အချစ်ရေးက ဘယ်လိုမျိုးဖြစ်နေလဲ

အချစ်ရေးက ဘယ်လိုမျိုးဖြစ်နေလဲ




Pile1:
Singleအချစ်ရေးစန်းပွင့်လွန်း‌ေနမယ်။ကိုယ်သဘောကျတာတစ်ယောက်၊ကိုယ့်ကိုသဘောကျတာတစ်ယောက်။ ဝေခွဲစရာများကြုံနေရတတ်တယ်။ယုံရမလို၊မယုံရမလို။ချစ်ရမလို ၊မချစ်မလိုဖြစ်နေတတ်တယ်။
Situationship
တစ်ဖက်သူက အနည်းငယ်သွေးအေးနေသလိုဖြစ်နေမယ်။လက်ရှိမှာ ကိုယ့်စိတ်တိုင်းမကျဘဲ အချစ်ရေးမှာ အနည်းငယ် ပူလောင်နေတာမျိုးလေးဖြစ်နေတတ်တယ်။
Rs
ရည်းစားရှိလျက် အချစ်ငတ်နေတတ်တယ်။အခုချိန်မှာအထီးကျန်ဆန်နေမယ်။ အချစ်ရေးမှာ ပူပင်သောကကြုံနေရတတ်တယ်။လက်ထပ်ဖို့ရည်ရွယ်ထားရင် အသိုင်းအဝိုင်း ပြဿနာ တွေ နှောက်ယှက်ခံရတတ်တယ်။


Pile2:
Single
ကိုယ်ကိုတိုင်(or) တစ်ဖက်သူရှိရင် နှစ်ယောက်ထဲကတစ်ယောက်က အရမ်း flirting skills ကျွမ်းပြီး တစ်ယောက်မက စကားပြောဖြစ်နေမယ်။ကိုယ့်အပေါ် မကောင်းတဲ့သူကိုမှ မစွန့်ပစ်နိုင်ဖြစ်နေတတ်တယ်။
Situationship
တစ်ဖက်သူမှာ မပြတ်သားနိုင်သေးတဲ့ exကြောင့် ကိုယ့်အပေါ် အာရုံအပြည့်မရတာမျိူးလေးဖြစ်နေတတ်တယ်။on and off ပုံစံမျိုးလေး(နွေးထွေးရင်လည်း အရမ်းနွေးထွေးပေးပြီး တစ်ခါတလေ အေးစက်နေတတ်တယ်)။ရှေ့မရောက်နောက်မရောက်ဖြစ်နေမယ်။(LDRS)မျိုးလေးလည်းရှိတာတွေ့ရတယ်။
Rs
တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတာမျိုးလေးဖြစ်တတ်တယ်။ အကြောင်းမရှိ အဆက်အသွယ်ပြတ်တာမျိုး၊ အေးစက်တာမျိုးလေးဖြစ်တတ်တယ်။တားမြစ်ထားတဲ့ အချစ်မျိုးဖြစ်တတ်တယ်။ (LDRS)ဖြစ်တတ်လို့ လက်ရှိ relationship ပေါ် တော်တော်ဂရုစိုက်ပါ။ Third party လေးတွေလည်းတွေ့ရတယ်။


Pile3:
Single
ကိုယ့်မှာ ရွေးချယ်စရာပေါ်လာတတ်တယ်။ အသားဖြူတဲ့သူနဲ့ အသားအနည်းငယ်ညိုတာမျိုး ရွေးရခက်‌နေတတ်တယ်။ အချစ်ရေးမှာ အယုံအကြည်ကင်းမဲ့နေတတ်တယ်။
Situationship
တစ်ဖက်သူမှာမပြီးပြတ်နိုင်သေးတဲ့ သူ တစ်ယောက်နဲ့ ကိုယ်နဲ့ကြား သူမှာရွေးချယ်ရခက်နေတတ်တယ်။
သူ့အနေနဲ့ ဘာဆက်လုပ်ရမလဲ တွေဝေနေတာမျိုးဖြစ်နေမယ်။ကိုယ်အနေနဲ့လည်း အကောင်းဆုံးကြိုးစားပါလျက် ပင်ပန်းရတာမျိုး၊ပူလောင်ရတာမျိုးဖြစ်တတ်တယ်။
Relationship
အခုချိန်မှာ သူက ကိုယ့်ကို သိပ်တန်ဖိုးမထားတာမျိုးလေးဖြစ်နေတတ်တယ်။လက်ရှိအချစ်ရေးကို စိတ်ကုန်၊စိတ်ပျက်ဖြစ်နေတာမျိုးဖြစ်နေတတ်တယ်။
လက်ရှိအချစ်ရေးမှာလည်း ချစ်သူကို မယုံသလိုဖြစ်နေမယ်။ မယုံပါနဲ့လို့ပဲ ပြောပါရစေ။