ရှေ့ဆက်မင်းရဲ့ဘဝ နဲ့ Angel message

ရှေ့ဆက်မင်းရဲ့ဘဝ နဲ့ Angel message



1...
မင်းဟာအခုထက်ပိုပြီး စိတ်တည်ငြိမ်လာမယ် အကောင်းမြင်စိတ်တွေပိုရှိလာမယ် အရင်က မင်းဟာ အရမ်း စိတ်ကြီးတယ် ဒေါသကြီးတယ် တခါလေတစ်ကိုယ်ကောင်းဆန်ခဲ့တဲ့အခါမျိုးလည်း ရှိလိမ့်မယ် ရှေ့ဆက်မင်းရဲ့ဘဝမှာပိုအေးချမ်းလာမယ် စိတ်တည်ငြိမ်ရင့်ကျက်လာမယ်…


မင်းရဲ့ soul ဟာအရမ်းလှတယ် မင်းကို စောင့်ရှောက်တဲ့ Angel တွေရှိနေတယ် အမြဲကူညီတယ် သတိပေးတယ်
မင်းရဲ့ manifest တွေ success အမြန်ဖြစ်ဖို့တွက်ဆိုရင် မင်း တတ်နိုင်သလောက် လူတွေကိုကူညီပါ ကုသိုလ်လုပ်ပါ ရေလှူပါ မင်းဘဝလေးဟာ ရှေ့ဆက် ရေလေးလို အေးမျှလာပါလိမ့်မယ်…


မင်းရဲ့ နှလုံးသားရေး ပိုအဆင်ပြေချင်ရင် တဖက်လူပေါ် သံသယစိတ်တွေဖြစ်နေမိတာလေးတွေကို လျှော့ပါ နားလည်မှုရှိစွာနဲ့ ရှေ့ဆက်ပါ…


2..
.မင်းရဲ့ရှေ့ဆက်ဘဝမှာ ခရီးတွေထွက်နေရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမယ်… မင်းရဲ့ အိမ်မက်တွေ မကြာခင်မှာ ရောက်လာတော့မယ်… မင်းဟာ အရမ်းတော်တဲ့လူတစ်ယောက်ပါ… မင်းဖြစ်ချင်တာ လိုချင်တာကို ဇွဲရှိရှိနဲ့ ကြိုးစားပြီး ရအောင်ယူနိုင်တယ်…အရင်က အခြေနေအမျိုးမျ်ုးကြောင့် မင်းသွားချင်တဲ့ နေရာလေးတွေကို မသွားခဲ့ရဘူး လုပ်ချင်တာလဲ မလုပ်ခဲ့ရဘူး…မင်းခဏလောက်သည်းခံပြီး ဆက်ကြိုးစားလိုက်ပါ အခုချိန်ဟာမင်းတွက် rights time မဟုတ်သေးပေမဲ့ မင်းရှေ့ဆက်ဘဝမှာတော့ right time ဟာ ရောက်လာတော့မှာပါ…fighting


မင်းဟာ မင်ကိုယ့်စောင့်ရှောက်တဲ့ Angels တွေကို မေ့နေတယ် အသိမှတ်မပြုသလို မေ့နေသလိုနေမိတယ်…ဒါကြောင့်လည်း မင်းဘဝလေးက မင်းလိုချင်တာတစ်ခုရတာတစ်ခုဖြစ်နေတာလို့လည်းပြောလို့ရပါတယ်… မင်းရဲ့ Angels လေးတွေကိုစကားပြောပါ ဆုတောင်းကြည့်ပါ သူတို့မင်းကို ကူညီပေးပါိလိမ့်မယ်…


လောလောဆယ် မင်းနှလုံးသားရေးဟာ အေးစက်နေပုံရတယ် သူနဲ့မင်းနဲ့ တစ်နေရာဆီရှိနေကြမယ်…သူမင်းကို သတိရနေပါတယ် မင်းကိူတွေ့ရဖို့ သူစောင့်မျှော်နေရှာတယ်… မင်းဘက်ကတကယ်ချစ်ရင် ပိုကြိုးစားပါ သူနဲ့တွေ့ရဖို့ မင်းဘက်ကပိုကြိုးစားဖို့လိုလိမ့်မယ်နော်… မင်းလုပ်နိုင်ပါတယ်…


3...
မင်းရဲ့ရှေ့ဆက်ဘဝလေးအတွက် ကြိုပြီး ဂုဏ်ယူပါရစေ မင်းရဲ့ ကိုယ်ပိုင်အရည်ချင်း တကယ့် ကြိုးစားအားထုတ်မှုလေးတွေကြောင့် မင်းဟာ ရှေ့ဆက်ဘဝမှာ အေးချမ်းနေပြီ အလုပ်ကိုင် မှာလည်းအောင်မြင်နေပြီ နေရာကောင်းရနေပြီ မင်းနေချင်တဲ့ ဘဝလေးကို မင်းပိုင်ဆိုင်ရတော့မယ်… အခုတော့ မင်းစိတ်ရောကိုယ်ပါ ပင်ပန်းနေတယ်မလား မင်းအားတင်းပြီး ထက်ကြိုးစားပါဦးနော် မင်းလုပ်နိုင်ပါတယ် မင်းမှာ ကိုယ်ပိုင်အရည်ချင်းအပြည့်ဝရှိတယ်… မင်းဘဝဟာတစ်နေ့ ကြယ်လေးလိုလင်းလက်ရမှာပါ..


မင်းရဲ့ Angels တွေကမင်းကို စစ်မှန်တဲ့ပျော်ရွှင်အေးချမ်းမှုကိုပေးချင်ပါတယ် ဒါပေမဲ့ ဘယ်အရာမလို အပေးအယူရှိပါတယ် မင်းဟာ Angels တွေကို ယုံကြည်ပြီး မေတ္တာ ထားမှသာလျှင်သူတို့ကလည်း မင်းကို မေတ္တာထားမှာပါ…


မင်းရဲ့ နှလုံးသားရေးကတော့ လောလောဆယ်မှာ ချစ်ရတဲ့လူနဲ့ အဝေးမှာရှိနေရတယ်မလား… မင်းအားတင်းထားပါ… သူလည်းမင်းကို အရမ်းလွမ်းနေပါတယ်… နီးရတော့မဲ့အခြေနေကနေ ပြန်ဝေးသွားကြတာမျိုးတွေ့ရပါတယ်… ချစ်လျက်နဲ့ဝေးနေကြတဲ့ပုံစံလေးပေါ့…သူနဲ့အတူရှိရဖို့ဆိုရင် သူလည်းကြိုးစားဖို့လိုသလို သူ့ထက် မင်းဖက်က ပိုကြိုးစားဖို့လိုပါမယ်နော်…အနေဝေးလည်းသွေးမအေးသွားကြပါနဲ့… အမြဲဆုံးဆုံရပါမှာ…