၄လပိုင်းမှာဘာတွေထားခဲ့ဖို့လိုမလည်း

၄လပိုင်းမှာဘာတွေထားခဲ့ဖို့လိုမလည်း



p1...
၄လပိုင်းမှာမင်းထားခဲ့ရမယ့်အရာတွေက အတွေးကိုချောင်ပိတ်တွေးတတ်တဲ့မင်းအကျင့်ပဲ။လှစ်ခနဲရှိမကောင်းတာကို အရင်တွေးတတ်တာကိုထားခဲ့။အကောင်းတွေနဲ့ပဲရှေ့ဆက်ရမယ်ကလေး။မင်း Type က လွပ်လပ်မှုကိုနှစ်သက်ပြီး အမြဲပျော်ရွှင်ရတာကိုပဲကြိုက်တဲ့လူမျိုးလေ။ခရီးသွားရတာကိုလည်းသဘောကျတယ်ဟုတ်?။ မင်းစိတ်ကိုလွပ်လွပ်လပ်လပ်နဲ့ထားသင့်တယ်နော်။အကောင်းတွေကိုပဲအစွန်းမရောက်ပဲယူဆောင်ဖို့အချိန်တန်ပြီ။


p2..
၄လပိုင်းမှာမင်းထားခဲ့ရမယ့်အရာက တခုခုဆို အရင်လက်လျော့ချင်တတ်တဲ့စိတ်ပဲ။အခက်အခဲလေးမတွေ့လိုက်နဲ့ တွေ့လိုက်ပြီဆိုတာနဲ့ လက်လျော့ချင်သွားတာမျိုးတွေ ထားခဲ့လိုက်တော့ကလေး။မင်းရဲ့ ပင်ကိုယ်စိတ်က ဒီလိုမဟုတ်ဘူးလေ မာကျောပြီးသန်မာတဲ့ ပင်ကိုယ်စိတ်ရှိတယ်။ဒါကိုမင်းကိုယ်တိုင်လည်းသိတယ်။ဘာလို့လက်လျော့ချင်တဲ့စိတ်တွေ ခနခနဝင်လည်းဆိုတာကိုလည်း မင်းကိုယ်မင်းတောင် နားမလည်ဘူးမဟုတ်လား?။ဆတ်ဆတ်ထိမခံစိတ်တွေလည်းထားခဲ့တော့။ကိုယ့်အတွက်ကိုယ်တည့်တည့်မတ်မတ်ကြိုးစားလျှောက်လှမ်းဖို့အချိန်ရောက်ပြီ။


p3...
၄လပိုင်းမင်းကသိပ်အတွေးလွန်တတ်တာပဲနော်။အားနေ လျှောက်တွေးနေတော့တာပဲ။
နှစ်ဟောင်းမှာ ထားခဲ့ရမယ့်အရာတွေ ပြောပြမယ်။အတ္တလေးတချို့ရယ်။"ငါ" စွဲရယ် မင်းထားခဲ့။ဘူးဆို ဖရုံမသီး၊ ၁ ဆို ၂မဖြစ်တဲ့ တသတ်မှတ်စိတ်ကြီးတွေလည်းလျော့ကလေး။အရာရာကို မျှတအောင်နေထိုင်ရမယ်။အတွေးတွေလည်းတအားမလွန်နဲ့။အဆိုးတွေလည်းတအားမတွေးနဲ့။မင်းကစိတ်ကူးယဥ်ဆန်တယ်။စိတ်ကူးယဥ်ရရင်ကိုလွင့်နေတော့တာပဲ။အကောင်းဆုံးတွေးတောပြီး ဆင်ခြင်တုံတရားတွေအများကြီးထားရမယ်အချိန်ရောက်ပြီ။