ဘဝရဲ့အချိုးအကွေ့နဲ့ သင်ယူခဲ့ရတဲ့အရာများ

ဘဝရဲ့အချိုးအကွေ့နဲ့ သင်ယူခဲ့ရတဲ့အရာများ

 



1.. သင်ရဲ့ဘဝ အစပထမထဲက ဦးဆောင်သူသူများကိုအကြံပြုဦးဆောင်နိုင်သူကိုယ့်လမ်းကိုလျှောက်ရတဲ့ဦးဆောင်သူအဖြစ်စတင်ခဲ့တယ်မိဘတွေရှိရင်တောင် ငယ်ဘဝထဲက ရွေးခြယ်မှုတွေကိုကိုယ်တိုင်ပဲလုပ်ခဲ့ရတာများတယ်တိရစ္ဆာန်လေးတွေကို ချစ်တဲ့စိတ်ထက် သနားညှာတာတဲ့စိတ်များသူဖြစ်ပါတယ်ကလေးဘဝထဲက ကလေးပီပီ ကိုယ်ချင်းစာစိတ်အရမ်းများပြီး ကယ်တင်ခဲ့ဖူးတဲ့သတ္တဝါငယ်လေးတွေလည်းရှိခဲ့ဖူးတယ်

အခုအချိန်မှာ သင်ကအဖွဲ့အစည်းတစ်ခုရဲ့ leader တစ်ယောက် ဒါမှမဟုတ် အသင်းအဖွဲ့ထဲ စိတ်ကူးကောင်းကောင်းနဲ့ဦးဆောင်နိုင်သူတစ်ယောက်အဖြစ်ရပ်တည်နေရလိမ့်မယ်နေရာတစ်ခုရမနေရင်တောင် သင့်စကားက လူအုပ်ကြီးတစ်ခုလုံးကိုငြိမ်ကျသွားတဲ့အထိ ဆွဲဆောင်မှုကောင်းစေပါတယ် သင့်အကြံကိုလည်းသူများတွေကစိတ်ဝင်စားကြတယ်တကယ်အသုံးချဖို့ထက် သင့်ဦးနှောက်ဖောက်စားချငိသူတွေကိုလည်းကြုံရမှာပါ

ဘဝဦးတည်ချက်အနေနဲ့အခုအချိန်မှာ သင်ကနေရာတစ်ခုကိုရဖို့ ရုန်းကန်နေရပါတယ်ကြိုးစားနေတယ်ဆိုတာထက်ကို ပိုကြိုးစားနေရတယ်အပင်ပန်းခံနေရတယ် တစ်ခါတစ်လေဆို စိတ်ရောကိုယ်ပါ ပင်ပန်းလွန်းတဲ့ရက်တွေအရမ်းဆက်နေပါတယ် ‌လိုက်လေလေ လိုချင်တဲ့အရာကပြေးလေလေမို့ အခုရက်ပိုင်းအရမ်းကိုပင်ပန်းနေပါပြီ

ဒီအသက်အရွယ်အထိ သင်ယူခဲ့ရတဲ့အကြောင်းတွေက တစ်ခုလိုချင်ရင်တစ်ခုပေးဆပ်ရတယ်ဆိုတဲ့အကြောငိးတွေ၊ ငယ်ငယ်ကဘာမှမဟုတ်ဘူးလို့ထင်ခဲ့တဲ့အရာတွေကတကယ်ကျော်ဖြတ်ကြည့်တဲ့အခါ အကြီးအကျယ်ခေါင်းကိုက်စေပါလားဆိုတဲ့အတွေးတွေနဲ့ပြည့်နေပါလိမ့်မယ်


2..သင့်ရဲ့ငယ်ဘဝက လွယ်လွယ်ကူကူဖြတ်သန်းရတာမျိုးထက် နေရာတကာ စူးစမ်းနေရတာမျိုးပါ
ငယ်ဘဝအဆင်ပြေခဲ့သူလေးတွေက နေရာတကာစပ်စပ်စုစုနဲ့ တက်ကြွနေတတ်ကြသူလေးတွေပါ
သူများ ပြောတိုင်းမယုံတတ်ပဲ ကိုယ်တိုင်လည်းလုပ်ကြည့်မှစိတ်ထဲရှင်းပြီး မသွားနဲ့ဆို ရအောင်သွားတဲ့ ပြန်မပြောနားမထောင်လေးတွေပေါ့

အခုအချိန်မှာ လုပ်နေရတဲ့အရာတွေက သူများအသက် / ဘဝကိုကယ်တင်ပေးရတဲ့အလုပ်တွေပါ
အနည်းဆုံးတော့ အကြံပေးပြီးကယ်တင်ပေးနေရတဲ့ တရားဟောသူပေါက်စလေးတွေအများကြီးပါနေပါတယ် ကိုယ့်ကိုအားကိုးသူတွေက လမ်းပြပေးနေရတဲ့သူလေးတွေပါ

ဘဝမှာဦးတည်‌ေနတဲ့အရာတွေကဘာတွေပဲဘယ်လိုဖြစ်ပျက်နေပါစေ အကျိုးကြောင်းစပ်ဆက်မှုနဲ့ သက်သေတွေကအရေးကြီးတယ်ဆိုတာပါပဲ စပ်စုစိန်ဆိုတဲ့အတိုင်းပဲ ပြဿနာဖြစ်ရင် သက်သေနဲ့ဖြေရှင်းနည်းကိုအရင်ဆုံး ရှာတတ်သူလေးပေါ့
အခုအသက်အရွယ်အထိLife lesson အနေနဲ့
ကိုယ်ပိုင်အရည်အသွေး သင်ယူနိုင်စွမ်း လုပ်နိုင်စွမ်းနဲ့ ရှေ့ဆက်လျှောက်ရဲတဲ့သတ္တိကသာ ခွန်အားတစ်ခုဆိုတာကိုသင်ယူခဲ့ရပါတယ်

Relax လုပ်ရန်

တိရစ္ဆာန်လေးတွေနဲ့ပိုနီးကပ်စွာနေပါ
သူတို့ရဲ့ဘဝဖြတ်သန်းပုံကိုလေ့လာကြည့်ပါ
ရေကန် ရေအိုင်ငယ်လေးတွေနားမှာ ပျော်ရွှင်မှုကိုရှာတွေ့နိုငိပါတယ်