သင့်အတွက် တားရော့အဟော




Pile1:အအေးမိဖျားနာတတ်ပါတယ်။ သတိထားပါ။ရေချိုး ခေါင်းလျှော် ပိုဂရုစိုက်သင့်ပါတယ်။
ဒီရက်ပိုင်းတွေ လူကပျင်းပြီး အလုပ်တွေပိပါလိမ့်မယ်။
ငွေကြေးကလည်း လက်ထဲမမြဲပါဘူး။
အနားကလူတွေနဲ့ သဘောထားကွဲလွဲရတတ်ပါတယ်။
Mentally ရော physically ရော ကြေကွဲစရာပါပဲ။
လူရော စိတ်ရော တော်တော် ရုန်းကန်နေရတဲ့ပုံစံပါ။
ဒီအခြေအနေက နည်းနည်းကြာနိုင်ပါတယ်။
ကိုယ့်ကိုနွေးထွေးစေတဲ့ လူအနားမှာနေပါ။
တစ်ယောက်တည်းနေမှ အဆင်ပြေမယ်လို့ မထင်ပါနဲ့။
တချို့တွေအတွက် အချစ်ရေးအဆုံးသတ်တတ်ပါတယ်။
ခန္ဓာကိုယ်မှာ သွေးထွက်ဒဏ်ရာတစ်ခုခုရတတ်ပါတယ်။
ချစ်ရသူတွေနဲ့ အမုန်းပွါးရတတ်ပါတယ်။
ချစ်သူစုံတွဲနေမှာ မာနပြိုင်လို့ မကောင်းပါဘူး။
သူငယ်ချင်းတွေဆိုရင်တော့ ငြိမ်းချမ်းရေးယူသင့်ပါတယ်။
ကိုယ့်တစ်ဖက်တည်းကိုပဲ ခံစားနေတတ်တဲ့ အကျင့်ဟာ 2024 မှာ ပါမလာသင့်တဲ့ အကျင့်တစ်ခုပါ။
ဒါလေးကိုလည်း ပြင်ဖို့လိုအပ်နေပါတယ်။
မူးဝေ အကြောတက် စိတ်မကြည် ဖြစ်တတ်ပါတယ်။
ရက်ပိုင်းပဲ သည်းခံပေးပါ။
သိပ်မကြာခင် ငွေကြေးကံလည်း ကောင်းပါလိမ့်မယ်။
ကိုယ့်ကိုယ်လည်း self control ပြန်လုပ်နိုင်လိမ့်မယ်။
တချို့တွေအတွက် အချစ်ရေးမှာ လူသစ်ရှိလာတတ်ပါတယ်။
လူလွတ်တွေဆိုရင်တော့ ပိုသေချာပါတယ်။
စိတ်သဘောထားဖြောင့်မတ်ခြင်းက ကံကောင်းခြင်းပါပဲ


Pile2:Life experiences တွေ ရနေတဲ့အချိန်မျိုးပါ။
တချို့တွေအတွက်တော့ ပြင်းထန်နေတတ်ပါတယ်။
ပျော်စရာတော့ သိပ်မရှိပါဘူး။
မသေချင်သေးလို့သာ ရှင်နေရတာမျိုးအထိဖြစ်တတ်တယ်။
ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ရပါမယ်။
ဒါတွေပြီးရင် ကောင်းတာတွေဆက်တိုက်လာမှာမို့ပါ။
အိမ်တွင်းရေးအပူတွေလည်း ရှိလာတတ်ပါတယ်။
တစ်ခုခုကို လွှတ်ချဖို့လိုနေတာတွေ့ပါတယ်။
အတ္တလား မာနလား မဟုတ်ရင် ဒေါသလား။
တစ်ခုခုကို လွှတ်ချမှ အဆင်ပြေပါလိမ့်မယ်။
အိပ်ယာထချိန်တွေမှာ ပိုပင်ပန်းတတ်ပါတယ်။
စိတ်တွေနွမ်းလျနေတာထက် အလိုမကျမှုတွေများနေတာပါ။
ကိုယ့်ရဲ့ မရင့်ကျက်မှုတွေက အခုမှပြန်ပေါ်လာနေပါတယ်။
ဒါလည်း universe tests တွေပါပဲ။
ကိုယ်ကအရင်လိုပဲဆိုရင်တော့ ဘာမှပြောင်းလဲမှာမဟုတ်ပါ။
ကိုယ့်ရဲ့ intentionတွေက သိပ်အရေးကြီးပါတယ်။
Childish ဖြစ်တဲ့ အမူအကျင့်တွေကို ဖျောက်ပါ။
ကိုယ့်ရဲ့ energy တွေကောင်းဖို့ မြတ်နိုးရတာတွေကိုလုပ်ပါ။
ကိုယ်ချစ်ရတဲ့လူတွေနဲ့ အချိန်ဖြုန်းပါ။
ခရီးထွက်နိုင်ရင်ထွက်ပါ။
ပူပန်ခြင်းတွေများနေမယ့်အတူတူ ခနအနားယူလိုက်ပါ။
သိပ်မကြာခင် energy တွေကောင်းတော့မှာပါ။


Pile3:စိတ်အတက်အကျတွေ မြန်နေလိမ့််မယ်။
မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတောင် ခံစားချက်တူမှာ မဟုတ်ဘူး။
ပျော်ရွှင်မှုတွေကို လိုချင်နေပေမယ့် ကိုယ်တိုင်ကပဲ
စိတ်မချမ်းသာစရာတွေကို ဆွဲငင်နေမိတာမျိုးဖြစ်တတ်ပါတယ်။
တစ်ခုခုကို လက်လျှော့ချင်နေပါလိမ့်မယ်။
လွတ်မြောက်ချင်သလို ခံစားရပါလိမ့်မယ်။
emotional instability ကို အဓိကကြုံနေရတာကြောင့် schedule တွေ Daily life responsibilities တွေဟာ ကိုယ့်အတွက် ပိုခက်ခဲနေမှာ အသေချာပါပဲ။ တစ်ခုတည်းမှာ အခက်အခဲဖြစ်နေတာမဟုတ်ဘဲ love financial social အားလုံးမှာ ပင်ပန်းနေရတာကို တွေ့ပါတယ်။
ကိုယ်ကြိုးစားနေသလောက် အရာမထင်တဲ့အချိန်တွေပါ။
အချစ်ရေးမှာလည်း နားလည်မှုတွေလွဲရလိမ့်မယ်။
Stress eating တွေရှိတတ်ပါတယ်။
ကိုယ့်ရဲ့ spiritual protection တွေ ပျောက်ကွယ်နေပါတယ်။
အမှားမခံတဲ့ ကာလဖြစ်တာကြောင့် အရာရာကို သတိထားနေထိုင် ပြောဆိုမှ အဆင်ပြေပါလိမ့်မယ်။
ဒေါသထွက်လွယ်ပြီး ဘယ်အရာကိုမှ စိတ်ရှည်မှာမဟုတ်ဘူး။
အတိတ်ကလို ကိစ္စတချို့ ပြန်ဖြစ်နေတာတွေ့ပါတယ်။
စိတ်ဓာတ်မကျဘဲ တောင့်ခံပေးပါ။
နောက်ထပ် ၁၀ရက်ကျော်လောက်ကြာရင် ကိုယ့်ရဲ့ ability တွေ ပြန်ပြည့်ဝလာတော့မှာပါ။ မွန်းကြပ်ပင်ပန်းနေတဲ့ စိတ်တွေ အတွေးတွေ အားလုံး ကင်းရှင်းပြီး အရင်ကထက် တောက်ပတဲ့ ပုံစံမျိုး ရရှိပါလိမ့်မယ်။ အမျိုးသမီးတစ်ယောက်စီက သို့မဟုတ် အကြီးအကဲတစ်ယောက်စီက ချီးမြှင့်ခြင်း အသိအမှတ်ပြုခြင်း ခံရပါလိမ့်မယ်။ ကိုယ်ယုံကြည်တဲ့အရာတွေလည်း လက်တွေ့ဖြစ်လာပါလိမ့်မယ်။

Comments