ဒီနှစ်အတွင်း ကိုယ့်ရဲ့ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်မလား...




Pile1: ဒီနှစ်အတွင်း ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်မယ့် အခြေအနေရှိပါတယ် ၊ eg: နိုင်ငံခြားသွားဖို့၊ အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့ ၊ local ထဲမှာပဲ လုပ်ရမယ့် ကိစ္စတွေရှိရင်လဲ လက်တွေ့ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ် ၊ ကို့အတွက် အဖက်ဖက်က အကူအညီများစွာ ရရှိတတ်ပြီး ကြိုးစားမှု အရာထင်တတ်ပါတယ် ၊ carrier လမ်းကြောင်းမှာ အစပိုင်း အနှောင့်အယှက် အခက်အခဲလေးတွေရှိတတ်ပေမယ့် နောက်ပိုင်း နောက်ပိုင်းတွေမှာ ကိုယ်စိုက်ခဲ့တဲ့အပင်ရဲ့ အသီးအပွင့်ကို ခံစားရတတ်ပါတယ် ၊ အဲ့တော့ ဒီ pile ရွေးသူရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ 65%အထိ ရှိပါတယ်ဗျ..


Pile2: စိတ်မလောပဲ step by step သွားမယ်ဆိုရင် ကို့ရဲ့ ရည်မှန်းချက်တွေ ဒီနှစ်အတွင်း အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်၊ ဒီpile ရွေးသူတွေက မြန်မြန်ဖြစ်ချင်စိတ်များတတ်ပြီး မနိုင်ဝန် ထမ်းတာမျိုး၊ အခုလုပ် အခုဖြစ်ချင်တဲ့စိတ်တွေကြောင့် ကျရှုံးတာမျိုး ဖြစ်သင့်သ လောက်မဖြစ်တာမျိုးတွေ ခံစားရတတ်ပါတယ် ၊ ဒါကြောင့် စိတ်မလောပဲအေးဆေးstep by step သွားမယ်ဆိုရင် ဒီနှစ်အတွင်း ကို့ရဲ့ ရည်မှန်းချက်တွေ ဖြစ်ထွန်းနိုင်ပါတယ် ၊ စိတ်မလောဖို့နဲ့ စိတ်အေး အေးထားဖို့ပဲ အကြံပေးပါရစေဗျ..


Pile3: ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ အနည်းငယ် နှောင့်နှေး ကြန့်ကြာမှုတွေ ရှိတတ်ပါတယ် ၊ ရည်မှန်းချက်အတွက် ကြိုးစားရင်း အခက်အခဲ၊ အနှောက်အယှက်ကြုံတာမျိုးတွေကြောငိ့ ကိုဖြစ်ချင်တဲ့အချိန်ထက် နောက်ကျမှ အကောင်အထည်ဖော်ရတတ်ပါတယ်၊ ဒီနှစ်အတွင်း ကို့ရဲ့ရည်မှန်းချက်ကို အပြည့်အဝအကောင်အထည် ဖော် ခွင့်မရသေးပဲ အနည်းငယ် အစပျိုးခွင့်သာ ရှိတတ်ပါတယ်ဗျ..

Comments