ကိုယ့်ရဲ့အတွေးတွေးကဘယ်အပေါ်သက်ရောက်နေတာ

ကိုယ့်ရဲ့အတွေးတွေးကဘယ်အပေါ်သက်ရောက်နေတာ



Pile 1
တစ်ခါတစ်လေမှာကိုယ့်ရဲ့အတွေးတွေကရှုပ်ထွေးနေတတ်တယ်ပေါ့နော် လူတစ်ယောက်အပေါ်မှာဆိုလို့ရှိရင်လည်းအကောင်းဘက်ကိုတွေးပေးတာနဲ့ဒီလူတစ်ယောက်ရဲ့ဆိုးကွက်တွေကိုယှဥ်ပီးတော့တွေးတတ်တဲ့လူမျိုးထဲမှာပါတယ်ပေါ့နော် ကိုယ့်ရဲ့အတွေးတွေကအရာအားလုံးတော့မှန်ကန်မနေဖူးပေါ့နော် တစ်ခါတစ်လေကျကိုယ်တွေးတဲ့အတွေးကကောင်းတယ် positive ဘက်ဆောင်တယ် တစ်ခါတစ်လေကျ negative ဘက်ဆောင်တယ် ဒီလိုမျိုးယှဥ်တွဲနေတာမျိုးကိုဖြစ်တယ်ပေါ့နော် တစ်ခါတစ်လေကျလို့ရှိရင်မကောင်းတဲ့အတွေးကိုတွေးနေတာအရမ်းများတယ်တစ်ခါတစ်လေကျလို့ရှိရင်ကောင်းတဲ့အရာကိုတွေးပေးတာရှိပေမယ့်လို့ပေါ့ဒီလိုမျိုးလေးတွေတော့ရှိတယ်အဲ့ခါကျတော့ကိုယ်က negative သမားလားဆိုတော့လည်းမဟုတ်ဖူး ဒါပေမယ့် positive သမားလားဆိုတော့လည်းမဟုတ်ပြန်ဖူးပေါ့နော် ကြားထဲကနေပီးတော့မှကိစ္စတစ်ခုခုဖြစ်လာတိုင်း အရာတစ်ခုခုဖြစ်လာတိုင်း ပြဿနာတစ်ခုခုဖြစ်လာတိုင်းလူတစ်​ယောက်ကိုစပီးတွေ့လိုက်တဲ့အချိန်တိုင်းဘယ်အရာကိုမဆိုကိုယ့်ရဲ့အမြင် 

ကိုယ့်ရဲ့အတွေးမှာ နှစ်ယောက်ပြဿနာဖြစ်တယ်ပဲထားဦး ဒီလူနှစ်ယောက်အပေါ်မှာနှစ်ယောက်လုံးရဲ့အပေါ်မှာ ဒီတစ်ယောက်ကတော့ဘယ်အချက်ကောင်းတယ် ဒီတစ်ယောက်ကတော့ဘယ်အချက်မကောင်းဖူး ဒီတစ်ယောက်ကတော့ဒီအချက်လေးကောင်းတယ်ဆိုပီးတော့မှ ကိုယ်ကကြားထဲကနေတွေးနေတတ်တဲ့လူမျိုးဖြစ်တာမလို့လူကောင်းလို့လည်းပြောလို့မရသလိုလူဆိုးလို့လည်းပြောလို့မရဖူးပေါ့နော် negative သမားလို့လည်းပြောလို့မရသလို positive သမားလို့လည်းပြောလို့မရဖူး ကြားထဲမှာမျှမျှတတ်တွေးနေတဲ့လူတစ်ယောက်လို့ကြားအခြေအနေနဲ့ကြည့်မယ်ဆိုရင်ကြားထဲမှာမျှမျှတတတွေးတတ်တဲ့လူမျိုးဆိုပီးတော့ခန့်မှန်းခြေအနေနဲ့သုံးသပ်လို့ရတယ်ပေါ့နော် တစ်ခါတစ်လေမကောင်းတဲ့အတွေးလေးနဲနဲပိုပီးတော့အဓိကကလူတွေကိုမယုံလို့ပေါ့နော် မကောင်းတဲ့အတွေးလေးပိုတွေးရုံကလွဲရင်မျှမျှတတတွေးပေးတတ်တဲ့လူထဲမှာတော့ပါပါတယ်


Pile 2
ကိုယ့်ရဲ့အတွေးတွေကအမြဲရှုပ်ထွေးတတ်တယ် ကောင်းတဲ့အရာတွေကိုတွေးပေးတတ်ပါတယ် ပြဿနာတစ်ခုခုဖြစ်လာတိုင်းလူတစ်ယောက်နဲ့ကြုံလာတိုင်းဒီလူကတော့ အော် သူ့မှာဒီလိုကောင်းတဲ့အချက်လေးတွေရှိတာပဲ လူနှစ်ယောက်ပြဿနာဖြစ်ရင်လည်း အော် ဒီတစ်ယောက်ကတော့ဒီလိုမျိုးလေးဖြစ်မှာပါ အော် ဒီတစ်ယောက်ကလည်းသူ့မှာဒီလိုကိစ္စလေးရှိလို့ဖြစ်မှာပါဆိုပီးတော့ နှစ်ယောက်လုံးကောင်းတဲ့အမြင်လေးတွေးပေးတတ်တယ် ကိုယ်နဲ့ပြဿနာဖြစ်လာတယ်ဆိုရင်တောင် အော် သူကတော့ငါ့အပေါ်ဒီလိုကြောင့်မို့ဆိုတဲ့အကောင်း vibes လေးပဲရအောင်ယူပီးတော့ကျန်ခဲ့တတ်တယ် ကိုယ့်ရဲ့စိတ်ထဲမှာတော့စိတ်ရှုပ်ထွေးခြင်းတွေအများကြီးရှိတယ် ဒါပေမယ့်နောက်ဆုံးမှာအဖြေရှာလိုက်ရင်တော့ positive vibes လေးရအောင်တွေးပီးတော့မှ postive energy ယူတဲ့ထဲမှာပါတယ်ပေါ့နော် ကောင်းတဲ့အတွေးအခေါ်တွေရှိတဲ့လူတစ်ယောက်လို့ပြောလို့ရပါတယ်