အလုပ်မှာ ရာထူးတိုးမှာလား

အလုပ်မှာ ရာထူးတိုးမှာလား




Pile1:အလုပ်ထဲမှာ ဖိစီးမှုတွေများနေတာတွေ့ရပါတယ်။ ကိုယ့်ဘဝအတွက် တက်လမ်းသိပ်မရှိဘဲ ပိတ်မိနေတာမျိုးလေးတွေလဲ တွေ့ရပါတယ်။အကြံပေးချင်တာကတော့ ကိုယ့်ရဲ့ social skills ကိုမြှင့်တင်ပါ။ ကိုယ့်ဘဝတက်လမ်းအတွက် လိုအပ်တဲ့ skills တွေ အတွေ့အကြုံတွေကို ကိုယ်တိုင်ရှာဖွေဖြည့်ဆည်းနေပါ။ အခွင့်အရေးဟ အခုလုပ်နေတဲ့ အလုပ်ထဲကမဟုတ်ပဲ အခြားနေရာက ရှာဖွေတွေရှိမယ်လို့တွေ့ရပါတယ်။


Pile2: အခုအချိန်က ကိုယ့်ကိုယ်ကို စိန်ခေါ်ရမယ့်အချိန်ပါ။ ကိုယ့်ဆီလာနေတဲ့ စိန်ခေါ်မှုတွေက အခွင့်အလမ်းတွေအဖြစ်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အရည်အချင်းပြည့်မှီအောင်ဖြည့်ထားပါ။ ကောင်းမွန်တဲ့ ကံတရားတွေရရှိလာတော့မှာပါ။ ပိုမိုမြင့်မားတဲ့ နေရာတခုကို ရရှိတော့မှာ မလို့ပါပဲ။


Pile3: သင့်အနေနဲ့ လက်ရှိအလုပ်က အခုမှ အသစ်ရလာတာ ဒါမှမဟုတ် ပရောဂျက်အသစ်ဖြစ်ဖြစ် တခုခု အသစ်အဆန်း ကိုယ်သိပ်မကျွမ်းကျင်တဲ့ အပိုင်းကို လုပ်ရမယ်လို့တွေပါတယ်။ တခုခုကို မှားမှာကြောက်တဲ့စိတ်နဲ့ အလုပ်လုပ်ရင် ပိုပြီးအမှားတွေ့တတ်တာကို သတိပြုပါ။ အလုပ်မှာ အခြားသူတွေရဲ့ စည်းရုံးတာတွေ ဘေးစကားတွေ အရမ်းတားမယောင်ပဲ ကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပါ။ အခွင့်အရေးဆိုတာ အခက်အခဲရဲ့နောက်မှာ တွဲပါလာမှာပါ။