ချစ်သူမှာ လိမ်ညာထားတာရှိနေလား

ချစ်သူမှာ လိမ်ညာထားတာရှိနေလား



1..မင်းက အသဲနှစ်အောင်ချစ်တတ်ပြီး အတ္တကြီးတတ်တယ်၊ အရုပ်တွေအများကြီးမလိုချင်မမတ်မောပေမယ့် favorite အဖြစ်ဆုံး အရုပ်လေးကိုတော့ဘယ်သူ့မှမပေးချင်တဲ့ကလေးငယ်လိုပဲ မင်းစိတ်ထဲမှာ မင်းချစ်ရတဲ့သူမင်းအပေါ် ဖောက်ပြန်မလား၊ မကောင်းတာတစ်ခုခုလုပ်မလား၊ အမြဲစိုးရိမ်နေတာမျိူးတွေ့တယ်၊ pile အားလုံးထဲမှာ ဒီpile ကိုရွေးတဲ့သူတွေက အချစ်တတ်ဆုံးနဲ့ စိုးရိမ်စိတ်အများဆုံးပဲ ၊ ဒါပေမယ့်စိတ်မပူနဲ့ မင်းချစ်သူက မင်းအပေါ် မှဲ့တစ်ပေါက်မစွန်းအောင် စောင့်ရှောက်ချင်တဲ့စိတ် မိသားဖသားပီပီတောင်းရမ်းလက်ထပ်ချင်တဲ့စိတ်ရှိပြီး မင်းကို သစ္စာမပျက်ပဲချစ်နေတဲ့အဖြေကိုရပါတယ်၊ 

ပျော်လိုက်ဖို့ပြောချင်ပါတယ်၊ ဒါပေမယ့် ဒီ pile ရွေးတဲ့လူတွေက စာပြန်နောက်ကျတာ ဖုန်းမကိုင်တာ စတဲ့ gap သေးသေးလေးတွေကအစ နောက်တစ်ယောက်ရှိနေပြီလို့တွေးမိတာမျိူးတွေမြင်ပြီး တစ်ခုခုအထင်လွဲပြီဆိုရင် Sza ရဲ့ Kill bill သီချင်းလိုမျိူးဖွင့်နားထောင်ပြီးအတွေးလွန်စိတိဆင်းရဲတတ်ကြတာမျိူးတွေ့လို့ ချစ်သူအပေါ်ကို ဒီထက်ပိုယုံကြည်နိုင်ဖို့ကြ်ုးစားစေချင်တယ်၊ ဒီ pile ကိုရွေးတဲ့လူတွေက လက်ရှိချစ်သူကို နက်နက်နဲနဲတွယ်တာနေပြီးတာမို့ တော်ရုံသံယောဇဉ်ဖြတ်ရတော့မှာမဟုတ်ပါဘူး လပ်ထပ်ဖို့အထိလည်းရည်ရွယ်ထားကြတာမို့ လပ်ထပ်လို့ရကြောငိးလည်းပြောချင်ပါတယ်၊ ရေရှည်လက်တွဲရမယ့်လူတွေဖြစ်လို့ယုံကြည်မှုကိုပိုပြီးခိုင်မာအောင်တည်ဆောက်ပါလို့ပြောချင်ပါတယ်၊ ဒါမှ စိတ်မဆင်းရဲမှာ ၊ မလောင်ရမှာပါ


2..သူမင်းအပေါ်ကို သစ္စာရှိတယ်ဒါပေမယ့် မင်းစိတ်ထဲမှာသူ့ကို ယုံကြည်ပြီးစိတ်ချရတဲ့စိတ်လုံခြုံမှုရအောင် သူ့ဘက်က မလုပ်နိုင်သေးဘူး ၊ သူ့ဘက်ကလိုအပ်ချက်တွေအများကြီးရှိနေတဲ့ပုံစံပါ၊ သူ့ဘဝမှာလည်း လက်ရှိကြုံနေရတာတွေက အဆင်ပြေမနေတာများပါတယ် ငွေကြေး အလုပ်အကိုင် stable မဖြစ်တာမျိူးတွေမြင်နေရတယ်၊ မင်းကိုတော့ချစ်တဲ့စိတ်သူ့မှာရှိတယ်ဆိုပေမယ့် သူ့ဘဝနဲ့သူကြောင်ပျောက်နေတာကြောင့် မင်းကို ခေါင်းထဲမထည့်နိုင်ဘူးဖြစ်နေတာပါ၊ မင်းလည်း ခံစားမိပါလိမ့်မယ် မင်းအပေါ် အရင်ကနဲ့မတူပဲ ပြောင်းလဲလာတာမျိူးတွေ သိနေတယ်မလား ၊

 မင်းက သူ့ Daily life ရဲ့အခတ်အခဲလို့မထင်ပဲ တစ်စုံတစ်ယောက်နဲ့ဖောက်ပြန်နေလို့ မင်းကိုမချစ်တော့တာလို့မြင်နေထင်နေပြီး တိတ်တိတ်လေးဝမ်းနည်းနေရတာမျိူးတွေဖြစ်နိုင်တယ် ၊မင်းကသူ့ကို အရင်ကလိုပြန်ဖြစ်ဖို့အလိုရှိနေပေမယ့် မင်းကိူစိတ်ထဲမထည့်နိုင်တဲ့ကာလကိုရောက်နေတာမျိူးလို့တွေ့တယ်၊ ဒီအမှန်တရားကိုလက်လံရပါလိမ့်မယ် ဒီအခြေအနေမှာ မင်းကိုပြောချင်တာက သူ့ဘေးနားမှာနေပြီးလိုအပ်တာလေးတွေဖြည့်ဆည်းပေးဖို့ နားလည်ပေးဖို့ပါပဲ၊သူ့ကို personal space ပေးလိုက်ပါ၊ သူ့flow အတိုင်းသူ မျောခွင့်ပေးလိုက်ပါသူ့အပေါ်ကိုရစ်တာတွေ ပြဿနာရှာတာတွေတော့မလုပ်နဲ့ သူ့ဘာသာသူတောင်အဆင်ပြေမနေတာမို့ မင်းကပါလာစိတ်ရှုပ်အောင်လုပ်ရင်အရက်တအားသောက်တာလိုမျိုး မကောင်းတဲ့စိတ်ထွက်ပေါက်ရှာနည်းတွေလုပ်မိမှာစိုးလို့ပါ


3...မင်းချစ်သူက မင်းကို လိမ်လည်ချင်တဲ့စိတ်မရှိပါဘူး ၊ သူ့အနေနဲ့လူတွေနဲ့ ပြဿနာဖြစ်ရတာမျိူးမကြိုက်တဲ့လူပါ၊ သူ့အပေါ်ကို အပြစ်တင်တာ ၊ စကားတွေနဲ့စွပ်စွဲတာ ၊ ပြဿနာရှာတာမျိူးလုံးဝမကြိုက်တဲ့လူမို့ပါ၊ ဒါပေမယ့် သူ့အားနည်းချက်က အားနာတတ်တဲ့စိတ်လို့ပြောရမလိုပါပဲ ၊ ပြီးတော့ သူစိမ်းတွေ သူငယ်ချင်းတွေဆိုရင်မင်းထက်ပိုပြီး အလေးပေးချင် ကူညီချင်တဲ့စိတ်သူ့မှာရှိပါတယ်၊ မင်းနဲ့တင်မဟုတ်ပါဘူး သူ့သွေးသားမိသားစုနဲ့ယှဉ်ရင်တောင် ဘော်ဒါတွေအပေါင်းအသင်းတွေကိုပိုဦးစားပေးကူညီချင်တဲ့စိတ် social ကောင်းတဲ့သူတစ်ယောက်ဖြစ်နေတာပါ၊ မင်းမသိအောင် နောက်ကွယ်မှာ သူတော်ကောင်းလိုကူညီထားတဲ့ကိစ္စတွေအများကြီးရှိပါတယ်၊ 

သံယောဇဉ်မလွတ်မကင်းကိစ္စတွေတော့မဟုတ်ပါဘူး၊ အထူးသဖြင့် သူငယ်ချင်းကောင်မလေးတွေက သူသဘောကောင်းမှန်းသိလို့လာလာအကူညီတောင်း၊ သူကလည်း ကူညီ အဲ့လိုကိစ္စတွေအများကြီးရှိပါတယ်၊ ဒါတွေမင်းကိုမပြောပြပဲဖုံးကွယ်ထားတာပါ၊ တစ်ချို့ကိစ္စတွေကျ မင်းကိုလိမ်ထားသလိုမျိုးဖြစ်နေပါလိမ့်မယ်ဒီနေရာမှာသူ့ကိုအပြစ်တင်စရာမလိုပါဘူး ၊ ဘေးနားမှာရှိနေတဲ့ သူငယ်ချင်းအမည်ခံ အခွင့်ရေးသမားတွေကိုပဲအပြစ်တင်ပါ၊ ပွဲကြမ်းသင့်ရင်လည်းပွဲကြမ်းပါ၊ တချို့လူတွေက နဂါးမှန်းသိအောင် အမောက်ထောင်ပြမှ တော်ရုံကျတာမို့ ကောင်လေးကိုအပြစ်မတင်ပဲ ဘေးက ပိုးလောက်လန်းလိုအရာတွေကို အရင်ခြောက်လှန့်ဖို့ပြောချင်တယ်၊