Marchလအတွက် love message

Marchလအတွက် love message



1..ရုတ်တရက်ချစ်မိသွားတာတို့၊ မမျှော်လင့်ဘဲချစ်မိတာတို့ကြုံရတတ်တယ်။အဲ့လိုကြုံတွေ့ရသူက ကိုယ့်ရဲ့ right person, right time ဖြစ်နေမယ်။အချစ်ရေးမှာ နည်းနည်းပူလောင်နေတာမျိုးလေးဖြစ်နေတတ်တယ်။ ကိုယ့်စိတ်တိုင်းမကျဖြစ်နေတတ်တယ်။ကိုယ်တွေးနေတဲ့သူက နည်းနည်း ဖုံးကွယ်လျှို့ဝှက်တတ်သူဖြစ်တယ်။ကိုယ်‌ေတွး‌ေနသူကcrushဆိုရင် ရေးးး အခြေအနေတိုးတက်လာမယ်။ အဆင်မပြေဖြစ်နေသူများ ပြန်လည်ညှိနှိုင်းအဆင်ပြေမည်။

Love message
"ငါကမင်းအတွက်မဟုတ်မှန်း ငါတို့နှစ်ယောက်လုံးသိနေတာပဲလေနော်။ငါဘဝက မင်းမြင်တာ၊ထင်ထားတာနဲ့ မတူဘူး။မင်းငါ့ကိုတစ်နေ့ ခွင့်လွှတ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ကိုယ််မင်းကို နာကျင်မှုတွေကနေ ဆွဲထုတ်နိုင်ပါ့မလား။ ကိုယ်အမှန်တိုင်းပြောရင် ကိုယ်မင်းကိုချစ်တယ်။ ကိုယ်တို့ဆက်ဆံရေးကို အခုထက်လည်း ပိုပိုပြီးကောင်းမွန်ချင်ပါတယ်။ငါမင်းနားကို မကပ်လာရဲသေးဘူး"

Angel message
ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ၊ကိုယ်ဖြစ်ချင်တဲ့အရာ၊ကိုယ်ဆုတောင်းထားတာတွေ ဖြစ်လာဖို့ နီးကပ်လာပြီနော်။ပုံမှန် healing လေးလည်းလုပ်နော်။
Manifest ထားသူများ ပြည့်ဝဖို့ တော်တော်လေးနီးနေပါပြီနော်၊မင်းဆုတောင်းတွေ ‌ပြည့်လာတော့မယ်နော်။


2..ကိုယ်တွေးနေတဲ့သူနဲ့ ကိုယ်နဲ့ သဘောထားကွဲလွဲမှုကြုံရတတ်တယ်။ကိုယ်တွေးနေတဲ့သူနဲ့ ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားတတ်တယ်။တားမြစ်မှုများတဲ့ အချစ်ရေးဖြစ်တတ်တယ်။Third party ရှိနေတတ်တယ်။LDRSဖြစ်ရင်ဖြစ် မဟုတ်ရင် စိတ်ချင်းဝေးကွာနေတတ်တယ်။ကိုယ့်အပေါ်ကောင်းပြီး ဂရုစိုက်ပေးတတ်သူကို ပစ်ပယ်ထားတတ်ပြီး ကိုယ့်အပေါ်မကောင်းတဲ့သူကို ခင်တွယ်နေမယ်။ဆက်ဆံရေးတစ်ခုမှာ ရှေ့မရောက်နောက်မရောက်ဖြစ်နေတတ်တယ်။

Love message
ငါမင်းကို လိုချင်တယ်။ငါမင်းကို နာကျင်နေတဲ့အရာကနေ ဆွဲထုတ်ပေးချင်တယ်။ခုချိန်မှာ ငါကိုယ်ငါ အဆင်မပြေနိုင်ဘူး ။မင်းနဲ့တွေ့ဆုံခွင့်ရတာကျေးဇူးတင်ပါတယ်နော်။ငါကမင်းအတွက်မဟုတ်မှန်းငါတို့နှစ်ယောက်လုံးသိနေတာပဲလေ။အဲ့တာကြောင့် မင်းအပေါ်ခံစားချက်ကျန်‌ေန‌ေသးရင်တောင် ငါ့ခံစားချက်တွေကို ထုတ်မပြတော့ဘူး။

Angel message
မင်းဖြစ်ချင်တာကို သိအောင်လုပ်။မင်းဆုံးဖြတ်ပြီးရင်လည်း အဲ့အတွက် တွန့်ဆုတ်မနေနဲ့။မင်းက ချစ်ဖို့ထိုက်တန်တဲ့သူတစ်ယောက်ပါ။


3..အချစ်ရေးမှာ ကြားညှပ်ခံဖြစ်နေမယ်။ ကိုယ်ကချစ်တာတစ်ယောက်၊ကိုယ့်ကိုချစ်တာတစ်ယောက်ဖြစ်နေမယ်။ ရည်းစားဟောင်းကိုပြန်လိုချင်တာမျိုးလေးဖြစ်နေတတ်တယ်။အသက်အရွယ်က ၂နှစ် or ၅နှစ်ကွားခြားနေတတ်တယ်။လက်စားချေစိတ်တွေ ကိန်းအောင်းနေတာတွေ့ရတယ်။ ပြန်ပြီးပညာပေးချင်တာမျိုးဖြစ်တတ်တယ်။

Love message
မင်းကို တစ်ခြားတစ်ယောက်နဲ့တွေ့တဲ့အခါ မင်းဆီကနေ ကိုယ်ထွက်ပြေးခဲ့တယ်။မင်းကို ထားခဲ့မိတယ်။အဲ့အတွက်မင်း‌ငါ့ကိုတစ်နေ့တော့ ခွင့်လွှတ်နိုင်ဖို့မျှော်လင့်ပါတယ်။မင်းက ငါမရှိလဲပျော်နေတာပဲလေ။ငါ့ခံစားချက်တွေ ဖုံးကွယ်ထားလိုက်တာပဲကောင်းပါတယ်လေ။မင်းနဲ့ဆုံတွေ့ခွင့်ရတာကိုလည်း ကျေးဇူးတင်မိပါတယ်။မင်းအတွက်ကောင်းသောအရာ၊သတင်းတွေ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ငါအခုထက် ပိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားလိုက်ဦးမယ်။

Angel message
သူနဲ့ soulmate connection ပါ။ဘုရားတရားများများလုပ်ပါ။ မင်းအချစ်ရေးကံကောင်းလာမယ်။ သူငယ်ချင်းတွေရဲ့ အကြံအဉာဏ်တွေ ယူပါ။စိတ်နှလုံးသား တခါးလေးဖွင့်ထားနော်။အဆင်ပြေကောင်းမွန်လာမယ်။