နောက်ထပ် 4 နှစ်မှာဖြစ်လာမယ့် မင်းရဲ့ ပုံရိပ်

နောက်ထပ် 4 နှစ်မှာဖြစ်လာမယ့် မင်းရဲ့ ပုံရိပ်




Pile 1
အခုထက်ပိုပြီး တည်ငြိမ်​အေးချမ်း​နေမှာ​တော့ အ​သေချာပဲ။ဘ၀ရဲ့ အဓိပ္ပါယ်ကို​ကောင်း​ကောင်းသိလာမယ်။ ကိုယ့်ရဲ့ ​ကောင်းကွက်​လေး​တွေကပို​ပေါ်လွင်လာပြီး အများအလယ်မှာ တင့်တင့်တယ်တယ် ​တောက်ပလာနိုင်မယ်။

တချို့သူ​လေး​တွေအတွက် အိုးပိုင်အိမ်ပိုင်၊ကားပိုင်၊အိမ်သစ်၊ကားသစ်​တွေ ၀ယ်ဖြစ်တဲ့ အ​နေထားမျိုးတွေရှိလာဖို့မြင်တယ်။
For some, အိမ်​ထောင်ပြု၊လက်ထပ်ဖြစ်နိုင်တယ်။

စိတ်၏ကျန်းမာခြင်း၊ကိုယ်၏ကျန်းမာခြင်း​တွေ ခံစားရမယ်။လောဘ​၊​ဒေါသတွေ၊Negative energy ​တွေ ၊ပူ​လောင်ခြင်း​တွေ ကင်းရှင်းတဲ့ ပတ်၀န်းကျင်တစ်ခုမှာ အ​ခြေချဖြစ်နိုင်တယ်။
ကိုယ့်ကို ချစ်ခင်တဲ့သူ​တွေအနားမှာပဲ အတူတူရှိဖြစ်မယ်။

ကိုယ်အတုယူ​နေရတဲ့သူ​​တွေ၊သင်ယူ​နေရ၊ ​လေးစားအားကျရတဲ့သူ​တွေလိုမျိုး ကိုယ့်ရဲ့ အ​ခြေအ​နေအ​နေအထား​လေးဟာ တိုးတက်မြင့်မားလာမှာမို့
စိတ်​ကောင်း​စေတနာ​လေးထားရင်း မိမိလုပ်​ဆောင်ရမယ့် တာ၀န် ၀တ္တရား​လေး​တွေကို ဆက်ပြီး လုပ်သွားပါ​နော်။


Pile 2

​ပျော်ပွဲရွှင်ပွဲ​တွေမြင်တယ်။ တစ်ခုခုကြီးကြီးမားမား ​အောင်မြင်သွားတာ၊ အသိအမှတ်ပြုအရာတစ်ခုခု လက်ခံရရှိတာ၊ ပညာ​ရေးပြီး​မြောက်​အောင်မြင်တာ၊လုပ်ငန်း​အောင်ပွဲခံရတာ စသဖြင့် ​ပျော်စရာ​ကောင်းတဲ့ အခိုက်အတန့်ကြီးကြီးမားမား ကြုံရမယ်။

တချို့သူ​လေးတွေအတွက်က ​နောက်၄နှစ်ဆိုတဲ့အချိန်က တကယ်လုံး၀ကို အခုလက်ရှိထက် အဆ​ပေါင်းများစွာ ကွာခြားသွားလိမ့်မယ်။​
ဘ၀တစ်ဆစ်ချိုး​ ထူးထူးခြားခြားပြောင်းလဲမှုလို့​တောင်​ပြောလို့ရတယ်။ အထူးသဖြင့် 2024 မှာ အသက် 18,21,23,27,30,37,42 ဖြစ်လာမယ့်သူ​လေး​တွေအတွက်ဆို ပိုအား​ကောင်းတယ်။

​နောက်လာမယ့်၄နှစ်အတွင်းမှာ ကိုယ့်ဆီဖြစ်လာမယ့်အရာ​တွေက တကယ့်အမှတ်တရ​တွေဖြစ်လိမ့်မယ်။
ခရီး​တွေအများကြီးသွားဖြစ်မယ်။ သူငယ်ချင်း မိတ်​ဆွေသစ်​တွေ​ပေါများလာမယ်။
​ငွေ​ကြေးသုံးစွဲနိုင်တဲ့ ပမာဏက တိုးပွားလာမယ်။
ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပိုပြီး Energy ​ကောင်းလာမယ်။ကိုယ့်ရဲ့ မိသားစုနဲ့ ​ဘေးကလူ​တွေကို အကျိုးပြုနိုင်​နေမယ်။

ဝါသနာပါတဲ့ အလုပ်တစ်ခုခုကို ဒီကြားထဲမှာ မစွန့်လွှတ်ပဲဆက်ပြီး အ​ကောင်ထည်​ဖော်ဖို့ ကြိုးစားကြည့်မယ်ဆိုရင် အဲ့က​နေ တစ်ဖက်တစ်လမ်း၀င်​ငွေလမ်း​ကြောင်းတစ်ခု ဖြစ်လာ​နေလိမ့်မယ်။