သိထားရမယ့်အရာတွေ

သိထားရမယ့်အရာတွေ



1...မင်းလုပ်ခဲ့တဲ့အရာအားလုံးရဲ့ ကံအကျိုးပြန်လည်ခံစားရမယ့်အချိန်ဖြစ်တယ် ။ကောင်းခြင်း ၊ဆိုးခြင်း အားလုံးပြန်လာနေပြီဖြစ်တယ် ။အစစအရာရာကိုသတိထားလုပ်ကိုင်ရမယ့်အချိန်ပါ ။မင်းရဲ့ကျန်းမာရေးနဲ့ မင်းရဲ့စိတ်တွေကိုလည်း ဂရုစိုက်ရမယ် ။မျက်လုံး ၊ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ဝေဒနာလေးတွေခံစားရတတ်ပြီး အပြင်စာတွေ လျော့စားပါ ။အစားမှားတတ်ပါတယ် ။စိတ်အတက်အကျလေးတွေမြန်နေတတ်သလို မင်းမှာဖြစ်ပျက်တဲ့ကိစ္စလေးတွေကလည်း အပြောင်းအလဲမြန်နေတတ်ပါတယ် ။ရည်ရွယ်ထားတဲ့အရာလေးတွေလည်း မြန်မြန်ဆန်ဆန်နဲ့ပဲအဆင်ပြေသွားတတ်ပါတယ် ။နောက် မင်းရဲ့အနားမှာ နာမ်ပိုင်းဆိုင်ရာတွေ နီးနီးကပ်ကပ်ရှိနေပြီး မင်းကိုစောင့်‌ကြည့်နေပါတယ်


2..မင်းအတွက် ကံအနေအထားအားဖြင့် ရွေးချယ်စရာလေးတွေကြုံရတတ်တယ် ။အထူးသဖြင့် အချစ်ရေးပိုင်းမှာ ဆုံးဖြတ်ချက်ချရတာလေးတွေရှိမယ် ။ဘာလေးပဲလုပ်လုပ် ရွေးချယ်ပြီးမှလုပ်ကိုင်ရတတ်သလို စကားများများပြောမှ ၊အငြင်းအခုန်လေးတွေဖြစ်ပြီးမှ အဆင်ပြေသွားတာမျိုးလေးတွေ ကြုံရတတ်တယ် ။အနီးအနားမှာ မနာလိုသူ သို့မဟုတ် ပြိုင်ဖက်ရှိနေတတ်ပြီး မင်းရဲ့အမှားကိုစောင့်ကြည့်နေတတ်ပါတယ် ။ရေခြားမြေခြား အဝေးကလူတွေအကျိုးပေးတတ်ပြီး ရပ်ဝေးကချစ်ခြင်းမေတ္တာတွေ ရောက်ရှိလာတတ်ပါတယ် ။ချစ်သူမရှိသူများ ချစ်သူရရှိတတ်ပြီး အမျိုးသားများစန်းအားကောင်းမွန်နေပါလိမ့်မယ်