နောက် ( 3 ) လ အတွက် ကံကြမ္မာ ဟောကိန်း

နောက် ( 3 ) လ အတွက် ကံကြမ္မာ ဟောကိန်း




Pile1: လုပ်ငန်းများကောင်းမည် ယခုထက်ပို၍ ဂရုစိုက်လုပ်ကိုင်လျှင် အောင်မြင်မှု အကြီးအကျယ် ရနိုင်ပါသည်။-လုပ်ငန်းအတွေ့အကြုံများလေ အောင်မြင်လေ ဖြစ်မည်။
-သင့်လုပ်ရပ်ကို လူအများက ဂရုတစိုက်စောင့်ကြည့်နေကြသည်။
-သင်၏ ထိုးထွင်းဉာဏ်နှင့် တီထွင်ကြံဆမှုကို လေးစားနေကြသည်။
-ငွေကြေးများစွာ ဝင်မည်။
-အချစ်ရေးမှာ သာယာမည် အချစ်စစ် အချစ်မှန်ကို ရှာဖွေတွေ့ရှိတော့မည်။
-အချစ်ရေးတွင် နှလုံးသားထက် ဦးနှောက်ကို ပို၍ ဦးစားပေးသင့်သည်။
-အိမ်ထောင်ရေး သာယာမည် အိမ်ထောင်ရေး သုခကို အပြည့်အဝ ခံစားနေရချိန် ဖြစ်မည်။
-အိမ်ထောင်ဘက်နှင့် ကွဲကွာနေပါက ပြန်လည် သင့်မြတ်မည်။
-ကောင်းပါသည် သင့်ကိုကူညီမည့်သူ ပေါ်လာပါလိမ့်မည်။


Pile2: လုပ်ငန်းတွင် အခက်အခဲအားလုံးကို ဖြေရှင်းနိုင်ပြီး အောင်မြင်မှုများ ရနေမည်။
-အလုပ်ကိစ္စဖြင့် ခရီးထွက်လျှင် အကြီးအကျယ် အောင်မြင်မည်။
-ကို့ကိုယ်ကို ယုံကြည်စိတ်ချစွာ လုပ်ကိုင်ပါ သင်လုပ်သမျှ အောင်မြင်မည်။
-မမျှော်လင့်ပဲ သတင်းကောင်းများ ကြားရမည်။
-အချစ်ရေးတွင် ဆန်းပွင့်ချိန် ဖြစ်သည်။ သင့်ကို ချစ်နေသူမှာ နှစ်ဦးမက ရှိနေပါမည်။ သင့်ဘက်က စိတ်တိုင်းကျ ရွေးချယ်နိုင်သည့် အချိန်ဖြစ်ပါသည်။
-အိမ်ထောင်ရေး သာယာချောမွေ့မည်။ ငွေကြေးကိစ္စ၊ သားသမီး ကိစ္စ အားလုံး အဆင်ပြေပါမည်။
-ဘုရားဖူး ခရီးရှည်ထွက်လျှင် ပိုကောင်းပါသည်။
-အရေးကြီးကိစ္စများကို အလျှင်စလို မလုပ်ဆောင်ပါနှင့်။


Pile3: လုပ်ငန်းတွင် ပြတ်သားစွာ ဆုံးဖြတ်ချက်ချမည့် အခြေအနေရှိသည်။ ပုဂ္ဂိုလ်ရေးကို ဦးစားမပေးပဲ ဦးနှောက်ဖြင့် ဆင်ခြင်သုံးသတ်ပြီးမှ ဆုံးဖြတ်ပါ။
-စီးပွားရေး ကောင်းနေမည်။
-စိတ်ကူး စိတ်သန်းကောင်းများ ထွက်ပေါ်လာမည်။
-ပတ်ဝန်းကျင်ကို ဂရုမစိုက်ပါနှင့် သင့်စိတ်တိုင်းကျသာ လုပ်ဆောင်ပါ အောင်မြင်မည်။
-အချစ်ရေးတွင် ဝေးကွာနေသော ချစ်သူနှင့် ပြန်ဆုံဆည်းရမည်။
-ချစ်သူမရှိသေးပါက အချစ်စစ်နှင့် တွေ့မည် စိတ်ချမ်းသာရမည်။
-အိမ်ထောင်ရေး သာယာမည်။ နှစ်ဦးစလုံး နားလည်မှု အပြည့်အဝ ရှိနေချိန် ဖြစ်သည်။ အိမ်ထောင်ဘက်မှ အမွေရကိန်းရှိသည်။
-ကောင်းပါသည် အချိန်ကို အတိအကျ မချိန်းဆိုပါနှင့်။