မင်းရဲ့ အကျင့်ဆိုး




Pile 1 〛
Relationshipနဲ့ ပက်သက်ရင် ကိုယ့်အတွက် မကောင်းတာတွေကိုမှ ခုံမင်တတ်ပါတယ်။ ကိုယ့်ရဲ့ Partnerကို အရမ်းမှီတွယ်တတ်တယ်။ ကိုယ်တိုင်က controlling ဖြစ်ရင်ဖြစ် မဖြစ်ရင် တစ်ဖက်က ဆိုးသမျှ Toxic ဆန်သမျှကိုလိုက်လျောပေးတတ်တယ်။ ကိုယ့်ကို မလိုချင်တဲ့သူတွေအတွက် အရမ်း အပင်ပန်းခံပေးတယ်။ ပြီးရင်တွေဝေတတ်တယ်။ တစ်ခါတစ်‌လေ အပြောင်းအလဲတွေကို တင်းခံနေတတ်ပါတယ်။ comfort zoneထဲက ထွက်ရခက်တာမျိုးလည်းရှိတတ်တယ်။ နောက်တစ်ခုက အချိန်ဆွဲတတ်တယ်။ တစ်ချို့ကိစ္စရပ်တွေမှာ ဦးနှောက်ကိုအသုံးပြုပြီးဆုံးဖြတ်တတ်အောင် လုပ်ပါတဲ့။


〚 Pile 2 〛

Trauma တွေ စိတ်ဒဏ်ရာတွေ ကိုယ့်ရဲ့ Dark sideတွေကို ignore လုပ်တတ်တာပါ။ ခံစားရသမျှကိုအောင်းထားပြီး အဲ့ခံစားချက်တွေကို ရင်ဆိုင်တွေ့ဖို့ ရှောင်နေတတ်တယ်။ နည်းနည်းလေး ငွေပေါ် အားကိုးတဲ့စိတ်ရှိနိုင်တယ်။ ကိုယ်က သူမျအမြင်မှာ Prefect ဖြစ်ချင်လွန်းတာလဲရှိတယ်။ အတိတ်ကို မှီလွန်းတယ်။ Material တွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်လုပ်တယ်။ ခဏတာပျော်ရွှင်မှုနောက်တွေကို လိုက်နေမိပြီး ကိုယ်စိတ်ကိုယ် သေချာတည်ငြိမ်အောင်လုပ်ဖို့ တုံ့ဆိုင်းနေတတ်ပါတယ်။ ကိုယ့်အားနည်းချက်ကို လက်မခံချင်တာမျိုးလေးတွေလည်းတွေ့တယ်။ တစ်ချို့ဆို ဒီစာကိုတောင် လက်မခံချင်ဘူးတွေးနေပုံပါပဲ။


Pile 3 〛

ဘာမဆို သူများရဲ့ ထိပ်မှာနေရမှာ ကျေနပ်တယ်ခံစားရတဲ့သူတွေပါ။ ကိုယ်ကသာအတော်ဆုံးဖြစ်နေမှကျေနပ်တယ်။ ကိုယ်ကသာ သူများကို ဦးဆောင်နေရမှာ ကျေနပ်တယ်။ သေးသေးတင်မခံတဲ့သူတွေပေါ့။ ဒေါသကြီးရင်ကြီး မဟုတ်ရင်လည်း ဒေါသထွက်လွယ်တတ်တယ်။ ဒီလူတွေက အားမနာတတ်ပုံပါပဲ။ အလျော့ပေးတယ်ဆိုတာမျိုးကို သိပ်မကျင့်ကြံကြတာမျိုးပေါ့။ မာန်ကြီးတယ်။ တော်သလောက်လည်း လူ့ဂွစာဖြစ်နေရတဲ့လူတွေဖြစ်နိုင်ပါတယ်။ လူအာရုံစိုက်တာကြိုက်တယ်။ အမြှောက်ကြိုက်တယ်။


〚 Pile 4 〛

အတွေးများလွန်းတာပါ။ ကိစ္စတစ်ခုနဲ့ကြုံရပြီဆိုတာနဲ့ အတွေးများလွန်းတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းနည်းကြတယ်။ အဆိုးဘက်အတွေးတွေ ပိုများနေတတ်တယ်။ သူများအမြင်မှာ ပျော့တိပျော့ဖတ်ဆန်လွန်းတာမျိုးလည်းရှိနိုင်ပါတယ်။ အရမ်းအောက်ကျို့ခံလွန်းတာကြောင့် ကိုယ့်ရှိသင့်တဲ့ Boundary တွေ မထားနိုင်တာမျိူးရှိတယ်။ နောက်တစ်ခုက သူများအတွက် လုပ်ပေးတာလွန်ပြီး ကိုယ့်အတွက်ပါ မလုံလောက်ဖြစ်တတ်တာမျိုးပေါ့။ ဒီလူတွေက ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေသလိုပါပဲ။ Self-esteem လေးတွေမြင့်နိုင်ဖို့ကြိုးစားသင့်ပါတယ်။

Comments