အမြဲတမ်း ဝယ်နေကြလေး ပစ္စည်းစုံလို့ဆိုပီး တစ်ခါဝယ် 3 4 5 သောင်းအထက်ဘဲ

အမြဲတမ်း ဝယ်နေကြလေး ပစ္စည်းစုံလို့ဆိုပီး တစ်ခါဝယ် 3 4 5 သောင်းအထက်ဘဲ


အမလေး နှစ်ဆန်းတစ်ရက်နေ့မာ ကျက်သရေတုံးချက်နော်အမြဲတမ်း ဝယ်နေကြလေး ပစ္စည်းစုံလို့ဆိုပီး တစ်ခါဝယ် 3 4 5 သောင်းအထက်ဘဲဒီနေ့ဖြစ်ပုံက ငွေရှင်းမို့ဘောင်ချာ ဆွဲနေတာ ခဲဖျက်က တစ်ခုဘဲ အဲ့တစ်ခုမပါဘူး ပြန်ဖယ်လိုက်မယ်လို့ပြောတာ ဘောင်ချာဆွဲပီးပီတဲ့ အဲ့တော့ကျမလဲ ဘောင်ချာဆွဲပီးလဲ ထုတ်မှမထုတ်သေးတာ အိမ်လဲမယူပြန်သေးဘူးလေ နုတ်လိုက်လေ မရဘူးလားဆိုတော့ ကျမကိုဘာမှပြန်မပြောဘဲ မျက်နှာမာနဲ့ ဘေးက ဝယ်သူတစ်ယောက်ရဲ့ပစ္စည်းလှမ်းယူပီးပေါင်ချာဆွဲပစ်တယ် ဒါမဲ့ကျမတို့ပေါင်ချာစာရွတ်မထုတ်ပေးသေးပါဘူး


ကျမလဲ ငွေလေး1500ထဲနဲ့မပြောချင်တော့လို့ အဓိပ္ပါယ်မရှိဘူး ဝယ်ပီးပစ္စည်းပြန်မလဲရတာ နားလည်တယ် ဒါမဲ့အခု ကျမတို့မဝယ်ရသေးဘူး ဆိုင်ပြင်ခြေတစ်လှမ်းတောင်မထွက်ရသေး ကောင်တာမာပြောနေတုန်းဘဲရှိတာကို မရဘူးဇွတ် မျက်နှာက သူ့လုပ်စာထိုင်စားတဲ့ရုပ်နဲ့လုပ်တာပါ အဲ့ဒါနဲ့ယူလ်ုက်ကွာ ပြောမနေနဲ့ ဆိုပီးပစ္စည်းယူထွက်လာမှအိမ်အမက ငွေရှင်းမို့ကျန်ခဲ့တယ် အဲ့ဒါမှ ပေါင်ချာစာရွတ်ကိုစက်ထဲက ထုတ်တာပါ အိမ်ကအမလဲ ပြောပြလ်ုက်တယ် အိုးရှင်းလိုဆိုင်ကြီးတောင် မယူဘူးဆို စာရင်းပြန်နုတ်ပေးတယ် ပြောတာကို ပုံပါ ကောင်တာကကောင်မလေးက မျက်စောင်းနဲ့ပြန်ကြည့်ပီးရန်လိုနေပါတယ်


ဆိုင်ကြီးလုပ်ပီး အဲ့လိုဝန်ဆောင်မှုပေးတာတော့လုံးဝ မကောင်းဘူးထင်တာဘဲ ကျမတို့ဘက်က ငွေ 1500နဲ့ဘာမှမဖြစ်ပေ မဲ့ ကောင်တာက ကောင်မလေးက ဝယ်သူအပေါ်အဲ့လိုလုပ်တာတော့ မကောင်းဘူးထင်ပါတယ်
အရင်ကဝယ်နေကြ စျေးရောင်းပေးတဲ့ကောင်းမလေးတွေများ အဆင်ပြေချက် လိုချင်တဲ့ပစ္စည်းဆိုလဲသေချာရှာပေး စိတ်ရှည်ချက် ကအဆင်ပြေလ်ု့ အမြဲအားပေးဖြစ်တာပါဒီနေ့လိုကောင်တာက ကောင်မလေး လုပ်ပုံက ဘာမှမပြေမဆိုနဲ့ သူ့ရဲ့လုပ်စာ ထိုင်စားတဲ့ရုပ်နဲ့လုပ်ပြတာတော့ ဘယ်လိုမှအဆင်မပြေဘူးနော်အဓိက ဝန်ဆောင်မှူဘဲ အဲ့လောက်မှဝန်ဆောင်မှူမကောင်းရင် နောက်နောင် ဘယ်တော့မှ မဝယ်ပါဘူး sorry ပါ
တာဝန်ရှိသူများ သိအောင်တင်ရခြင်းဖြစ်တယ် ဝန်ထမ်းများကို ပိုမို ကြီးကြပ်နိုင်ပါစေ


17.4.2024
7 နာရီ 30လောက်ကပါ
crd  Wutt Hmone Hnin