အခုချိန်ထိသူ့ကိုစောင့်နေသေးတာကမှန်ကန်ရဲ့လား

အခုချိန်ထိသူ့ကိုစောင့်နေသေးတာကမှန်ကန်ရဲ့လား




Pile 1
မမှန်ကန်ပါဖူးမျှော်လင့်ချက်လေးတွေကသာရှိတယ်
ဒါပေမယ့်တစ်ယောက်ထဲရုန်းကန်နေရတယ်
ကိုယ်ကသာအဆင်မပြေဖြစ်ပီးတော့တစ်ယောက်ထဲရုန်းကန်ပင်ပန်း သူ့ကြောင့်နာကျင်နေရတာ တစ်ဖက်ကတော့ကိုယ်နဲ့ပက်သက်ပီးတော့ ဘာမှမနာကျင်သလိုသူ့ဘဝကြီးကအေးအေးဆေးဆေး
လျှော်လျှော်လျှူလျှူဖြတ်သန်းနေတာပဲ
ဒီအရာကိုကြည့်ပီးတော့သူကတောင်မှ
အဆင်ပြေအောင်နေနိုင်တာကိုယ်ကဘာလို့သူ့လိုပဲ
အဆင်ပြေအောင်မနေနိုင်ရမှာလဲ သူ့ကိုဘာလို့ထပ်ပီးတော့စောင့်နေရမှာလဲ အဲ့လိုတွေးပီးတော့အခါမှာ
သူ့ကိုစောင့်နေတာကရပ်လိုက်ပါ ကိုယ့်အတွက်စစ်မှန်တဲ့လူ ကောင်းတဲ့လူ ပျော်ရွှင်မှုဆိုတာတွေ့လာမှာပါ
ကိုယ့်ကိုကိုယ်ပိုပီးချစ်တတ်အောင်ဒီအချိန်မှာ
အများကြီးသင်ယူခွင့်ရပါလိမ့်မယ်


Pile 2
စောင့်နေတာကမှန်တယ်လို့လည်းပြောလို့ရသလို
မမှန်ကန်ဖူးလို့လည်းပြောလို့ရပါတယ် သူကတစ်ချိန်မှာကိုယ့်ဆီပြန်လာခဲ့တယ်ဆိုရင်တောင်မှ နှစ်ယောက်ပြိုင်တွဲတာမျိုးတွေဖြစ်လိမ့်မယ် သူ့အနားမှာ
ကိုယ့်အပြင်တစ်ခြားတစ်ယောက်ပါလာတတ်တာမျိုးကြုံရတတ်ပါတယ် မိန်းကလေးတွေအနေနဲ့ဆိုရင်တော့ယောကျ်ားလေးတွေကသေချာပေါက်ကိုပြန်လာပါလိမ့်မယ် ယောကျ်ားလေးတွေအနေနဲ့ဆိုရင်တော့
ဒီမိန်းကလေးက တစ်ခြားတစ်ယောက်ကိုစိတ်ဝင်စားနေပီးတော့ သူကကိုယ့်ကိုပြန်လက်ခံတဲ့အချိန်မျိုးမှာလည်း သူ့ဘက်ကနှစ်ယောက်ကိုပြိုင်တွဲတာမျိုးဖြစ်နေတတ်ပါတယ် ကိုယ်စောင့်နေတဲ့သူရဲ့ပုံစံကိုသေချာလေးကြည့်ပီးတော့မှ ကိုယ့်ဘက်ကဆက်စောင့်နေသင့်လား ဆက်မစောင့်နေသင့်လားဆိုတာကို ဝေခွဲပါ ဆုံးဖြတ်ပါနော်