လိုချင်တဲ့အရာတစ်ခုရနိုင်မလား

လိုချင်တဲ့အရာတစ်ခုရနိုင်မလား




Pile1:မင်းလိုချင်တဲ့အရာက မင်းအတွက်အရမ်းကြီးမားတဲ့အရာမဟုတ်ရင်တော့ 1monthအတွင်းမှာပဲရနိုင်ပါတယ် ။မင်းလက်လှမ်းမီနိုင်တဲ့အရာတစ်ခုဆိုရင်ပေါ့ ။နောက် မင်းလိုချင်တဲ့အရာက ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တာ ၊အရာဝတ္ထုတစ်ခုခုဆိုရင် ပိုပြီးရနိုင်ပါတယ် ။ဒီ pileကိုရွေးထားသူတချို့ မကြာခင်အချိန်မှာပဲ အချစ်ရေးနဲ့ပတ်သက်ပြီး ထူးခြားမှုလေးတွေရရှိခံစားရနိုင်တယ် ။ချစ်သူရှိသူများ ချစ်သူဆီကလက်ဆောင်လေးတွေလည်း ရောက်ရှိတတ်ပါတယ် ။မင်းလိုချင်တဲ့အရာကိုလည်း လက်ဆောင်အနေနဲ့ရတတ်ပါတယ် ။


Pile2:မင်းလိုချင်တဲ့အရာက ငွေကြေး ၊အရာဝတ္ထုပစ္စည်းတစ်ခုခုဆိုရင် 1month ဝန်းကျင်လောက်မှာရနိုင်ပါတယ် ။ရည်မှန်းချက်တွေ ၊အိပ်မက်တွေဆိုရင်တော့ 1လထက်ပိုကြာနိုင်တယ် ။နောက် မင်းဖက်ကလည်း အဲ့ဒီအရာကိုရဖို့ ကြိုးစားရလိမ့်မယ် ။ကံအားဖြင့် 70%လောက်ကို ထောက်ပံ့ပေးနေမှာဖြစ်ပြီး ကျန်တဲ့အပိုင်းကတော့ မင်းရဲ့ကြိုးစားအားထုတ်မှုအပေါ်မှာမူတည်ပါလိမ့်မယ် ။ဒီpileကိုရွေးချယ်ထားသူတွေအနေနဲ့ ငွေများများဝင်တာ ငွေစုဆောင်းနိုင်တာတွေ ရှိပါမယ် ။