ပိုကြည့်ကောင်းလာအောင် ဘာတွေလုပ်ရမလဲ




Pile - 1.

မင်းကတော့ နဂိုကတည်းက ကိုယ့်ကိုယ်ကို self confident ရှိပြီးသားလူတစ်ယောက်ပဲ ။ မင်းအနေနဲ့ ပိုကြည့်ကောင်းအောင် အရင်ဆုံး မင်းရဲ့ ဝတ်ပုံစားပုံကို ပြင်ဆင်ရလိမ့်မယ် ။ မင်းရဲ့အခုလက်ရှိဝတ်ပုံစားပုံက မင်းကို ပိုပြီးကြည့်ရဆိုးစေတယ် ။ အင်ကျီ size ကြီးတာတွေ အရမ်းကြီးမဝတ်နဲ့ ကိုယ်နဲ့ fit ဖြစ်တာလေးတွေကို သေချာရွေးချယ်ဝတ်ပါ ။ နောက်ပြီး မင်းရဲ့ ဆံပင်စတိုင် ၊ color လေးတွေကို လည်း ချိန်းကြည့်ပါ ။ များများပြုံးပါ ။ ပိုပြီးကြည့်ကောင်းလာလိမ့်မယ်နော် ။ ဘာမှမလိမ်းပဲလည်း မနေပါနဲ့ ပြင်ပြင်ဆင်ဆင်သပ်သပ်ရပ်ရပ်နေပါ ။ skincare ကောင်းတာလေးတွေနဲ့ ရေမွှေး‌ရနံ့‌ကောင်းတာကိုလည်း သုံးပေးဖို့လိုပါမယ်နော် ။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် မိတ်ကပ်ကိုသေချာလိမ်းတက်ဖို့ သင်ယူပါနော်


Pile - 2
.
.

မင်းကတော့ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ပက်သက်ပြီး insecure ဖြစ်တက်တဲ့ထဲမှာပါတယ် ။ ပိုပြီးကြည့်ကောင်းဖို့အတွက်ဆိုရင် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် self confident ရှိအောင် ကြိုးစားနေဖို့ပြောချင်တယ် ။ ပတ်ဝန်းကျင်က လူတွေရဲ့အသားမဲတယ် ၊ ဝတယ် ၊ ပိန်တယ် စသဖြင့် အထင်အမြင်တွေကို ဂရုမစိုက်နေပါနဲ့ ။
လူတစ်ကိုယ် အလှတစ်မျိုးစီရှိကြတာပါပဲ ။ အထူးသဖြင့် မင်းရဲ့ မျက်နှာကို ဂရုစိုက်ရမယ် ။ မင်းရဲ့ မျက်နှာအပေါ် ကိုတွေ့ကရာမလိမ်းနဲ့ ဘာမှမလိမ်းပဲလည်းမနေပါနဲ့ ။
ကိုယ့်နဲ့သင့်တော်ပြီး အဆင်ပြေတာလေးတွေသုံး‌ပေးပါ ။ နောက်ပြီး မင်းရဲ့အသားရည်ကို ထိန်းသိမ်းဖို့လိုမယ် sunscreen နဲ့ lotion ကောင်းတာလေးတွေ ဝယ်သုံးပါ ။ ကိုယ့်လှဖို့အတွက် ကပ်စီးမကုပ်ပါနဲ့နော် ။ မင်းက vintage fashion လေးတွေနဲ့ ပိုလိုက်ပါတယ်

Comments