"April " လအတွက် တစ်လစာ

"April " လအတွက် တစ်လစာ



Pile1လေးတွေကလအစထဲကအလှူအတန်းလေးတွေလုပ်ဖြစ်တာမျိုးကံကောင်းနေမဲ့ကာလလေးပါ လူမှုရေးမှာကိုယ်တိုင်ကမျက်နှာချိုတာစကားပြောပြေပြစ်တာလေးတွေကြောင့်လူချစ်လူခင်များတာမျိုး
ကြည့်မရတဲ့သူလေးတွေကပါကိုယ့်ကိုလက်ခံလာတာမျိုးအကောင်းမြင်လာတာမျိုးကြုံတက်ပါတယ် ချစ်သူရည်းစားရှိတဲ့သူလေးတွေတော့သတိထားပါ ချစ်ရသူကိုသစ္စာရှိဖို့လိုပါတယ် ချစ်သူရှိပါတယ်ပြောရင်တောင်တဖက်က သိပါရဲ့နဲ့ရှေ့တိုးတာလေးကြောင့် စိတ်အနှောက်အယှက်တော့ဖြစ်ရတက်ပါတယ် အေးစက်နေတဲ့ဆက်ဆံရေးလေးတွေပြန်လည်သက်ဝင်လာမဲ့လလေးဆိုလည်းမမှားပါဘူး ကိုယ့်ကိုအရိပ်တကြည့်ကြည့်နဲ့ချစ်ရသူမှသဝန်တိုတက်ပါသေးတယ် ငွေကြေးကံလေးကတော့သုံးသလောက်မပြတ်ပဲဝင်နေပါလိမ့်မယ် ကံကောင်းခြင်းတွေစုစည်းရာလလေးပါပဲ ကျန်းမာရေးလေးတော့တစ်ချက်သတိထားပါမျက်စိနဲ့ပတ်သတ်ပြီး ဥပါဒ်ဖြစ်တာမျိုး ဖျားနာတာမျိုးကြုံတက်ပါတယ်


p2...
အချစ်ရေးနဲ့ပတ်သတ်ပြီးစကားများတာမျိုး ကိုယ့်ကိုကိုယ်အလိုမကျမှုလေးတွေများနေတဲ့ကာလလေးပါရှင် ခွန်းကြီးခွန်းငယ်စကားများထားတဲ့သူလေးတွေတော့တစ်ပတ်အတွင်းပြန်အဆင်ပြေပါလိမ့်မယ် ကိုယ်တိုင်က
စိတ်လေနေတာမျိုးပုံမှန်ဘာသာရေးလုပ်နေတဲ့သူဆိုလည်းဘုရားတောင်မရှစ်ခိုးချင်တာမျိုးလေးတွေကြုံနေပါလိမ့်မယ် အခိုက်အတန့်ပါစိတ်ကလေးကိုကြည်ကြည်လင်လင်ထားပါ မကြာခင်တဖြည်းဖြည်းအဆင်ပြေလာပါလိမ့်မယ် ငွေကြေးနဲ့ပတ်သတ်ပြီးရစရာရှိတာလေးတွေကျန့်ကြာနေတက်ပါတယ် 2ပတ်လောက်အကြာမှငွေကြေးလေးလည်းပြန်လည်ပတ်လာပါလိမ့်မယ် ရပ်ဝေးကအဆက်အသွယ်ကောင်းလေးတွေကတစ်ဆင့်အကျိုးအမြတ်ရတက်ပါတယ် ကျန်းမာရေးလေးတော့ကိုယ်တိုင်ကစိတ်ထောင်းတော့ကိုယ်ကြေဆိုသလိုအိပ်မပျော်တာမျိုးအတွေးများတာမျိုးလေးတွေကြောင့်စိတ်မောလူမောဖြစ်နေတက်မဲ့ကာလလေးပါ


p3...
.အချစ်ရေးမှာ မာနကြောင့်စကားများရတက်ပါတယ် တစ်ချို့Connection တစ်ခုကနေ break upဖြစ်ပြီးမှ နှလုံးသားနဲ့ဦးနှောက်ကြားဗျာများတာမျိုး ကိုယ့်ဘက်ကထွက်လာပြီးမှတစ်ခါတစ်လေသတိရသလို တစ်ခါတစ်လေပုံရိပ်စစ်နဲ့ပုံရိပ်ယောင်ဝေခွဲမှုမှားယွင်းတာလေးတွေကြောင့်သောကကြုံရတက်ပါတယ်နှလုံးသားကပြောတဲ့စကားသံကိုသေချာနားထောင်ပါ ကိုယ့်ကိုသိပ်ချစ်တဲ့သူကိုဘာမဟုတ်တဲ့မာနကြောင့်အဆုံးရှုံးမခံပါနဲ့
လူမှုရေးမှာစကားနဲလေရန်စဲလေဆိုပြီးဘယ်သူနဲ့မှစကားမပြောချင်ပဲတစ်သီးတစ်သန့်နေလိုစိတ်များနေမဲ့လလေးပါပဲ အေးအေးဆေးဆေးနေပါလျှက်နဲ့သူများပြသနာကြား ကြားညှက်တက်ပါသေးတယ်ငွေကြေးကံလေးတော့ကောင်းနေတက်ပါတယ် ကျန်းမာရေးတော့ထွေထွေထူးထူးအညံ့မရှိပါဘူးရှင်