ယူသွားသင့်တာ နဲ့ စွန့်လွှတ်သင့်တဲ့ အရာတွေ

ယူသွားသင့်တာ နဲ့ စွန့်လွှတ်သင့်တဲ့ အရာတွေ



Pile 1
အားနာတတ်တဲ့ စိတ်တွေကို စွန့်လွှတ်ရမယ်။ တချို့အရာတွေမှာ မင်းအပေါ် မကောင်းတာသိရက်နဲ့ သည်းခံပေးနေရတာကို ထားခဲ့လိုက်ပါ။ သည်းခံတယ်ဆိုတာလည်း အတိုင်းအတာတစ်ခုရှိတယ်။ မင်းကိုယ်တိုင်လည်း သေချာဆုံးဖြတ်ပါ။ မင်းဘေးမှာ မနာလိုသူတစ်ချို့က မင်းကိုဆွဲချချင်တာမျိုး ရှိတတ်တယ်။

ယူသွားရမဲ့အရာတွေကတော့ အတွေးအခေါ်အသစ် ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း အသစ်တွေ ပတ်ဝန်းကျင် အသစ်ရောက်လည်း ကိုယ်ကဘယ်လို handle လုပ်မလဲဆိုတဲ့ သတ္တိပဲလိုပါမယ်ဗျ။


Pile 2
ကိုယ့်ဘဝထဲမှာ စွန့်လွှတ်ရမဲ့သူ ဖြတ်ချထားခဲ့ရတော့မဲ့ သူတွေ ရှိတတ်တယ်။ အဓိက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ကို အများဆုံး ချုပ်ကိုင်ပြီး negative ဘက်ရောက်အောင်ပို့တဲ့ သူမျိုးတွေလည်း ပါတယ်။ အဲ့သူကြောင့် ကိုယ်က နာကျင် ဝမ်းနည်းမှုတွေ ရှိတတ်တယ်။ အဲ့သူနဲ့ ပတ်သက်လို့ စွန့်လွှတ်ရမယ်။

ယူသွားရမဲ့ အရာကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုပဲဖြစ်တယ်။ အခုချိန်မှာ မင်းအနေနဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးနေတယ်။ စိတ်ဓာတ်တွေကျနေတယ်။ ပြင်ဆင်ချိန်တွေရှိပါသေးတယ်။ ဘာမှမလုပ်ရသေးဘဲ ကိုယ့်ကိုကိုယ်နောက်ရောက်နေပြီ မတွေးပါနဲ့။ အဓိက ကိုယ့်ရဲ့ ကြိုးစားမှုတွေ ပိုပြီး လိုအပ်နေတာပါ။