သင့်အတွက် တန်ခူးလလေးမှာ ဘာထူးခြားမလဲ

သင့်အတွက် တန်ခူးလလေးမှာ ဘာထူးခြားမလဲ






Pile1:
ဒီလပိုင်းလေးကတော့ မင်းအတွက်ထူးထူးခြားခြား ခံစားချက်အသစ်ကလေးတွေ ဖြစ်ပေါ်နေမှာပါ ။ခရီးတွေသွားရတာ ၊နေရာဒေသအသစ်တစ်ခုဆီကို အမှတ်မထင်ရောက်ဖြစ်တာတွေလည်း ရှိပါမယ် ။အထူးသဖြင့်ကတော့ မင်းရဲ့စိတ်ကလေး တွေးခေါ်ပုံတွေ ၊အယူအဆတွေကအစ ပြောင်းလဲလာတာကို မင်းကိုယ်တိုင်သိရှိခံစားရပါလိမ့်မယ် ။တချို့ လုပ်ငန်းတွေတိုးချဲ့ဖြစ်တာ ၊‌ဝင်ငွေလမ်းကြောင်းအသစ်တွေပေါ်ပေါက်တာတွေရှိမယ် ။ Manifest လုပ်ထားတာတွေရှိရင်လည်း ဒီလထဲမှာရတတ်ပါတယ် ။ပေါ့ပေါ့ပါးပါးနဲ့ အေးအေးဆေးဆေးကလေးဖြတ်သန်းရမယ့်ကာလပါပဲ ။


Pile2:
ဒီလထဲမှာ အနည်းငယ်တော့ပင်ပန်းနိုင်ပါတယ် ။ဒီpileကိုရွေးထားတဲ့သူ‌အများစုက တစ်ခုခုနဲ့ပတ်သက်ပြီးအားစိုက်ထုတ်နေတာကိုတွေ့ရတယ် ။စီးပွားရေး ၊ပညာရေး ဒါမှမဟုတ်ငွေကြေး ဒါတွေနဲ့ပတ်သက်ပြီး target တွေရှိနေမယ် ။ဒီအတွက်လည်း အလုပ်တွေများနေမှာပါပဲ ။အချိန်ပေးပြီး လုပ်ဆောင်ရတဲ့အရာတွေများနေမှာပါ ။ဒီကြိုးစားအားထုတ်မှုတွေရဲ့နောက်မှာ ရလဒ်ကောင်းတွေရရှိဖို့လည်း အသေအချာပါပဲ ။ဒီလထဲမှာ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက်ကြိုးစားလိုက်တာနဲ့ အကောင်းမွန်ဆုံးအခြေအနေတွေကို ရရှိခံစားရနိုင်ပါလိမ့်မယ် ။


Pile3:
ဒီလလေးကတော့ အေးအေးဆေးဆေးလေးဖြတ်သန်းရမှာပါ ။ကိုယ်တိုင်ကလည်း အေးချမ်းစွာပဲနေချင်နေမှာဖြစ်တာကြောင့် တစ်ယောက်တည်းနေဖြစ်တဲ့အချိန်ကများပါလိမ့်မယ် ။တစ်ခုခုဆို သည်းခံခြင်းတွေ ၊မေတ္တာတွေထားပြီး အေးဆေးနေဖြစ်နေမှာပါ ။မင်းကိုယ်တိုင်က လူတွေအပေါ်မေတ္တာတရားနဲ့ဆက်ဆံဖြစ်မယ့်ကာလလေးဖြစ်သလို မင်းအပေါ်မေတ္တာထားမယ့်သူတွေလည်း ရှိလာပါမယ် ။လိုအပ်ရင်ကူညီမယ့်သူလည်း အဆင်သင့်ရှိနေမှာပါ ။ဒါ့အပြင် မင်းအနေနဲ့ ဒီလထဲမှာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ energy တွေရှိနေမှာပါ ။လုပ်ငန်းပိုင်းဆိုင်ရာတွေနဲ့ အနည်းငယ်ပင်ပန်းမှာဆိုပေမယ့် မင်းကတော့ကြည်ကြည်လင်လင်ပါပဲ ။နီးနီးနားနားအပန်းဖြေခရီးလေးတွေလည်း သွားဖြစ်ပါလိမ့်မယ် ။ချစ်ခင်ရသူများထံမှ လက်ဆောင်လေးတွေနဲ့ လိုချင်တဲ့အရာလေးတွေလည်းရရှိတတ်ပါတယ် ။