ဒီတိုင်းပဲ တစ်ခုရွေး

ဒီတိုင်းပဲ တစ်ခုရွေး



1.. တစ်စုံတစ်ယောက်ဆီက လက်ဆောင် သို့မဟုတ် လိုအပ်နေတဲ့အကူအညီတွေရရှိနိုင်သလို ကိုယ်တိုင်လည်း အကူအညီပေးရတာ ၊ချစ်ခင်ရသူများအတွက် လက်ဆောင်ဝယ်ပေးရတတ်ပါတယ် ။ငွေကြေးကံကောင်းမှုကြုံရတတ်ပြီး လက်ရှိကြုံနေတဲ့အဆင်မပြေမှုတချို့ ပြေလည်သွားပါလိမ့်မယ် ။ကောင်းမွန်တဲ့မိတ်ဆွေနဲ့ဆုံဆည်းရတတ်တာမို့ တန်ဖိုးထားပါ ။တချို့ ချစ်ရသူထံမှ သနားကြင်နာခြင်းကို ရရှိပါလိမ့်မယ် ။မျှော်လင့်တောင့်တနေတဲ့အရာတစ်ခုနဲ့ပတ်သက်ပြီး အဆင်ပြေမှုကြုံပါမယ် ။အမျိုးသားတစ်ဦးဆီက အကူအညီကောင်းတွေ ရရှိပါလိမ့်မယ် ။


2..အနည်းငယ်အထီးကျန်နေရတတ်ပြီး စိတ်ကလေးမကြည်မလင်ဖြစ်နေရတတ်တယ် ။သို့သော် ကံအားဖြင့်မြင့်မားကောင်းမွန်နေတာမို့ အရာရာအဆင်ပြေပါလိမ့်မယ် ။လုပ်ဆောင်နေတဲ့အရာတွေ အောင်မြင်ပြည့်ဝမှာပါ ။တချို့ လုပ်စရာတွေများနေပေမယ့် အနားယူချင်တာ ၊အချိန်နောက်ရွှေ့မိနေတာတွေ ဖြစ်နေတတ်ပါတယ် ။ကိုယ့်ကိုယ်ကိုယ်အချိန်ပေးပြီး ခေတ္တအနားပေးလိုက်ပါ ။မိခင် သို့မဟုတ် အမျိုးသမီးတစ်ဦးကြောင့် လက်ရှိခံစားနေရတဲ့အရာကို ဖြတ်ကျော်နိုင်ပါလိမ့်မယ် ။မင်းဆီကို ‌ချဉ်းကပ်လာသူတွေရှိလာတတ်ပြီး မင်းရဲ့အထီးကျန်ခြင်းက ပြေပျောက်သွားမှာပါ ။အချိန်ကိုသေချာစီမံခန့်ခွဲပြီးအသုံးချနိုင်ဖို့ ကြိုးစားကြည့်ပါ ။အရာရာအကောင်းဆုံးဖြစ်လာပါလိမ့်မယ် ။