ကိုယ်သာတကယ်လို့ နတ်☀ ဖစ်ခဲ့ရင် ဘယ်လို အရည်အချင်းတေနဲ့ ရှိနေမလဲ..⚜🕊Pick A Card...🔮

ကိုယ်သာတကယ်လို့ နတ်☀ ဖစ်ခဲ့ရင် ဘယ်လို အရည်အချင်းတေနဲ့ ရှိနေမလဲ..⚜🕊Pick A Card...🔮




No1: ကိုယ်ကတော့ အသက်နဲနဲကြီးကြီး​ပီး ​ လူတေရဲ့အိမ်ခြံတွင်းမှာ စောင့်ရှောက်မှုပေးရတဲ့ နတ်တပါးအဖစ်ရှိနေမယ် အစိမ်းရောင်နဲ့ သစ်ပင်ပန်းမန်တေကိုအရမ်းမြတ်နိုးသူ သစ်ပင်ပန်းမန်တေရဲ့ အစောင့်အရှောက်အဖစ်လဲ ရှိနေတတ်တယ် ကိုယ်က ငွေကြေး၊လာဘ်လာဘတေတိုးပွားအောင် နဲ့ လူတေကိုအကာအကွယ်ပေးတဲ့အရည်အချင်းတေနဲ့ ဖစ်တည်နေတယ်ဒါမဲ့ကိုယ်က အမှားမခံတတ်ပု အ​ေပးအယူရှိမှအလုပ်လုပ်တယ် ကိုယ့်အတွက်အကျိုးမရှိတဲ့ကိစ်စ၊ အကျိုးမရမဲ့ကိစ်စတေကိုတော့ မကူညီတတ်ပု လူတေကိုလဲ ယုံကြည်တဲ့ထဲမပါပု သူတို့ဘက်ကအပေးရှိမှ ကိုယ့်ဘက်ကလဲ ပြန်ပေးတတ်တဲ့သဘောနဲ့နေတတ်တဲ့ နတ်သမီးလေးတစ်ပါး ဖစ်တတ်တယ်..


No2: ကိုယ်ကတော့အရှိန်အဝါကောင်းကောင်းနဲ့ လူတေအရမ်းကြည်ညိုပီးယုံကြည်အားကိုးရလောက်တဲ့ နတ်မင်းကြီးတစ်ပါးဖစ်တတ်တယ် ကိုယ်ကတော့ လူတေလိုတာမှန်သမျှကို တတ်နိူင်တဲ့ဘက်ကနေ ဖြည့်ဆည်းပေးတတ်တဲ့ အရမ်း လေးစားစရာကောင်းတဲ့ နတ်မင်းတစ်ပါးအဖစ်တည်ရှိတတ်တယ် စိတ်နေစိတ်ထားအရလဲ ကိုယ့်ကိုဦးစားပေးတာကိုကြိုက်နှစ်သက်ပီး ကိုယ့်ကိုယ်ဘဲယုံကြည်တဲ့သူတေကို အစွန်းတစ်ဖက်ထိကို အနွံတာခံပီးကူညီပေးတတ်တယ် ဘာအကျိုးမှမမျှော်ကိုးတတ်ပု ယုံကြည်မှုမရှိ ယုံသလိုမယူံသလိုလုပ်တဲ့သူတေကိုလဲ တတ်နိုင်သလောက် ကူညီပေးတတ်တယ် အငြိုးအတေးမရှိဘဲ လွတ်လပ်စွာဖြတ်သန်းနေတတ်တယ် ဒါမဲ့ကိုယ့်ကိုယ်ယုံကြည်ပီးအားကိုးတဲ့သူတေကိုတော့ အနွေးထွေးဆုံးအဖစ်ကြိုဆိုပီး ဖခင်လို အကောင်းအဆိုးလမ်းညွှန်ပေးတတ်တဲ့ နတ်မင်းတစ်ပါးအဖစ်တည်ရှိတတ်တယ်..


No3: ကိုယ်ကတော့ အချစ်ရေး၊လူမှုဆက်ဆံရေးတေမှာ အဓိက ကူညီပေးတတ်တဲ့ နတ်တစ်ပါးအဖစ်တည်ရှိတတ်တယ် အနာအရွအလှအပတေကြိုက်တာမို့ သိမ်သိမ်မွေ့မွေ့နဲ့ ယဥ်ကျေးတဲ့သူတေကိုအဓိကစောင့်ရှောက်ပေးတတ်တယ် ဘာလို့ဆို ကိုယ်တိုင်က အနုအရွလေးဖစ်တာမို့ ကိုယ်စောင့်ရှောက်တဲ့သူကလဲ ကိုယ်နဲ့ typeတူတဲ့သူ နုနုယွယွလေးတေ ယဥ်ယဥ်ကျေးကျေးသိမ်သိမ်မွေ့မွေ့လေးတေကိုရွေးပီး စောင့်ရှောက်တတ်တယ် ရိုင်းစိုင်းကြမ်းတမ်းတဲ့လူသားတေကိုတော့ဘေးပယ်ထားတတ်တယ် ကိုယ်စောင့်ရှောက်ပေးတဲ့သူတေကတော့ ဘုရားတရား၊ဘာသာတရားကိုင်းရှိုင်းတဲ့သူတေကိုဘဲ စောင့်ရှောက်တတ်တယ် အမြဲတမ်းရွေးချယ်စဥ်းစားနေတတ်ပီး အတွေးနယ်ပယ်မှာဗျာများနေတတ်တယ် ကိုယ့်ရဲ့ စည်းစနစ်အောက်ကလူတေကိုဘဲ ဦးစားပေးတတ်တဲ့ နတ်တစ်ပါးအဖစ်ရှိနေတတ်တယ်