Who miss me?

Who miss me?




Pile 1
ဘယ်သူက ကိုယ့်ကိုသတိရတာလဲဆိုရင်
ပြတ်သွားခဲ့တဲ့ရည်းစားဟောင်း ဒါမှမဟုတ်
အတိတ်မှာပက်သက်ခဲ့ဖူးတဲ့လူတွေထဲက တစ်စုံတစ်ယောက်ကကိုယ့်ကို
သတိရနေတာမျိုးမြင်ရတယ် သူတို့သတိရခြင်းဟာ
ကိုယ့်အတွက်ကောင်းတဲ့သတိရခြင်းလို့ပြောလို့ရတယ်
ကိုယ်သတိရစေချင်သလိုမျိုးသူတို့စိတ်က
သတိရနေတာမျိုးမြင်ရတယ် စိတ်ခံစားချက်တွေပါတဲ့
သတိရခြင်းမျိုးဆိုလည်းမမှားဖူး သူတို့ဘက်က
တစ်ခါတစ်လေမှာပြန်ပိုင်ဆိုင်ချင်လို့
သတိရတာမျိုးလည်းဖြစ်နိုင်သလို နောင်တရပီးတော့
ငါသူ့ကိုဘာလို့ဆုံးရှုံးသွားရတာလဲ ငါနဲ့သူနဲ့ဘာကြောင့်ပြတ်ဆဲသွားရတာလဲဆိုတဲ့စိတ်တွေနဲ့
သတိရတာမျိုးလည်းဖြစ်ကောင်းဖြစ်နေနိုင်တယ်
ကိုယ်နဲ့တူတဲ့တစ်စုံတစ်ယောက်ကိုတွေ့လိုက်လို့
ရှိရင်လည်းသူတို့စိတ်ထဲမှာသတိရသွားတတ်တယ်
ကိုယ့်ရဲ့အမူအရာတွေနဲ့တူတဲ့အ​ကြောင်းအရာတွေကို
တွေ့သွားလို့ရှိရင်လည်းသူတို့စိတ်ထဲမှာ
ကိုယ့်ကိုသတိရတာမျိုးဖြစ်သွားတတ်တယ်
ကိုယ်ကြိုက်တဲ့အစားအသောက်တွေကိုတစ်စုံတစ်ယောက်ကစားနေတာမြင်ရင်လည်း
ကိုယ့်ကိုတန်းပီးသတိရတာမျိုးတွေ
ကိုယ်နဲ့အမှတ်တရတွေရှိခဲ့တဲ့ အရာဝတ္တုတွေကို
ပြန်မြင်လိုက်တဲ့အခါမှာကိုယ့်ကိုသတိရသွားတဲ့ဟာမျိုးတွေကိုဖြစ်နေတဲ့ခံစားချက်မျိုးတွေအများကြီးကို ဒီလူရဲ့ဆီမှာခံစားရတာမျိုးပေါ့နော်


Pile 2
ကိုယ့်ကိုသတိရနေတာက ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေတစ်ယောက်ယောက်ဖြစ်နိုင်တယ် ကောင်းသောသတိရခြင်းမျိုးနဲ့သတိရတာမျိုးတော့မဟုတ် မနာလိုတဲ့သတိရခြင်းမျိုးနဲ့သတိရနေတတ်တာမျိုးပေါ့နော်
တစ်ခါတစ်လေဆိုရင်သူကဘာလို့ငါ့ထက်
အရာရာသာနေတာလဲ သူကဘာလို့ဒီအရာတွေကို
လုပ်နိုင်နေရတာလဲ သူ့အနားမှာကျတော့ဒါတွေရှိပီး
ငါ့အနားကျဘာလို့မရှိရတာလဲဆိုပီး အငုံစိတ်မျိုးနဲ့သတိရနေတာမျိုး ကိုယ့်အကြောင်းကိုတွေးနေတာမျိုး
ဖြစ်နိုင်တယ် သူတို့ရဲ့စိတ်ထဲမှာသတိရနေခြင်းက
ကိုယ့်အတွက်ကောင်းတဲ့သတိရခြင်းမျိုးတော့မဟုတ်ဖူး မနာလိုမှုတွေ တစ်ခါတစ်လေကျ ကိုယ့်ဆီက
လိုချင်တပ်မက်မှုတွေရှိလို့ ကိုယ့်ကိုတွေးပီး
သတိရနေတာမျိုးတွေဖြစ်နိုင်တယ်
ဒီစာလေးကိုဖတ်လိုက်မိတဲ့အချိန်မှာ ကိုယ့်ရဲ့အနားမှာဘယ်သူတွေရှိနေလဲဆိုတာ တစ်ချက်ပြန်စဥ်းစားကြည့်ပါ ပီးတော့ဒီလူတွေဟာစစ်မှန်ရဲ့လားဘယ်သူကများ
ငါ့အကြောင်းတွေးနေလဲ ဘယ်သူကငါ့အနားမှာရှိနေတဲ့အရာတွေကို လိုချင်တဲ့သူများဖြစ်နေမလဲဆိုတာကို
သတိထားပီးတော့ ကိုယ့်ရဲ့အရာအားလုံးကို
ဒီလူရဲ့ဆီကို မချပြမိဖို့သတိလေးထားပေးစေချင်ပါတယ်