2024 က ကိုယ့်အတွက် ဘယ်လိုနှစ်မျိုး ဖြစ်မလဲ

2024 က ကိုယ့်အတွက် ဘယ်လိုနှစ်မျိုး ဖြစ်မလဲ



1.. စိတ်အတက်အကျတွေများရင်း ကုန်ဆုံးရမယ့် နှစ် ဖြစ်ပါတယ်။လုပ်ခဲ့မိတာတွေအတွက်ရော မလုပ်လိုက်မိတာတွေအတွက်ရော နောင်တရ ရတတ်တဲ့ နှစ်မျိုးဖြစ်လို့ ဆုံးဖြတ်ချက် ချတဲ့အခါ တစ်ခုခုကိုရွေးချယ်တဲ့အခါ သတိထားပေးပါ။သောကအပူလေးတွေလည်း များတတ်ပါတယ်။လူကြီးသူမတွေရဲ့ နာရေးသတင်းကြားရတတ်ပါတယ်။ငွေအစုလိုက်အပြုံလိုက်ဝင်ခြင်းများ ရှိနိုင်ပါတယ်။လက်ဆောင်ပစ္စည်းတွေမကြာခဏ ရရှိပါလိမ့်မယ်။လက်ထပ်ပေါင်းသင်းဖို့ရည်ရွယ်ထားသူရှိရင် ခမ်းနားတဲ့ မင်္ဂလာပွဲမျိုး 2024 မှာ ကိုယ့်အတွက် ရှိနေပါတယ်။

အလုပ်အကိုင်စီးပွါးရေး တိုးတက်မယ့်နှစ်တစ်နှစ်ပါ။ချီးမြှင့်ဂုဏ်ပြုခံရတာတွေလည်း ရှိတတ်ပါတယ်။ချစ်သူရည်းစားအသစ်ထားရင်တော့ မမြဲသေးပါဘူး။ခေါင်းမူးခေါင်းကိုက်တာမျိုး သွေးထွက်လောက်ရုံ ထိခိုက်ရှနာလေးတွေ ကြုံရတာမျိုး အဆိပ်ရှိသော အကောင် အကိုက်ခံရတာမျိုး ခွေးဆွဲခံရတာမျိုး ရှိတတ်ပါတယ်။
ယှဉ်ပြိုင်စရာတွေနဲ့ ပြည့်နေမယ့် နှစ်လည်းဖြစ်ပါတယ်။Relationship ရှိထားတဲ့လူတွေက ပြင်ပ obstacles လေးတွေနဲ့ Universe Tests တွေ ကြုံရဖို့ ရှိပါတယ်။

မိသားစုဝင်တွေ သူငယ်ချင်းတွေ အထက်လူကြီးတွေနဲ့ စကား အချေအတင် မကြာမကြာ ဖြစ်ရတတ်ပါတယ်။
အရေးကြီးဆုံးက self acceptance လုပ်ဖို့ပါ။သူတစ်ပါးအတွက်လည်း မျှဝေခံစားပေးဖို့ လိုပါတယ်။ရိုင်းပျတဲ့စကားတွေနဲ့ ခက်ထန်ကြမ်းတမ်းတဲ့စိတ်တွေကို အတတ်နိုင်ဆုံး ရှောင်ရမယ့် နှစ်ဖြစ်ပါတယ်။ရင့်ကျက်တဲ့လူမျိုးနဲ့ ချစ်သူဖြစ်တတ်ပါတယ်။စဉ်းစားတွေးခေါ်စွမ်းတွေလည်းအားကောင်းနေပါလိမ့်မယ်။IQ နဲ့ Feeling ကို မျှပြီး သုံးဖို့ လိုပါတယ်။ကိုယ့်ရဲ့ career ကို ရှာတွေ့မယ့် နှစ်လည်း ဖြစ်ပါတယ်။အတိတ်တွေ experience တွေကို အသုံးချတတ်သူတွေက ဒီနှစ်မှာ တက်လမ်းတွေအများကြီး ရှိပါတယ်။

Self Confidence နဲ့ ကိုယ့်ရဲ့ Desires တွေက ဒီနှစ်ရဲ့ Key ပါပဲ။Imagination တွေကိုလည်း သေချာဂရုစိုက်ရပါမယ်။Positive 70% လောက်ရှိတယ်လို့ ပြောလို့ရပါတယ်။Twinflame reunion ရှိပါမယ်။ကိုယ်တကယ်ချစ်ရသူနဲ့ Level up နိုင်တာမျိုးရှိပါတယ်။ကိုယ့်ရဲ့ Higher self နဲ့လည်း ချိတ်ဆက်နိုင်ပါလိမ့်မယ်။


2..ကောင်းခြင်းသုခတွေ ပိုများမယ့် နှစ်ဖြစ်ပါတယ်။သတင်းကောင်းတွေ မကြာခဏ ရောက်လာပါလိမ့်မယ်။
ဆွေမျိုးထဲမှာ ကလေးငယ် မွေးဖွားတာမျိုးရှိတတ်ပါတယ်။သွားချင်နေတဲ့နေရာကို ခရီးထွက်ရပါလိမ့်မယ်။
နိုင်ငံခြားထွက်မယ့်လူတွေ ဒီနှစ်တော့ သေချာပါပြီရှင်။မိသားစု စီးပွါးရေး တိုးတက်အဆင်ပြေပါလိမ့်မယ်။
တန်ဖိုးရှိသောပစ္စည်း လက်ဆောင်ရတတ်ပါတယ်။ကိုယ့်ထက်နိမ့်ပါးသူတွေကိုထောက်ပံ့ပေးနိုင်ပါမယ်။ဝင်ငွေကောင်းသော အလုပ် ရတတ်ပါတယ်။ကိုယ့်ရဲ့ Hidden Personality တွေပေါ်လာတတ်ပါတယ်။ကံစမ်းမဲ လောင်းကစား ထီ အကျိုးပေးတတ်ပါတယ်။လက်ဝတ်ရတနာ အဝင်ရှိတတ်ပါတယ်။

ရာထူးတိုး နေရာပြောင်းရှိတတ်ပါတယ်။ဖြေဆိုမယ့် စာမေးပွဲတွေ အောင်မြင်ပါလိမ့်မယ်။ပူပန်ကြောင့်ကြမှုကင်းသော နေ့ရက်တွေ များပါလိမ့်မယ်။လက်တွဲဖော်ကောင်းရှာတွေ့တတ်ပါတယ်။စိတ်သွားတိုင်း ကိုယ်ပါပြီး ကြံစည်တွေးတောထားသမျှ ကိုယ့်ရဲ့ Manifesting တွေ ပြည့်ဝလာနိုင်ပါတယ်။Moody ဖြစ်တတ်ခြင်းက ဒီနှစ်ရဲ့ အားနည်းချက်ပါပဲ။ကိုယ့်ကိုယ်ကို အများကြီး ပြောင်းလဲရမယ့်နှစ်ပါ။အပြုအမူအနေအထိုင်ကအစ စဉ်းစားတွေးခေါ်မှုတွေနဲ့ လူမှုဆက်ဆံရေးတွေအထိ သေချာစီစစ်ရပါမယ်။လျစ်လျူရှုတတ်ဖို့ အလိုအပ်ဆုံးပါပဲ။လူကြီးမိဘတွေရဲ့ ပုံစံခွက်ထဲကိုတော့ရောက်သွားတတ်ပါတယ်။

ကိုယ်တိုင်က Childish ဖြစ်နေရင်တော့ ဒီနှစ်က အရင်နှစ်တွေနဲ့ ထူးခြားမှာမဟုတ်ပါဘူး။ သတိထားပါ။
Manipulateလုပ်ခံရတာတွေလည်းရှိနိုင်လို့ငြင်းသင့်ရင်ငြင်းပါ။သူတစ်ပါးရဲ့ လှုံ့ဆော်မှုကြောင့် ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေ အတိမ်းအစောင်းများတတ်ပါတယ်။ရင်ဖွင့်တာမျိုး အကြံတောင်းတာမျိုး ရှောင်ပေးပါ။
အရက်သေစာနဲ့ မူးယစ်ဆေးကြောင့် ဆုတ်ယုတ်တတ်ပါတယ်။Relationship ရှိသူတွေက နှစ်ယောက်အတူ နားလည်မှု ယုံကြည်မှုတွေနဲ့ သေချာရှေ့ဆက်ဖို့လိုပါတယ်။ဆုံးဖြတ်ချက်တွေမချခင် အမှတ်တရတွေကိုပြန်တွေးပါ။အရွေးလွန်တဲ့လူတွေ အတွေးလွန်တဲ့လူတွေကတော့ လွှမ်းပိုင်ရဲ့ I’m so lonely ပါပဲ။ မထူးပါဘူး။
လိုတာမရ ရတာမလိုတွေ ဖြစ်နေပါလိမ့်မယ်။

အဲ့တာကြောင့် ရတာကိုပဲ ယူလိုက်ပြီး နောက်မှ လိုချင်တဲ့ပုံကို ဖယောင်းသွင်းလိုက်ဖို့ အကြံပေးပါတယ်။
အိမ်အပြောင်းအရွှေ့ရှိတတ်ပါတယ်။ဆေးရုံဆေးခန်း ၂ခေါက်လောက်ရောက်တတ်ပါတယ်။Engagement တွေ ကြုံရတတ်ပါတယ်။အကောင်းများတဲ့ နှစ်တစ်နှစ်ပါပဲ။