လူတွေဆီက လူပါးဝတာကိုခံခဲ့ရဖူးလား

လူတွေဆီက လူပါးဝတာကိုခံခဲ့ရဖူးလား



Pile 1
ခံခဲ့ရဖူးတာပေါ့ခဏခဏခံခဲ့ရဖူးတယ် ငါ့ကိုဒီလူတွေကမလုပ်လောက်ပါဖူးဆိုတဲ့လူတွေကပဲပြန်လုပ်တယ်
သူတော့ပြုပြင်ပြောင်းလဲသွားပါပီဒီလူကိုတော့ငါပြန်ယုံကြည့်လို့ရပါပီလို့ထင်ထားတဲ့အခါမှဒီလူတွေဆီကလူပါးဝတာကိုခံခဲ့ရတယ် ခဏခဏခံခဲ့ရတယ် ဒါကလည်းအမှတ်မရှိတဲ့ထဲမှာပါတယ် အခုချိန်ကစပီးဒီစာကိုဖတ်ပီးလိုက်တာနဲ့သိတတ်ပါတော့ လူဟောင်းလူသစ်မရွေးကိုယ့်ကိုအချိန်မရွေးလူတွေဆီကနေလူပါးဝတာကိုခံရနိုင်တယ် ခေါင်းပေါ်ပါချီးတက်ပါခံရတဲ့အခြေအနေအထားမျိုးထိကြုံရတတ််ပေါ့နော်ခေါင်းခေါက်သွားပီးတော့မှ sorry ပါဆိုပီးတော့တောင်းပန်ကြတာမျိုးလည်းရှိတယ်ပေါ့နော် ဟောကိုယ့်ကိုတမင်သက်သက်ကြီးလာပီးရို-က်သွားပီးတော့မှ အော် မတော်တဆဆိုပီးပြောခံရတာမျိုးတွေနဲ့ဆင်တူဖြစ်ရပ်မျိုးတွေမလုပ်ရုံတမယ်စိတ်ထဲမှာအများကြီးလူပါးဝတဲ့ဖြစ်ရပ်တွေကိုကြုံခဲ့ရတယ်

ဒါတွေနဲ့ပက်သက်ပီးတော့အရမ်းမအပါနဲ့တော့အတယ်ဆိုတာထက်အားနာတာပေါ့နော် လူတွေအပေါ်ကိုအားမနာပါနဲ့တော့ အားနာတတ်တဲ့အကျင့်မျိုးကိုပြင်လိုက်တော့ပေါ့နော် အခုချိန်ထိဒီလူကိုငါအားနာနေသေးတယ်ဆိုရင်ဒီလူတွေဆီကလူပါးဝတာအရင်တစ်ခါကကိုယ်ကသူလူပါးဝတာကိုခံရပီးတော့စိတ်ထိခိုက်မှုတစ်ဆယ်ရာခိုင်နှုန်းဖြစ်သွားတယ်ဆိုရင်နောက်တစ်ခါမှာသူကနှစ်ဆယ်ရာခိုင်နှုန်းကိုယ့်ကိုစိတ်ထိခိုက်အောင်လုပ်မှာပဲနောက်ထပ်တစ်ခါမှာဆိုရင်လည်းသူကလေးဆယ်ရာခိုင်နှုန်းထိခိုက်အောင်လုပ်မှာပဲ ဒီလိုပုံစံမျိုးနဲ့လူတွေဆီကလူပါးဝတာကထပ်ခံရနိုင်တာမို့အားမနာပါနဲ့တော့ အားနာခြင်းကကိုယ့်ကိုလူတွေဆီကအများကြီးလူပါးဝတာကိုခံရစေတယ်လူတွေကိုမငဲ့ပါနဲ့တော့သူတို့အစားမတွေးပေးပါနဲ့တော့


Pile 2
ကိုယ်ကိုယ်တိုင်ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အချိန်မှာတောင်မှလူတွေဆီကလူပါးဝခြင်းကိုခံရတယ် ကိုယ့်အပေါ်မှာလူတွေကအများကြီးမိုက်ရိုင်းခဲ့တယ်လူပါးဝတယ်ဆိုတာထက်ကိုကိုယ့်ကိုသူတို့ရဲ့စိတ်ရင်းထဲမှာမရှိဖူးလို့တွေးလိုက်ရမလားတစ်ခါတစ်လေကျလို့ရှိရင်ကိုယ်ကသူတို့အကူအညီလိုတဲ့အခါမှာကူညီခဲ့တယ်ဒါပေမယ့်ကိုယ်အကူအညီလိုတဲ့အချိန်ကျရင်လူပါးဝခံခဲ့ရတယ် ကိုယ့်ရဲ့ရင်ဖွင့်တာတွေကအစနားမထောင်ပေးဖူး ကိုယ်ကတော့သူများဘာဖြစ်နေလဲသူများအဆင်မပြေချိန်မှာအသင့်ရှိခဲ့တယ်ဆိုပေမယ့်ကိုယ့်ဘဝအတွက်ကျတော့လူတွေကအကူအညီလိုတဲ့အချိန်မှာမရှိပေးဖူးဒီလိုကိစ္စတွေကအစလူပါးဝတာကိုခံရတယ်ပေါ့နော် တစ်ခါတစ်လေကျလို့ရှိရင်ဘာလို့လဲသူကငါ့အပေါ်ဘာလို့မကောင်းတာလဲ ငါလုပ်ပေးပီးဘာလို့ငါ့အပေါ်လူပါးဝကျတာလဲဆိုပီးတော့မတွေးပါနဲ့

ဒီလောက်ထိတွေးဖို့ကိုသူတို့က ကိုယ့်အတွက်ကိုစာရင်းထဲမှာရှိမနေတာမလို့ကိုယ့်ဟာကိုတစ်ယောက်ထဲနေပါ
ကိုယ့်ကိုကိုယ်တစ်ယောက်ထဲတောက်ပပါ လူတွေအားလုံးနဲ့ဆန့်ကျင်ပီးတစ်ယောက်ထဲနေခိုင်းတာမဟုတ်ဖူး သူတို့ရဲ့စိတ်တွေကမစစ်မှန်ဖူးသူများအပေါ်မှာထိခိုက်လိုတဲ့စိတ်ရှိတယ် သူများအတွက်ငဲ့ကွက်ပေးတဲ့လူတွေမဟုတ်တာမို့ ကိုယ်ချင်းစာတရားထားပီးတော့ဒီလူတွေဆီကလူပါးဝတာကိုမခံပါနဲ့တော့ ကိုယ်ချင်းစာတရားနဲတဲ့လူတွေဖြစ်တာကြောင့်မလို့ကိုယ်ကကိုယ့်ကိုကိုယ်အဆင်ပြေအောင်နေပီးတော့ဒီကိုယ့်ကိုလူပါးဝတဲ့လူတွေဆီကရုန်းထွက်လိုက်တာအကောင်းဆုံးပါ