ပီးဦးဆောင်ရတဲ့ relationship ပုံစံမျိုးဖြစ်လိမ့်မယ် အသက်အရွယ်အားဖြင့်ဆိုရင်လည်းကိုယ့်ထက်ငယ်ဖို့ပိုများတယ် သူ့ရဲ့ပုံစံဆိုရင်လည်းဂျစ်တီးဂျစ်ကန်နဲ့ ကြည့်လိုက်လို့ရှိရင်ဘာဖြစ်လို့ဖြစ်နေမှန်းမသိ
ဘာတွေ အလိုမကျမှန်းမသိဖူးဆိုတဲ့ပုံစံမျိုးနဲ့ ဖြစ်တတ်တယ် ကိုယ်ကဒီလိုလူမျိုးနဲ့ဆုံခဲ့ရပီဆိုလို့ရှိရင်
သူတို့ရဲ့စရိုက်ကိုပြင်ပေးပါ သူတို့ကိုကိုယ်နဲ့အတူတူ
အကောင်းဘက်ကိုတွဲခေါ်နိုင်ဖို့သင်ပေးပါ relationship တစ်ခုဟာတစ်ယောက်ထဲနဲ့ဦးဆောင်လို့မရဖူး နှစ်ဦးနှစ်ဖက်အဆင်ပြေမှ ဒီ relationship ကခိုင်မြဲတယ် တည်တံ့တယ်ဆိုတဲ့ဟာတွေကိုသူ့ကိုသင်ပေးပါ ဒါဆိုရင်တော့သူကလည်းကိုယ့်လိုပဲ ကောင်းတဲ့အတွေးအခေါ်တွေဖြစ်လာပီးတော့
ကောင်းတဲ့ relationship တစ်ခုသွားဖို့အတွက် အဆင်ပြေဆုံးလက်တွဲဖော်ဖြစ်လာမှာပါ