ပဲခူးမြို ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲဈေးအတွင်း လူ ၂၉ ဦး ခွေးရူး အကိုက်ခံရ

ပဲခူးမြို ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲဈေးအတွင်း လူ ၂၉ ဦး ခွေးရူး အကိုက်ခံရ


ပဲခူးမြိုရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဘုရားပွဲ ဈေးအတွင်း ဧပြီ ၂၇ ရက်၊ ညပိုင်းက လူ (၂၉) ဦး ခွေးရူးအကိုက်ခံခဲ့ရကြောင်း ပဲခူးမြိုခံ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲများထံမှ သိရသည်။

ဘုရားပွဲဈေးအတွင်းသို အမွေး အညိုရောင် နှင့် ရွံဗွက်များ ပေနေသော ခွေးရူးတစ်ကောင် ရောက်ရှိလာပြီး၊ ပွဲဈေးသို လာရောက်ကြသူများနှင့် ဈေးသည်များအား လိုက်လံကိုက်ခဲ ခဲ့ပြီးနောက် ထွက်ပြေးသွားသည်ဟု သိရကြောင်း လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခွေးရူးအကိုက်ခံရတဲ့သူတွေက ကျား (၁၆) ဦး၊ မ (၁၃) ဦး၊ စုစုပေါင်း (၂၉) ဦးပါ။ အရွယ်တွေကတော့ အစုံပါဘဲ။ အသက် (၁၂) နှစ်ကနေ၊ အသက် (၇၀) နှစ်ဝန်းကျင်အထိပါတယ်။ အားလုံးလိုလိုက ပဲခူးမြိုပေါ်ကဘဲလို သိရတယ်။ ခွေးရူး အကိုက်ခံရသူတွေကို ပဲခူးမြိုပြည်သူ့ဆေးရုံကြီးကို ပိုဆောင်ပေးခဲ့ကြပါတယ်” ဟု ပြောကြားသည်။ crd##