မင်းကို သူ လုံးဝ ပြောပြမှာမဟုတ်တဲ့ အမှန်တရား

မင်းကို သူ လုံးဝ ပြောပြမှာမဟုတ်တဲ့ အမှန်တရား




Pile1:မင်းနဲ့သူနဲ့ကြား ပြဿနာလေးတွေဖြစ်ခဲ့တာရှိတယ်၊ သူ့ဘက်က မင်းအပေါ်မကောင်း လုပ်မိခဲ့တာတွေလည်း ရှိတယ်၊
မင်းလိုချင်တဲ့အရာ၊ မင်းနဲ့ထိုက်တန်တဲ့အရာတွေကို သူ့ဘက်က မပေးနိုင်ခဲ့ဘူး၊ အဲ့ဒါကြောင့်လည်း သူ့အနေနဲ့ စိတ်ထဲမကောင်းဖြစ်ရပါတယ်တဲ့၊

မင်းက သူ့ထက်ထိုက်တန်တဲ့သူနဲ့ တွေ့လိမ့်မယ်လို့ သူတွေးနေပြီးတော့ အခု သူ့ကိုယ်သူ Healing လုပ်နေပါတယ်တဲ့၊

ဒါပေမယ့် မင်းအကြောင်းတွေ စဉ်းစားမိနေ​ပြီး အရင်လိုအခြေအနေမျိုးလေး ပြန်ရောက်ချင်တဲ့စိတ်မျိုးလည်း သူ့အတွေးထဲမှာ ရှိနေပါတယ်။


Pile2: သူ့အနေနဲ့ မင်းအပေါ် လိမ်ညာခဲ့မိတာတွေအတွက် နောင်တရနေတယ်၊ နှစ်ယောက်သားဝေးကွာနေတဲ့ အတောအတွင်းမှာ သူ့ဘက်ကလည်း ခံစားရပါတယ်တဲ့။

အခုလတ်တလောအတွင်းမှာ သူ့ကိုယ်သူတောင် ပျောက်ဆုံးနေသလိုမျိုး စိတ်ထဲမှာ ဗလာဖြစ်နေပြီး သူဖြစ်နေတာကို ဘယ်လို ထုတ်ဖော်ပြောပြရမှန်းလည်း မသိသေးပါဘူးတဲ့။

မင်းကို ဆက်သွယ်ဖို့ကြောက်ရွံ့နေတာမျိုးရှိပေမယ့် နောက်တစ်ကြိမ် ပြန်အဆင်ပြေခဲ့ရင် မင်းအတွက် Better person တစ်ယောက် ဖြစ်လာအောင်လုပ်မယ်လို့လည်း တွေးနေပါတယ်။


Pile3: မင်းနဲ့ သူနဲ့က ခွဲခွါရမယ့် သူတွေ၊ မဖြစ်နိုင်တဲ့သူတွေလို့ သူ့စိတ်ထဲမှာ သတ်မှတ်ထားပါတယ်။
သူ မင်းကိုချစ်နေတယ်ဆိုပေမယ့်လည်း နှစ်ယောက်သား အချင်းချင်းလက်လွှတ်လိုက်သင့်တယ်လို့ တွေးနေပါတယ်။

မင်းရောသူရော နှစ်ယောက်လုံးက “သူက မင်းအတွက်မဟုတ်ဘူး” ဆိုတာကို သိနေပြီးသားဖြစ်မှာပါလို့လည်း သူကထင်ပါတယ်။

မင်း သူ့ကိုမထားခဲ့ခင်မှာ သူက မင်းကိုအရင်စွန့်လွှတ်ခဲ့ဖို့ များပြီး အဲဒီ့ အတွက်လည်း မင်းအနေနဲ့ တစ်နေ့တော့ ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ သူကမျှော်လင့်နေပါတယ်။