တစ်ဖက်လူက ကိုယ့်အပေါ်ချစ်​သေးလား (or)move onလိုက်ပီလား...

တစ်ဖက်လူက ကိုယ့်အပေါ်ချစ်​သေးလား (or)move onလိုက်ပီလား...



1..တစ်ဖက်လူနဲ့ကိုယ်နဲ့ကြားကenergyအရ တစ်ယောက်ပေါ်တယောက်တကယ်ချစ်ကြတယ်သံယောဇဥ်ရှိကြတယ် ဒါမဲ့ဘေးကသွေးထိုးတဲ့သူတွေ၊မိသားစုတွေကြောင့်နှစ်ယောက်က ကြားခံနယ်ကကြိုးရုပ်တေလိုဖစ်နေကြရတယ်။ နှစ်ယောက်လုံးကအယုံလွယ်ကြတယ်။ ကိုယ့်ကိုယ်ကိုအထင်ကြီးနေကြတယ်။အ့တာတွေကြောင့်ချစ်ကြပေမဲ့အနှောက်အယှက်တွေ ဘေးပယောဂတေကြောင့်ပူလောင်နေကြရတယ်။တစ်ဖက်လူကကိုယ့်ကိုယ်ချစ်သေးတယ် ဒါမဲ့သူ့အချစ်ကပူလိုက်အေးလိုက်ဖစ်နေမယ်။ move onဖို့တော့မကြိုးစားသေးဘူး။ဒါပေမဲ့သူ့ရှိရင်းခံစားချက်တေကိုတော့လျော့ချဖို့နဲ့ အ့ထက်ပိုပီးကိုယ့်အပေါ်ခံစားချက်မထားတော့ဖို့တော့သူ့ကိုယ်သူထိန်းချုပ်နေလိုက်တယ်


2..တစ်ဖက်လူနဲ့ကိုယ်နဲ့ကြားမှာလိုအပ်တာက တန်ဖိုးထားပေးဖို့ချစ်ပေးဖို့လိုအပ်တယ်။ သူ့ကိုလဲတန်ဖိုးထားသင့်သလို ကိုယ့်ကိုယ်ကိုလဲတန်ဖိုးထားချစ်သင့်တယ်။ နှစ်ယောက်ကြားမှာ အရမ်းလွှမ်းမိုးချင်တဲ့စိတ်တေကိုပြင်ဆင်ပါ။ တစ်ယောက်နဲ့တယောက်ကတွဲလာတာကြာပီလဲဖစ်နိုင်သလို ကိုယ်နဲ့သူကကလေးလိုမရင့်ကျက်သေးတဲ့အနေအထားထဲကသံယောဇဥ်ရှိလာကြတဲ့သူတွေလဲဖစ်နိုင်တယ်။ နှစ်ယောက်ကြားကconnectionကမပြတ်သွားဘူး ပြန်ပီးတူတူရှိကြရလိမ့်မယ်။တစ်ဖက်လူအနေနဲ့ကိုယ့်ကိုယ်move onဖို့ကြိုးစားနေပါတယ်နော် သူထင်တာကတော့သူနဲ့ကိုယ်ကမဖစ်နိုင်တော့ပုလို့ထင်နေတယ် နောက်ပီးသူလဲလိမ်ထားတာတေရှိတယ် ကိုယ်မသိတာတွေပေါ့ အ့တော့ကိုယ်ကအမှားတေရှိခဲ့ရင်တောင်ကိုယ့်ကိုယ်ကိုအရမ်းအပြစ်မတင်ပါနဲ့သူ့မှာလဲကိုယ်မသိတဲ့အမှားတေရှိခဲ့ပါတယ်နော် သူ့ဘက်ကတော့ကိုယ့်ကိုယ်သူ့ဘဝရဲ့အကောင်းဆုံးလူလို့တော့သတ်မှတ်ထားတယ်စိတ်ထဲမှာ။


3..တစ်ဖက်လူနဲ့ကိုယ်နဲ့ကြားenergyအရ. တစ်ဖက်လူကကိုယ့်ကိုယ်အရမ်းအားကိုးတယ် မှီခိူတယ် ကိုယ်ကသူ့ထက်စိတ်ဓာတ်မာတယ်လို့ယူဆထားတာ​ကြောင့်ကိုယ့်အပေါ်မှီခိုချင်တဲ့ပုံမျိုးတွေ့ရတယ်။ နှစ်ယောက်ကချစ်ကြတယ်။ ဒါမဲ့ကိုယ်တိုင်မှာကရွေးချယ်စရာရှိနေတယ်လို့မြင်မိတယ်။ကိုယ့်ရဲ့တဖက်လူက ကိုယ့်ရဲ့လွှမ်းမိုးမှုအောက်မှာရှိနေပီးကိုယ်တိုင်ကတော့ရွေးချယ်ရမယ့်အခြားသူပါရှိနေတတ်တယ်။ ကုန်ကုန်ပြောရရင်တော့တဖက်လူကကိုယ့်အပေါ်တကယ်မေတ်တာရှိပီးချစ်တယ် ရေရှည်တွက်လဲတွေးထားတယ်။move onလို့တော့မရဘူး ကိုယ့်အကြောင်းတေအမြဲတွေးဖစ်နေတယ် ဒါမဲ့ကိုယ့်အပေါ်တခုခုကိုစိတ်ဆိုးနေတာနာကျည်းနေတာမျိုးလေးတေတော့ရှ်နေတတ်တယ် အဓိကကိုယ့်ရဲ့သူ့အပေါ်ပြောတဲ့နာကျင်စရာစကားတေပေါ့ ချစ်တာကချစ်သေးတယ်။