ပန်းလေးတွေကပြောမယ့် သင့်အကြောင်း

ပန်းလေးတွေကပြောမယ့် သင့်အကြောင်း




Pile1: ဘဝမှာ ပျော်ရွှင်စရာတွေရှိပေမယ့် တချို့သောအချိန်တွေမှာ လူမသိသူမသိ တယောက်တည်းကြိတ်ပြီး ခံစားရတဲ့အချိန်တွေဟာ မမေ့နိုင်စရာတွေပဲ။ ကိုယ့်အပေါ်နာကျင်မှုတွေပေးတတ်သူကိုမှ ဆုပ်ကိုင်ထားချင်တဲ့ မသိစိတ်ကလည်းအဖျက်ကြီးကြီးနော်။အတွင်းပိုင်း ဘယ်လောက်ပဲပြိုလဲနေပါစေ ရုပ်ပိုင်းဆိုင်ရာ မပျက်ရွင်းအောင်ထိန်းသိမ်းနေတတ်တာက မင်းရဲ့ပညာတခုလိုဖြစ်နေပြီ။စန်းပွင့်သလိုလိုနဲ့ စိတ်ရှုပ်စရာလေးတွေကလည်း ခဏခဏဖြစ်နေတတ်တယ်။ရှေ့ဆက်ဘဝမှာပျော်စရာတွေနဲ့တွေ့ရမှာပါ။ ပြုံးထား


Pile2:ကြိုးစားတယ်ဆိုတဲ့ခေါင်းစဥ်အောက်မှာ ရုန်းကန်နေရတာပင်ပန်းခဲ့ပြီမဟုတ်လား။အောင်မြင်လိုစိတ်များပေမယ့် တဇွတ်ထိုးဆန်တဲ့မင်းရဲ့လုပ်ရပ်တွေကဖျက်စီးပစ်နေမိတတ်တယ်။ စိတ်မြန်တာကိုထိန်းပါအုန်း။ ခံစားချက်ကလည်း မြန်လွန်းတယ်။ရှေ့လျှောက်မှာ အရာရာကို မျှမျှတတနဲ့ချိန်ညှိပြီးရှေ့ဆက်ပါ။ အောင်မြင်မယ်


Pile3:စိတ်မငြိမ်လာတာ ဘဝတလျှောက်လုံးပဲ။ အလုပ်တခုမပြီးသေးခင် နောက်တခုစချင်တဲ့စိတ်တွေက အမြဲလိုလိုထုံမွမ်းနေတယ်။ဒါတွေကြောင့်ပဲ ဗျာများစရာကိစ္စတွေကအထပ်ထပ်ပေါ်ပေါ်လာလိမ့်မယ်။စိတ်ကိုငြိမ်ငြိမ်ထား၊ကိုယ်လုပ်ရမယ့်အရာတွေကို ခေါင်းအေးအေးနဲ့တွေး၊ဆုံးဖြတ်ချက်ချပြီးရင် ဇွဲမလျော့တမ်းလုပ်ပါ။အပြောင်းအလဲသိပ်မမြန်ပါနဲ့။ ကြိုးစား