တစ်ဖက်လူသူငယ်ချင်းတွေ မင်းအကြောင်းဘာတွေပြောကြလဲ

တစ်ဖက်လူသူငယ်ချင်းတွေ မင်းအကြောင်းဘာတွေပြောကြလဲ



1..သူ့သူငယ်ချင်းတေက ကိုယ်နဲ့သူတွဲတာကိုသိပ်မနာလိုတတ်ကြပု။ကိုယ်ကအေးချမ်းတယ် ပီးတော့သူတို့မရလောက်တဲ့အားကျရလောက်တဲ့သူဖစ်တယ်လို့သူတို့တွေးတယ်။သူတို့မင်းအကြောင်းပြောတာက မင်းကအေးချမ်းတယ် positive vibesလေး မင်းလိုလူမျိုးတွေ့ချင်ကြတယ် ရချင်ကြတယ်။မင်းကိုထိလို့လဲမရဘူးမင်းကိုနာကျင်အောင်လုပ်တဲ့သူတိုင်းပြန်နာကျင်ရတယ်လို့ မြင်ကြတယ်။
မင်းနဲ့သူတို့သူငယ်ချင်းကအရမ်းချစ်ကြမယ် soul mateတွေလိုဘဲတဲ့။
ပီးတော့မင်းတို့နှစ်ယောက်ကပြတ်ဖို့ခက်မယ်လို့သူတို့ပြောကြတယ် ။
တစ်ယောက်ပေါ်တစ်ယောက်ချစ်ကြလို့။.


2..မင်းက ထက်မြတ်ပီး ဉာဏ်ကောင်းတဲ့သူ လူအများအားကိုးချင်စရာကောင်းတဲ့သူလို့ဆိုကြတယ်။
သူ့သူငယ်ချင်းတေကြားမင်းကိုအားကျကြတယ် ။
မင်းကဦးဆောင်နိုင်တယ် ယောက်ျားဆန်တယ် ရင့်ကျက်ပီး သန်မာတယ်လို့သူတို့ဆိုကြတယ်။
မင်းနဲ့သူတို့ရဲ့သူငယ်ချင်းကလိုက်ဖက်တယ်။
မင်းကိုရတာသူတို့သူငယ်ချင်းကံကောင်းတယ်ပေါ့။
မင်းကတာဝန်ယူမှုတာဝန်ခံမှုလဲရှိသလို ​ဖေးမကူညီပေးချင်စိတ်လဲရှိတယ်လို့မြင်ကြတယ်။...


3..သူ့ရဲ့သူငယ်ချင်းတေကဆိုကြတယ် မင်းကဘောစိဘဲ။
အလုပ်လုပ်တာလဲတော်တယ် ငွေရှာတာလဲတော်တယ်။
ထက်မြတ်တယ် smartကျတယ် fashionကျတယ်။
ပီးတော့ ပြတ်သားတယ် စိတ်ဆတ်တယ် သွေးအေးတယ်လို့လဲဆိုကြတယ်။
မင်းကလူတိုင်းလိုချင်စရာကောင်းလောက်တဲ့သူဘဲတဲ့။
မင်းကိုအားကိုးချင်ကြတယ်။
မင်းနဲ့သူတို့သူငယ်ချင်းကြားကဆက်ဆံရေးကတော့ သိပ်မကောင်းပုလို့ထင်မြင်နေကြတယ်