ဖူးစာရှင်က ဘယ်လိုအကျင့်စရိုက်မျိုးလဲ?

ဖူးစာရှင်က ဘယ်လိုအကျင့်စရိုက်မျိုးလဲ?






Pile1
စိတ်ကိုခပ်ရှင်းရှင်း ထားတတ်တဲ့သူမျိုး၊ စိတ်ညစ်စရာဆို ခေါင်းထဲကြာကြာမထည့်တတ်ပဲ အရာရာကို go with flow ဆိုတဲ့ mindset မျိုးရှိတဲ့သူပါ။ အဲ့လိုနေလို့ ပေါ့ပျက်ပျက်မဟုတ်ဖူးနော်.. အကြည်ဓာတ်လေးနဲ့ ကိုယ်လုပ်စရာရှိတာလေးကို flowအတိုင်းလိုက်လျော ညီထွေ လုပ်သွားတတ်တာမျိုးပါ။
အပြုအမူအားဖြင့်က စိတ်နဲ့တိုက်ရိုက်အချိုးကျတယ်။ စိတ်ကြည်ရင် ကိုယ်ဟန်အမူအရာကအစ တက်ကြွနေပြီး စိတ်မကြည်ရင် အနည်းငယ်ငူငိုင်နေတတ်တဲ့သူပါ။
မိန်းကလေးဆိုရင် ပုံပန်းသဏ္ဌာန်အားဖြင့်က အနေတော် ကိုယ်လုံး၊ဆံပင်အရှည်လေးနဲ့ ကိုမှ နှုတ်ခမ်းလေးက cupid bow လေးနဲ့ပါ။
ယောက်ျားလေးဆိုရင်တော့ manlyဖြစ်တဲ့ body နဲ့ မျက်နှာအဝေ့အဝိုင်းက ပြေပြေပြစ်ပြစ်ရှိပါတယ်။
ငွေရေးကြေးရေးနဲ့ ပက်သက်လာရင်တော့ သုံးသင့်တဲ့နေရာမှာသုံးမယ်။ မသုံးသင့်တဲ့နေရာမှာဆို တစ်ကျပ်တစ်ပြားတောင်မထွက်စေရဘူးဆိုတဲ့ စိတ်မျိုးပိုင်ဆိုင်ထားကြပါတယ်။
မိသားစုထဲမှာ သူမပါရင်မဖြစ်ဖူးဆိုတဲ့အထိ အရေးပါတဲ့ လာဘ်ကောင်အကြည်ဓာတ်လေးပါ။ အဖေရယ်၊ အမေရယ်၊ ညီကိုမောင်နှစ်မတွေရယ်လို့ သိုက်သိုက်ဝန်းဝန်းလေးနဲ့ နွေးထွေးတဲ့ မိသားစုကို ပိုင်ဆိုင်ထားတဲ့ သူတွေဖြစ်ပါတယ်။


Pile2
အနည်းငယ် အေးစက်စက်နိုင်ပြီး သူ့စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာကို ခန့်မှန်းလို့မရတတ်တဲ့ အနည်းငယ် mistery ဆန်တဲ့သူမျိုးပါ။ သူစိတ်ပါတဲ့ အရာတွေကို တစ်ကုပ်ကုပ် တိတ်တိတ်ဆိတ်ဆိတ်လုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းဖို့ရည်ရွယ်ထားတဲ့ အတွေးပိုင်ရှင်တွေပေါ့။
ကိုယ့်ရဲ့ စိတ်ခံစားချက်အမှန်တို့ ချစ်တတ်တဲ့ စိတ်တို့ကို ထုတ်မပြတတ်ပေမယ့် တစ်ယောက်ဆို တစ်ယောက်တည်းကိုပဲ သဲကြီးမဲကြီးချစ်တတ်ကြတာလဲသူတို့ပါပဲ။
မိန်းကလေးဆိုရင် အသားဖြူဖြူ၊ လူကောင်သေးသေးနဲ့ အရီအပြုံးနည်းတဲ့မျက်နှာမျိုးကိုပိုင်ဆိုင်ထားတတ်ကြပါတယ်။ ဒါပေမယ့် သူတို့မျက်လုံးလေးတွေက ဝိုင်းပီး ကြည်လင်နေတတ်ပါတယ်။
ယောက်ျားလေးဆိုရင်တော့ အရပ်ရှည်ရှည်၊ အသားလတ်လတ်ကိုမှ မျက်ခုံးမွှေးထူထူလေး၊ နှုတ်ခမ်းပါးပါးလေးနဲ့ပါ။ ရီလိုက်မှ ပေါ်လာတတ်တဲ့သွား‌တက်လေးတွေပါတတ်ပါတယ်။
ငွေကြေးစီမံခံခွဲရေးမှာတော့ ဆရာတစ်ဆူလို့ပြောရလောက်အောင် စည်းစနစ်ကျတတ်တဲ့ သဘောရှိကြပါတယ်။
သူတို့တွေက များသောအားဖြင့် မိသားစုထဲမှာ middle child တွေဖြစ်ကြပီး မိသားစုကလဲ အေးအေးဆေးဆေးနဲ့ မေတ္တာပေးထိမ်းကြောင်းခြင်းကိုခံရတတ်တဲ့ အချစ်ခံလူတန်းစားတွေပေါ့။


Pile3
ဘယ်အရာမဆို do it now ဆိုတဲ့ စိတ်နဲ့ ရဲရဲရင့်ရင့် ဆုံးဖြတ်ပီး စိတ်ကူးပေါ်ရာကို ဆိုးခနဲ ဆက်ခနဲ ထလုပ်တတ်တဲ့ စိတ်မြန်လက်မြန်သမားပါ။ကိုယ်လုပ်မယ့်အရာရာတိုင်းအတွက် တိတိကျကျ အမြဲတွက်ချက်ပီး ဘဝကိုလဲ ပုံစံချပီး life goal တွေနဲ့ သွားတတ်တဲ့ detail သမားတွေဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တိုင်းကလဲ အမြဲခပ်ပြတ်ပြတ်ပါပဲ။
အမူအရာအားဖြင့်ဆို အမြဲ အကြောင်းအရာတိုင်းကို seriously တွေးပီး တည်တည်ငြိမ်ငြိမ် handle လုပ်သွားတတ်ကြပါတယ်။ ချစ်တယ် ကြိုက်တယ်တွေ ခဏ ခဏ ထုတ်မပြောတတ်ကြပေမယ့် ကိုယ့်လက်တွဲဖော်အပေါ်တော့ အရာရာတိုင်းအတွက်တာဝန်ကြေတတ်ကြပါသေးတယ်။
မိန်းကလေးဆိုရင် အသားညိုညို၊ အရပ်ရှည်ရှည် နဲ့ အနည်းငယ်တည်တံ့တဲ့ မျက်နှာထားမျိုးရှိပေမယ့် စိတ်ပါလက်ပါရီလိုက်ရင် တစ်လောကလုံး လင်းလက်သွားစေတဲ့ အပြုံးပိုင်ရှင်တွေပါ။
ယောက်ျားလေးဆိုရင်တော့ အရပ်အတော်အသင့်ရှိမယ်။ အသားလတ်ပြီး မျက်နှာကျက ယောက်ျားဆန်ဆန်မျက်နှာကျ မျိုးရှိတတ်ကြပါတယ်။ သူတို့မှာထူးခြားတာက အသံပါ။ အသံက ဩဇာငြောင်းပီးကြည်လင်နေတတ်ပါတယ်။

ငွေရေးကြေးရေးကတော့ လက်ဖွာတယ်ပြောရပါမယ်။ သနားတတ်၊ သူတစ်ပါးပေါ်ပေးကမ်းတတ်တဲ့ စိတ်နဲ့ အမြဲလှုတန်း ပေးကမ်းစွန့်ကြဲတတ်တဲ့ သူတွေပါ။ ကိုယ်ရှာ ကိုယ်သုံး ကိုယ်စု ဆိုတဲ့ mindset နဲ့ ပိုက်ဆံတော့ အတော်ရှာကြတဲ့ အမျိူးတွေပေါ့။
မိသားစု ထဲမှာတော့ သူဟာရတနာတစ်ပါးလိုတန်ဖိုးရှိပီး အားကိုးရတဲ့ သူတွေဖြစ်ပါတယ်။ မိသားစုရကံကောင်းကြတဲ့သူတွေပေါ့။ လိုလေးသေးမရှိမွေးဖွားလာပေမယ့် အသိ၊ သတိနဲ့ အမြဲထိမ်းကြောင်းပီး လမ်းပြပေးကြတဲ့ မိဘတစ်စုံကိုပိုင်ဆိုင်ထားတဲ့ ကံကောင်းသူတစ်ယောက်ပါ။