ကိုယ်က ခံစားချက်ကို​ရှေ့တန်းတင်တက်သူလား

ကိုယ်က ခံစားချက်ကို​ရှေ့တန်းတင်တက်သူလား

 



Pile. 1 
ကိုယ်တိုင်ကခံစားချက် ကိုကောင်းကောင်းထိန်းချုပ်နိုင်ပုံမပေါ်ဘူး ။ တစ်ခါတရံအတွေးလွန်တက်သူတစ်ယောက်လည်းဖြစ်ပြီး စိတ်ထဲမှာတင်မေးခွန်းမြောက်များစွာထုပ်တက်သူ'ရှိနေတက်သူတစ်ယောက်ပါ ။ ကိုယ်နဲ့မကိုက်ညီတဲ့သေးအဖွဲလေးကအစ စိတ်စပ်တက်သူ ဒေါသထွက်တက်သူလည်းဖြစ်နေတက်တာကြောင့် ခံစားချက်ကိုဦးစားပေးရင် မဖြစ်သင့်တဲ့အရာလေးတွေဖြစ်လာနိုင်တယ် ။ တစ်ခါတရံကိစ္စတစ်ခုအပေါ် လက်တွေ့နဲ့အတွေးရောထွေးနေလေ့ရှိပြီး စိတ်ဖိစီးစရာတွေများနေလေ့ရှိတက်ကျတယ် ။ စိတ်ထဲ ခံစားချက်များနေတာမျိုးထပ် လက်တွေ့ဘဝရဲ့ ကိုယ်ဖြစ်ချင်တဲ့အရာတွေအပေါ်မှာသာ အာရုံစိုက်သင့်တဲ့သူမျိုးလေးဖြစ်တာကြောင့်​ ဖြစ်ချင်တာထပ်ဖြစ်သင့်တာလေးတွေသာ ဦးစားပေးလုပ်ဆောင်ရင်း ဘဝကိုပေါ့ပါစွာပဲဖျက်သန်းပါနော် ။

Pile. 2 
ကိုယ်က ကိုယ့်ရဲ့ခံစားချက်ကိုရှေ့တန်းတင်ရတာမနှစ်သပ်သူပါ ။ ကိုယ့်ရဲ့ဖြစ်တည်မှု တိုင်းကိုသိပ်ချပြလေ့မရှိသူလည်းဖြစ်တာကြောင့်ထိန်းချုပ်မှု ပိုင်းမှာတော့ဆရာတစ်ဆူလို့ပြောရပါမယ် ။ မည်သူကမှ ကိုယ့်ရဲ့ခံစားချက်တိုင်းကို သေခြာမသိနိုင်တာကြောင့် ဖုံးကွယ်မူ့ပိုင်းမှာ အတော်ပိရိသူတစ်ယောက်လည်းဖြစ်တယ် ။ သူငယ်ချင်းမိတ်ဆွေတွေအတွက်တော့ အားကိုးရာအဖော်ကောင်းတစ်ယောက် အဖြစ်ရှိနိုင်ပြီး နူပ်လုံသူ ပါးစပ်စည်ကမ်းရှိသူအဖြစ်တွေ့ရတယ် ။ တစ်ဖက်ရဲ့ခံစားချက်ကို ဦးစားပေးတက်သူဖြစ်တာကြောင့်လဲ တစ်ခါတစ်ရံ ကိုယ့်ရဲ့အတွေးအာရုံစိုက်မူ့ကို လျစ်လျူရှုခံရတက်သူလည်းဖြစ်တယ် ။ သို့ပင်မဲ့ နည်းနည်းပြော များများနားထောင်ဆိုတဲ့အတိုင်း ပတ်ဝန်းကျင်ရဲ့စကားတိုင်းအပေါ်က သင်ခန်းစာရယူမူအားကောင်းနေသူဖြစ်တာကြောင့် ဘဝမှာ လိုတာထပ်ပိုရင့်ကျက်နေပြီးသားသူလေးလည်းဖြစ်ပါတယ် ။


Pile. 3 
ကိုယ့်က ကိုယ့်ရဲ့ခံစားချက်ကိုထိန်းချုပ်နိုင်သူလည်းဖြစ်သလို ချပြတက်တဲ့သူမျိုးလည်းဖြစ်တယ် ။ အဓိကနဲ့သာမညခွဲခြားတက်သူလို့ပြောရအောင် လူကဲခက်တော်သူမို့ ထိန်ချန်သင့်တဲ့နေရာထိမ်ချန်မယ် ထုပ်ပြသင့်တဲ့အရာထုပ်ချပြလိုက်မယ့်သူမျိုးပါ ။ ပြောတတ်ဆိုတတ်လေးမလို့ ကိုယ့်ရဲ့စကားခံစားချက်တွေက တစ်ဖက်သူ့အပေါ်နစ်နာသွားစေတာထပ် နားဝင်အောင်အစချီတက်သူလည်းဖြစ်ပါတယ် ။ ဘဝတစ်လျှောက်လုံးမှာလည်း ဖြစ်ချင်တာထပ်ဖြစ်သင့်တာကိုပဲ ပိုဦးစားပေးခဲ့ရတာများတဲ့သူမျိုးလည်းဖြစ်ပြန်တယ် ။ စိတ်ခံစားချက်ကို ဦးစားပေးမယ်ဆိုပြီး ဖြစ်ချင်ခဲ့တာမျိုးတွေ ရှိခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ မိသားစု သို့မဟုတ် တစ်ပါးသူတွေအပေါ် ငဲ့လိုက်ရတဲ့အရာတွေရှိတာကြောင့် ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်တက်လာခဲ့တယ် ။ သို့သော် တအားစိတ်တွေပင်ပန်းလာချိန်မှာတော့ ဖြစ်ချင်တာသာဖြစ်ပါစေတော့ကွာဆိုပြီးတော့လည်း စိတ်အလိုကို လိုက်တတ်ပြန်ပါသေးတယ် ။ မင်းရဲ့အခုလို မျှမျှတတ ပုံစံလေးကပဲ ကျင်လည်ခဲ့တဲ့ဘဝရေးရာနဲ့ ပတ်ဝန်းကျင်ပိုင်းတွေမှာ ကိုယ်နဲ့ပိုသဟဇာတ​ ဖြစ်နေစေတာမျိုးပါ ။