သင်နဲ့အနီးကပ်ဆုံးအစောင့်အရှောက်

သင်နဲ့အနီးကပ်ဆုံးအစောင့်အရှောက်



1.. ဒေါသကြီးတယ်။အမျက်ထွက်လွယ်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်။ကိုယ့်ကိုလာထိတဲ့လူတွေဆို အငြိမ်မနေရတော့တာ ကိုယ်တိုင်မျက်မြင်တွေ့ဖူးရင်တွေ့ဖူးပါလိမ့်မယ်။သူ့ကိုလာထိရင်လည်းမကြိုက်သလို သူစောင့်ရှောက်တဲ့သူကို ထိရင်လည်း ပြာအတိဖြစ်စေပါတယ်။သားသမီးသဖွယ်တမျိုး သူငယ်ချင်းသဖွယ်တမျိုး သူကအနီးကပ်စောင့်ရှောက်ပေးနေပါတယ်။ဘာသာရေးပိုလုပ်ပါ။


2..တည်ငြိမ်တယ်၊တန်ခိုးသိပ်ကြီးတယ်။ဆုပေး ဒဏ်ပေးစနစ်ကိုသုံးတတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်။
ပေးစရာရှိတာပေးတယ်။စည်းကမ်းဖောက်ရင်လည်းမလွယ်ဘူးမှတ်။မိဘသဖွယ်ကြည့်ရှု့စောင့်ရှောက်တယ်။ဘဝရေးရာဖက်မှာ ငွေကြေးရေးရာတွေမှာ စိတ်မနောပေးပြီးလမ်းပြတယ်။စိတ်ထင့်နေရင် အဲ့အလုပ်ကို ပြန်သုံးသပ်။ရှေ့လျှောက်လည်းသူကအနီးကပ်စောင့်ရှောက်မှာမို့ ဘာသာရေးများများလုပ်ပေးပါ။


3..ပီယအရာနဲ့လာဘအရာမှာ အပွင့်အလန်းကိုအထူးပေးနိုင်တဲ့ပုဂ္ဂိုလ်မျိုးကစောင့်ရှောက်နေတယ်။တကယ်လို့များ သင်ဟာ သင်နဲ့မသင့်တော်တဲ့လူကိုရွေးချယ်မိပြီဆိုရင် သူကနည်းအမျိုးမျိုးနဲ့ နိမိတ်ပြတယ်။မရတဲ့အဆုံးဆို သူတို့ကိုယ်တိုင် ဖယ်ရှားပစ်တယ်။သင့်တော်သူကိုလည်းသူကိုယ်တိုင်က တွေ့ဆုံပေးပါလိမ့်မယ်။အပူသောကကင်းအောင်လည်းသူအတတ်နိုင်ဆုံးအနီးကပ်စောင့်ရှောက်ပေးပါတယ်။ဘာသာရေးများများလုပ်ပါ။